2K Display နဲ့ 120 Hz ပါလာမယ့် Xiaomi Mix Fold 2

Xiaomi အနေနဲ့ Fold လောကထဲကို Mix Fold နဲ့မနှစ်ကစတင်ပြီး ဝင်လာခဲ့ပါတယ်။ ဒီနှစ်မှာတော့ Mix Fold 2 နဲ့တဖန်ပြန်ပွဲထွက်လာပါတော့မယ်။ ဒါပေမယ့် ဘာတွေပါမယ်၊ ဘယ်လို အသစ်အဆန်းတွေပါလာမယ်ဆိုတာတော့ အသေးစိိတ်မသိရသေးပါဘူး။

Weibo မှာတော့ Tipster တစ်ဦးဖြစ်တဲဲ့ Digital Chat Station ကတော့ စိတ််ဝင်စားစရာ အချက်တစ်ချို့ကို tip လုပ်ထားပါတယ်။ ဒါကတော့ Screen နဲ့ပတ်သတ်တဲ့ အကြောင်းအရာတစ်ချို့ပဲဖြစ်ပါတယ်။ Leak ထဲမှာ 2K High-brush Flexible LTPO ပါဝင်လာမယ့် Mix Fold 2 ဟာ တော်တော်လေး သုံးရတာ Luxury ဖြစ်မယ်လို့ ဆိုပါတယ်။ Screen-to-body design ကတော့ အရင် Mix Fold 1 နဲ့အတူတူပဲဖြစ်ပါလိမ့်မယ်။ Screen Refresh Rate ကတော့ 120 Hz ကို Internal Display ရော၊ External Display ကိုပါ ရရှိမှာပါ။ ဒါ့အပြင် External Display ဟာ တစ်ဖတ်ကို မမသိမသာ ကွေးနေဦးမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဖုန်းဟာ ပါးပါးလေးနဲ့ ပေါ့ပါးနေမယ်လို့ ဆိုပါတယ်။

Xiaomi Mix Fold 2 မှာ Snapdragon 8 Gen 1 ကိုသုံးထားမယ်လို့သိရပြီး Octa-Core ကိုသုံးထားမယ်လို့ သိရပါတယ်။ ဒါ့အပြင် Android 12 Preinstall လာမယ်လို့လည်းသိရပါတယ်။ Battery ကတော့ 5020 mAh ပါဝင်ပြီး Fast Wired နဲ့ Wireless Charging ပါဝင်မယ်လို့ သိရပါတယ်။

ကင်မရာကတော့ ကျောဖက်မှာ ကင်မရာ ၃ လုံးပါဝင်မှာပါ။ 108 MP wide, 13MP Ultra-wide, 8MP telephoto ပါဝင်မှာပဲဖြစ်ပါတယ်။ ရှေ့ဖက်မှာတော့ 20MP Selfie Camera ပါဝင်မှာပါ။ Mix Fold 2 ကို Hype နေတဲ့သူတွေရှိလားဗျ??

Ref : Gizmochina

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Google ပိုင်ရှင်ကုမ္ပဏီ Alphabet မနှစ်ကထက် အမြတ််ငွေကျဆင်း

Next
Next

$44 Billions နဲ့ Twitter ကိုဝယ်ယူလိုက်ပြီဖြစ်တဲ့ Elon Musk