“ရုံးသမားတွေအတွက် Productivity ပိုင်းအဆင်သင့်လက်တင်သုံးလို့ရမည့် OPI Feature ပါဝင်တဲ့ Laptop ကိုဘာကြောင့်ရွေးချယ်သင့်တာလဲ?”

စျေးကွက်ထဲမှာ တစ်ကိုယ်ရေသုံးကွန်ပြူတာတွေအများကြီးရှိတဲ့ထဲမှာမှဘာလို့ OPI Feature ပါဝင်တဲ့ Laptop ကိုရွေးချယ်သင့်တာလဲ? အဲ့တော့ အရင်ဆုံး OPI ဆိုတာဘာလဲ?

OPI ရဲ့ အရှည်ကောက်ကတော့ Office Pre-installed ပါ။ OPI Feature ပါဝင်တဲ့ Laptop ဆိုတာဝယ်လိုက်ကတည်းက Productivity ပိုင်းအတွက်အရေးပါတဲ့ Microsoft Office Home & Student 2019 version ကိုတစ်ပါးတည်း ထည့်ပေးထားပြီးသားပါ။ အဲ့တော့ Laptop ဝယ်ပြီးတာနဲ့ လိုအပ်တဲ့ Microsoft apps တွေဖြစ်တဲ့ Word, Excel နဲ့ PowerPoint package လိုက်ကို Laptop အသစ်နဲ့တစ်ခါတည်း Free ရမှာပါ။

ဒီ Office Package က Laptop ဝယ်ပြီးတာနဲ့ တစ်သက်တာ သုံးစွဲခွင့်ရမှာဖြစ်တဲ့အတွက် License သက်တမ်းကို စိတ်ပူစရာမလိုပဲ လွတ်လွတ်လပ်လပ်သုံးနိုင်မှာပါ။ Laptop တစ်လုံးဝယ်ပြီးမှ Office အတွက်ကို သပ်သပ် ပိုက်ဆံထပ်ပေးပြီးဝယ်မှာထပ်စာရင် OPI Feature ပါဝင်တဲ့ Laptop ဆိုရင် Setup ချပြီးတာနဲ့ တစ်ခါတည်းလက်တင်တန်းသုံးလို့ရပါပြီ။ Official ဖြစ်တဲ့အတွက် Crack Version သုံးရင် ဖြစ်လာမယ့် virus, malware, cyber attackတွေ ကြုံရမှာမဟုတ်သလို piracy ဥပ‌ဒေကိုချိုးဖောက်တာလဲမရှိတဲ့အတွက် OPI Feature ပါဝင်တဲ့ laptop တစ်လုံးဝယ်လိုက်တာနဲ့ ဒီကိစ္စတွေအတွက် ခေါင်းပူစရာမလိုတော့ပါဘူး။

Dell Inspiron 3511 မှာ OPI Feature နဲ့တစ်ပါးတည်းပါဝင်လာမဲ့ Microsoft Office Home & Student 2019 က Full version ဖြစ်တဲ့အတွက် Microsoft office ရဲ့ အားသာချက်တွေကို အကန့်အသတ်မရှိပဲ အသုံးချနိုင်မှာဖြစ်ပါတယ်။Dell Inspiron 3511 ရဲ့ i3, i5, i7 11th Gen version မှာ OPI ဝင်ပြီးသားဖြစ်တဲ့အတွက် Powerful ဖြစ်တဲ့ နောက်ဆုံး Generation Processor တွေကို Office ရဲ့ အကန့်အသတ်မဲ့ လုပ်‌ဆောင်ချက်တွေကိုအပြည့်အဝ အသုံးချနိုင်မှာဖြစ်ပါတယ်။ Dell Inspiron 3511 ရဲ့ Operating System ပိုင်းမှာ Window 10 Home ကိုလည်း Built in ထည့်ပေးပြီးသားဖြစ်ပါတယ်။နောက်ပြီး အပိုထပ်ဆောင်းအနေနဲ့ McAfee antivirus security ကို 15 လ ပေးထားပြီးသားဖြစ်တဲ့အတွက် Security ပိုင်းမှာလည်း Anti-virus software တွေသပ်သပ်ထပ်ဝယ်စရာမလိုပါဘူး။

အခုလို Software ပိုင်းအားသာချက်တွေအများကြီးရှိတဲ့ အတွက် အလုပ်ကိစ္စနဲ့ Productivity ပိုင်းကို အလေးပေးသုံးချင်တဲ့လူတွေအတွက် Dell Inspiron 3511 ကိုညွှန်းပေးချင်ပါတယ်။ဘာလို့ ကျွန်တော်တို့ညွှန်းပေးချင်တာလည်းဆိုတော့ Hardware ပိုင်းမှာလည်း Latest Generation CPU တွေနဲ့လာတာဖြစ်တဲ့အပြင် Software ပိုင်းမှာလည်း အလုပ်တန်းလုပ်ချင်တဲ့ လူတွေအတွက် Productivity Software package လိုက်ကြီးတစ်ခါတည်းထည့်ပေးထားလို့ပါ။ Dell Inspiron 3511 ကိုဝယ်ယူချင်တယ်ဆိုရင်‌တော့ Hologram sticker ပါဝင်တဲ့ Dell ရဲ့တရားဝင် ထုတ်ကုန်များကိုအားပေးခြင်းအားဖြင့် အာမခံနဲ့ တခြား အကျိုးခံစားခွင့်တွေအများကြီးရှိသေးတဲ့အတွက်နီးစပ်ရာ Dell Authorized Reseller တွေမှာဝယ်ယူရရှိနိုင်ပါတယ်။ 

Previous
Previous

ကမ္ဘာ့မျက်နှာပြင် မည်သည့်နေရာမဆို အချိန်မရွေးကျလာမယ့် အန္တရာယ်ရှိနေတဲ့ တရုတ်ဒုံးပျံ

Next
Next

အင်တာဗျူးအတွင်း ဆောင်ရန်၊ ရှောင်ရန်များ