Google ပိုင်ရှင်ကုမ္ပဏီ Alphabet မနှစ်ကထက် အမြတ််ငွေကျဆင်း

Google ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ Alphabet ဟာဆိုရင် မနှစ် ၂၀၂၁ ထက် ဝင်ငွေအမြတ်ဟာ Billion နဲ့ချီပြီး လျော့သွားတယ်လို့ဆိုပါတယ်။ ၂၀၂၁ မှာ စံချိန်တင်အမြတ်ငွေ $257 Billion ရပြီးတဲ့နောက်မှာ တစ်နှစ်အတွင်း အမြတ်ငွေ Billion 200 ကျော်တဲ့ စံချိန်တင်ခဲ့ပါတယ်။ ဒီနှစ် Q1 အတွင်းမှာတော့ အမြတ်ငွေ 68 Billion ရရှိခဲ့ပြီလို့ဆိုပါတယ်။

ဒီပမာဏဟာ မနှစ်ကနဲ့ယှဥ်ရင် 1 Billion လောက် Q1 အတွင်းကျဆင်းသွားတယ်လို့ဆိုပါတယ်။ Research နဲ့ Development အတွက်ကတော့ မနှစ်ကထက် 1 Billion ပိုသုံးထားတဲ့အတွက် အမြတ်ငွေအတော်လေး ထိခိုက်နေတာဖြစ်ပါတယ်။ Google Search ကရတဲ့ အမြတ်ကတော့ မနှစ်ကထက် 31 Billion ပိုများလာတယ်လို့ဆိုပါတယ်။ ကြော်ငြာခတွေ၊ Search Engine, YouTube နဲ့တစ်ခြား Service တွေကရတဲ့ ငွေတွေပေါင်းလိုက်ရင် $54 Billion လောက်ရနေပြီဖြစ်ပါတယ်။

YouTube ကြော်ငြာတွေကရတဲ့ အမြတ်ဟာလည်း ဒီနှစ်ပိုပြီး များလာတယ်လို့ဆိုပါတယ်။ ဒါပေမယ့် အရင်နှစ်တွေနဲ့စာရင် တိုးလာတာနှေးတယ်လို့ သတ်မှတ်ရပါမယ်။ ဒီနှစ်မှာတော့ TikTok က YouTube ထက်အမြတ်ပိုများလာတာကို တွေ့ရနိုင်ပါတယ်။ ဒီကိစ္စကို YouTube က Short တွေကို ပိုကောင်းအောင် လုပ်ပြီး တုံ့ပြန်ဖို့ပြင်ဆင်နေပါတယ်။ TikTok လူသုံးများလာတာနဲ့အမျှ YouTube ရှယ်ယာဈေးလည်း ၇ ရာခိုင်နှုန်းလောက် ကျသွားပါတယ်။

Google Alphabet CEO Sundar Pichai က Q1 မှာ Search နဲ့ Cloud နည်းပညာပိုင်းမှာ အတော်လေးအားတက်ဖွယ် တိုးတက်လာတယ်လို့ ဆိုထားပါတယ်။ ဒီနည်းပညာနှစ်ခုဟာ ဖျော်ဖြေရေးအပိုင်းရော၊ Digital Transformation ပိုင်းမှာပါ အတော်လေး အရေးပါတဲ့ နည်းပညာတွေဖြစ်တာမို့ ဒါဟာ အရေးပါတဲ့ ပြောင််းလဲမှုဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

၂၀၂၂ အစပိုင်းတုန်းက YouTube CPO Neal Mohan က YouTube Shorts အတွက် Editing Tools တွေနဲ့ Creatorတွေကို ပိုမိုဆွဲဆောင်နိုင်ဖို့ နည်းလမ်းတွေကို ပိုပြီး အရေးပေးဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

နောက်ဆုံးပေါ် အဆင့်မြင့်စွမ်းဆောင်ရည်များ၊ အမိုက်စား ဒီဇိုင်းများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် Samsung ၏ နောက်ဆုံးထုတ် Galaxy A Series စမတ်ဖုန်းများအား မြန်မာနိုင်ငံဈေးကွက်တွင်စတင်မိတ်ဆက်

Next
Next

2K Display နဲ့ 120 Hz ပါလာမယ့် Xiaomi Mix Fold 2