အမျိုးသမီးတိုင်း ဆောင်ထားသင့်တဲ့ ​App ၃ ခု

၂၁ ရာစုရောက်လာပြီနောက်ပိုင်း ကျွန်တော်တို့အနေနဲ့ ကိုယ့်ရဲ့ နေ့စဥ်လှုပ်ရှားမှုတွေနဲ့ Activies တွေကို Digital နဲ့မှတ်တမ်းတင်ပြီး ပိုမိုကောင်းမွန်တဲ့ လူမှုနေထိုင်မှုဘဝကို ကူးပြောင်းလာကြပါတယ်။ လမ်းလျောက်တာ၊ အသက်ရှုတာ၊ နှလုံးခုန်နှုန်း၊ အိပ်ရေးဝမဝ၊ အစားအသောက် ကောင်းကောင်းစားမစား၊ စတဲ့ နေ့စဥ် လှုပ်ရှားမှုတွေကို Smart Device တွေကို အသုံးပြုပြီး နေ့စဥ်မှတ်တမ်း တင်ကြပါတယ်။ Smart Device တွေမပါပဲ Software သီးသန့်နဲ့ နေ့စဥ်လှုပ်ရှားမှုတွေကို ခြေရာခံသလို တစ်ခြား Smart App တွေလည်း ရှိနေပါသေးတယ်။ ဒီထဲကမှ အမျိုးသမီးတွေဆောင်ထား သင့်တဲ့ App ၃ ခုကို ရွေးချယ်ဖော်ပြပေးပါမယ်

၁. Clue Period Tracker
အမျိုးသမီးတွေ လစဥ် ကြုံတွေ့နေရတဲ့ ကျန်းမာရေးကိစ္စအတွက် ဆောင်ထားသင်တဲ့ App ဖြစ်ပါတယ်။ သုံးစွဲပုံတွေကတော့ App ထဲ ဝင်ပြီးရင် Step by Step လုပ်လို့ရတာမို့ သုံးရတာ တစ်ကယ်လွယ်ပါတယ်။ ဒါ့အပြင် Online Account နဲ့ပါ ချိတ်နိုင်လို့ Multi Device သုံးနိုင်ပါတယ်။ ကိုယ့်ကောင်မလေးကို ဂရုစိုက်ချင်တဲ့ ညိုကီတို့လည်း ဆောင်ထားနိုင်ပါတယ်။

၂. Drink Water Reminder + Tracker
ဒီကောင်ကတော့ ရေသောက်ဖို့အတွက် Alarm ပေးမယ့်ကောင်လေးပါ။ အမျိုးသမီးတွေက ရေကို အလှအပအတွက် အမြဲအလေးထားသောက်တတ်သလို၊ Diet လုပ်တာမျိုးတွေအတွက်လည်း သောက်တတ်တာမို့ ဒီကောင်လေးနဲ့ဆို ရေသောက်ဖို့ အထူးတလည် သတိထားနေစရာမလိုတော့ပါဘူး။

၃. Noonlight
ဒီကောင်ကတော့ အမျိုးသမီးတွေ ညဖက်တစ်ယောက်ထဲ အပြင်သွားတာမျိုး၊ ကားပါကင်က ကားဆီသွားနေတုန်းမှာ App ကိုဖွင့်ပြီး App ထဲက ခလုပ်တစ်ခုကို လက်နဲ့ဖိထားရပါမယ်။ တစ်ကယ်လို့ အန္တရာယ်တစ်ခုခုကြောင့် ဖိထားတဲ့ လက်ကို လွှတ်လိုက်ရင် App ကနေချက်ချင်း သူငယ်ချင်းတွေဆီက တည်နေရာကို ပို့ပေးပြီး အန္တရာယ်ဖြစ်နေကြောင်း သတိပေးမှာဖြစ်ပါတယ်။ အန္တရာယ်ကင်းတယ်ဆိုတာ သေချာလို့ ​App ကိုပိတ်ချင်ရင် Pin နှိပ်ပြီး ပိတ်မှသာ ရပ်သွားမှာဖြစ်ပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

2021 တုန်းကဖြစ်တဲ့ အချက်အလက်ပေါက်ကြားမှုတွေအတွက် ဒေါ်လာသန်း ၅၀၀ လျော်ပေးရမယ့် T-Mobile

Next
Next

အများသုံး Wifi သုံးခြင်း အန္တရာယ်များ