အသက်မပြည့်သေးတဲ့လူငယ်တွေအတွက် Online လုံခြုံရေးအသားပေးလာတဲ့ Facebook

Facebook အနေနဲ့ ဥပဒေအသိုင်းအဝိုင်းကရော၊ စောင့်ကြည့်ရေးအဖွဲ့တွေကပါ လူငယ်တွေကို ဆိုင်ဘာလုံခြုံရေးပေးဖို့ ဝိုင်းဝန်းပြီး ပြောကြလွန်းလို့ပဲထင်ပါတယ်။ Meta ပိုင်တဲ့ Instagram နဲ့ Facebook မှာ အသက်မပြည့်သူ လူငယ်တွေကိုဦးစားပေးပြီး ကာကွယ်ပေးမယ့် Privacy Setting တစ်ချို့မိတ်ဆက်ပေးလိုက်ပါတယ်။

လောလောဆယ်မှာ People You May Know, နဲ့ ကိုယ်မသိတဲ့ သူစိမ်းတွေက စာပို့လာရင်သတိပေးမယ့် အဆင့်တွေ၊ Filter အသစ်တွေထပ်မံထည့်သွင်းထားတယ်လို့ Meta ကဖော်ပြထားပါတယ်။ People You May Know ဟာ ကိုယ်နဲ့ငယ်ငယ်ကခင်ပြီး ကွဲကွာနေတဲ့ သူငယ်ချင်းတွေကို ပြန်ဆုံအောင်လုပ်ပေးနိုင်ပေမယ့် ခုအခါမှာတော့ တစ်ကယ်လို့ အသစ်ဖွင့်ထားတဲ့အကောင့် သို့ အကောင့်တုလို့ AI ကထင်ရင် တစ်ခြားသူတွေက အဆိုပါအကောင့်ကို မြင်တွေ့ရမှာမဟုတ်ပါဘူး။

နောက်တစ်ခုကတော့ အသက်မပြည့်သေးသူတစ်ယောက် သုံးနေသူအေကာင့်ကို အသက်ပြည့်ပြီးသူလူကြီးတစ်ယောက်က စာပို့တာမျိုးလုပ်ခဲ့ရင် သတိပေးစာမြင်တွေ့ရတော့မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ခုနောက်ပိုင်းအသက်မပြည့်သေးပဲ Facebook နဲ့ Instagram သုံးဖို့ကြံရင်အရင်လို အကောင့်လွယ်လွယ်ဖွင့်ဖို့ မရတော့ပါဘူး။ Privacy Setting တွေကြိုပြီး ပိတ်ခံထားရဖို့များပြီး အသက်ပြည့်တဲ့အချိန်မှာ အဆိုပါ setting တွေအသုံးပြုခွင့်ရမှာဖြစ်ပါတယ်။

Meta ဖက်ကတော့ ကလေး၊ လူကြီးမရွေး လုံခြုံစိတ်ချရတဲ့ ဆိုရှယ်မီဒီယာတစ်ခုကို ဖြစ်အောင်ကြိုးစားနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

Ref : Facebook Newsroom

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

2021 အတွင်းအသုံးအများဆုံး Password စကားလုံး "Samsung"

Next
Next

လုပ်ငန်းသုံး ဘက်စုံသုံး အတွက်ခပ်ကြမ်းကြမ်း သုံးချင်သူများ အတွက် Acer ရဲ့ Commercial series