အာရှတိုက်မှ နည်းပညာနှင့်ချမ်းသာလာသော ထူးထူးခြားခြား ကမ္ဘာ့အသက်ငယ်ဆုံး ဘီလီယံနာများ

ကမ္ဘာပေါ်မှာသူ‌ဌေး တွေအများကြီးရှိတဲ့အထဲမှာ နည်းပညာကြောင့်ချမ်းသာလာပြီး ထင်ရှားတဲ့လူတွေလည်းရှိပါတယ်။ အဲ့ထဲမှာမှ ကျွန်တော်တို့နဲ့ ရင်းနှီးတဲ့လူတွေလည်းရှိသလို မသိပဲ ငယ်ငယ်လေးနဲ့ချမ်းသာနေတဲ့လူတွေလည်းရှိပါတယ်။ ကမ္ဘာ့ကပ်ရောဂါဖြစ်နေသည့်တိုင်အောင် တစ်ချို့က ချမ်းသာသထက် ချမ်းသာလာတာများလည်း ရှိသလို တစ်ချို့ကျတော့လည်း ကပ်ရောဂါဖြစ်မှ ထချမ်းသာသွားတဲ့လူတွေလည်းရှိပါတယ်။ ဒီဆောင်းပါးထဲမှာတော့ နည်းပညာနယ်ပယ်မှ အသက်အငယ်ဆုံး ဘီလီယံနာတွေကိုဖော်ပြသွားမှာပဲဖြစ်ပါတယ်။

1.      Sam Bankman- Fired

အသက် - 29

နေရာ - Hong kong

အသားတင်ကြွယ်ဝမှု - US dollar 8.7 billion

လုပ်ငန်း - Cryptocurrency

သူကတော့ MIT မှဘွဲ့ရထားသူဖြစ်ပြီး Wall street trader တစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။ Alameda Research ကို 2017 မှာတည်‌ထောင်ခဲ့ပြီး Cryptocurrency trading firm မှ ဘီလီယံပေါင်းများစွာ ရှာဖွေနိုင်ခဲ့ပါတယ်။  ‌နောက် ၂ နှစ်အကြာမှာ FTX ကိုတည်ထောင်ခဲ့ပြီးချမ်းသာသွားတာပါ။ Bankman- Fried က အသက်သုံးဆယ်အောက်ဘီလီယံနာလည်းဖြစ်ပါတယ်။

1.      Xu Yi

အသက် - 31

နေရာ - China

အသားတင်ကြွယ်ဝမှု - US dollar 3.4 billion

လုပ်ငန်း - Internet

တရုတ်နိုင်ငံရဲ့အကြီးမားဆုံး Media လုပ်ငန်းစုကြီးကို တည်ထောင်ခဲ့သူလည်းဖြစ်ပါတယ်။ ကုမ္ပဏီနာမည်ကတော့ Bilibili ဖြစ်ပါတယ်။ Video Theme အမျိုးမျိုးပါဝင်တဲ့ Animation , Music , Dance , Science နဲ့ Technology တို့ကို Host လုပ်တဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။ Xu Yi ဟာ ဒီ website Prototype ကို ဘွဲ့ရကျောင်းပြီးပြီးချင်း သုံးရက်မှာပဲရေးဆွဲနိုင်ခဲ့ပါတယ်။ 2010 အရောက်မှာပဲ Website ကို ကုမ္ပဏီ ရဲ့အခုနာမည်နဲ့အစားထိုးပြီး ပြန်လည်ထုတ်လွှင်ခဲ့ပါတယ်။

1.      Wen Yilong

အသက် - 32

နေရာ - China

အသားတင်ကြွယ်ဝမှု - US dollar 1.5 billion

လုပ်ငန်း - E-cigarettes

RLX technology ရဲ့ ပူးတွဲတည်ထောင်သူနဲ့ Director ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့အဓိက Vape ရောင်းချသူဖြစ်ပြီး နိုင်ငံရဲ့အကြီးဆုံး E-cigarette လုပ်ငန်းကို ဦးဆောင်နေသူလည်းဖြစ်ပါတယ်။ RLX ကိုမတည်ထောင်မှီ ဘီလီယံနာမဖြစ်ခင်မှာ တရုတ်နိုင်ငံ ယဉ်အငှားလုပ်ငန်းနဲ့ Uber တို့မှာ ဝန်ထမ်းအဖြစ်နဲ့လုပ်ခဲ့ဘူးပါတယ်။

Author : Hein Htet

Ref : Asia's Richest 2021: The 10 Youngest Billionaires In Asia | Tatler Asia

Previous
Previous

ကမ္ဘာကျော် TIME မဂ္ဂဇင်းမှ ရွေးချယ်သည့် ၂၀၂၁ ခုနှစ်၏ အကောင်းဆုံး တီထွင်ဆန်းသစ်မှု ၁၀၀ (The Best Innovations of 2021) စာရင်း တွင် Samsung Galaxy Z Flip3 ပါဝင်

Next
Next

Reviewer တစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက် | Reviewer လုပ်ခဲ့သမျှ ဖုန်းတွေထဲမှာအကောင်းဆုံးဖြစ်တယ်လို့ခံစားရတဲ့ Budget, Mid-range နဲ့ Flagship ဖုန်းများ