နာမည်ကြီး Wikipedia Editor တစ်ဦး ဘီလာရုစ် မှာဖမ်းဆီးခံရ

ဘီလာရုစ်ရဲ့ ပြစ်မှုရေးရာနဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အဖွဲ့က နာမည်ကြီီိး Wikipedia Editor Mark Bernstein ကို ဘီိလာရုစ်ဥပဒေအရ ဖမ်းဆီးလိုက်တယ်လို့ဆိုပါတယ်။ Bernstein ကိုမဖမ်းခင် အစိုးရ Telegram Channel တစ််ခုမှာ Bernstein ရဲ့ ကိုယ်ရေးအချက်အလက်တွေကို တင်ထားခဲ့ပါတယ်။ Bernstein ဟာ Russia Wikipediaရဲ့ Top 50 Editor တွေထဲကတစ်ယောက်ဖြစ်ပါတယ််။

The Verge ကတော့ Bernstein ရဲ့ ကိုယ်ရေးအချက်အလက််၊ သူရဲ့ဆိုရှယ်မီီဒီယာ၊ Wikipedia အကောင့်နဲ့ အလုပ်နေရာတွေဟာ အတိအကျ ဖော်ပြခံထားကြောင်း အတည်ပြုထားပါတယ်။ ဒါ့အပြင် အဆိုပါ Telegram Channel မှာပဲ Bernstein ကိိုဖမ်းဆီးစဥ်က Video ကို တစ်ခါတည်းတင်ထားပါသေးတယ်။ ဒါ့အပြင် ဖမ်းဆီးရခြင်အကြောင််းအရင်းက ရုရှားမုန်းတီးရေးသတင်းတုတွေ ဖြန့်ခဲ့လို့လို့ စွပ်စွဲထားပါတယ်။ ဒါ့အပြင် အဆိိုပါ Channel ဟာလည်း Private ဖြစ်သွားခဲ့ပါတယ််။

ဒါ့အပြင် Bernstein အနေနဲ့ ရုရှားရဲ့ ယူကရိိိန်းကျူးကျော်စစ်အကြောင်းကို မဟုတ်မမှန် ရေးသားခဲ့တယ်လို့ စွပ်စွဲခံရပြီး ဒီစွပ်စွဲမှုကိုတော့ ရေရေရာရာ အတိပြုနိုင်ခြင်း မရှိပါဘူး။ မှတ်တမ်းတွေအရ Bernstein ဟာ ရုရှား Wikipedia Articles တွေကို ပြုပြင််မှုပေါင်း ၂၀၀,၀၀၀ ကျော်လုပ်ခဲ့ပြီး လောလောဆယ်တော့ သူ့အကောင့်ကို ပိတ်ထားခံရတယ်လို့ဆိုပါတယ်။ လောလောဆယ် ရုရှား Wikipedia Channel တွေမှာတော့ ရုရှားနဲ့ ဘီလာရုစ်မှာနေတဲ့ Wikipedia Editor တွေကို ကိိုယ်ရေးအချက်အလက်တွေ ပိတ်ထားဖို့ လှုံ့ဆော်နေပါတယ်။

ဘီလာရုစ်ဟာ ယူကရိန်းကို ရုရှားတပ်တွေ ကျူးကျော်ဖို့အတွက် ကူညီိပေးနေပြီး မြို့တော် Kyiv ကိုတိုက်ခိုက်ဖို့သွားနေတဲ့ တပ်တွေကိုလည်း ကူညီနေပါတယ်။ ဒါ့အပြင် ဘီလာရုစ်ဟာကိုယ်တိုင်လည်း ကျူးကျော်စစ်နဲ့ Cyber စစ်ပွဲတွေမှာ ပါဝင်ဖို့ ပြင်ဆင်နေကြောင်းလည်း သိရပြီိး ဘာတွေဆက်ဖြစ််မယ်ဆိုတာတော့ စောင့်ကြည့်ရပါမယ်။

ပြီးခဲ့တဲ့အပတ်က ရုရှားသမ္မတပူတင်က သတင်းမှားဖြန့်သူတွေကို ထောင် ၁၅ နှစ်ထိချနိုင်တဲ့ ဥပဒေကိုပြ၎ာန်းလိုက်ပြီိး နိုင်ငံတွင်းသတင်းမီဒီယာတစ်ခုကိုလည်း Wikipedia ကိုပိတ်ထားဖို့ ခြိမ်းခြောက်ထားတယ်လို့လည်း သတင်းထွက်နေပါတယ်။ Wikipedia ကတော့ ရုရှားနိုင်ငံအတွင်းက Wikipedia Editor တွေကို ကူညီဖို့ စာထုတ်ထားပါတယ်။

Wikipedia တည်ထောင်သူအဖွဲ့ဝင်တစ်ဦးကတော့ သူ့အနေနဲ့ ရုရှားနဲ့ ယူကရိန်းမှာရှိတဲ့ Wikipedia Editor တွေကို ကူညီဖို့နဲ့ တတ်နိုင်တဲ့အထောက်အပံ့တွေးပေးဖို့ လုပ်ဆောင်သွားမယ်လို့ ကြေငြာချက်ထုတ်ပြန်ထားပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ရုရှားမှာ Google Play Store Purchases တွေပိတ်ပစ်လိုက်တဲ့ Google

Next
Next

Ukraine ကို ဒုတိိယအသုတ်ရောက်လာတဲ့ Starlink စလောင်းတွေ