Ukraine ကို ဒုတိိယအသုတ်ရောက်လာတဲ့ Starlink စလောင်းတွေ

Ukraine ဒုတိယသမ္မတ၊ Digital Transformation ဝန်ကြီးဖြစ်တဲ့ Mykhailo Fedorov က Starlink စလောင်းတွေ ထရပ်ကားတစ်စီးစာ ထပ်ရောက်လာတယ်လို့ အတည်ပြုထားပါတယ်။ ဒီပို့ဆောင်မှုကို Elon Musk ကလည်းအတည်ပြုထားပြီး စလောင်းတွေအပြင် Car cigarette Power Adapterတွေအပြင်၊ ဆိုလာတွေနဲ့ Battery တွေအပြင် Satellite Internet System အတွက်လည်း Generators တွေပို့ပေးခဲ့သေးတယ်လို့ဆိုပါတယ်။

"Elon Musk သူ့စကားကိုတည်ပါတယ်။ Starlink တွေထပ်ရပါတယ်၊ ယူကရိန်းနဲ့ ရပ််တည်လို့ရော၊ ငြိမ်းချမ်းရေးကို အလေးထားလို့ရော ကျေးဇူးတင်ပါတယ်" လို့ ယူကရိန်းဝန်ကြီးက Twitter မှာရေးထားပါတယ်။ Elon Musk က " အမြဲအသင့်ရှိလျက်ပါ။ လျှပ်စစ်မီးမရတဲ့နေရာတွေအတွက် Car Cigarette Lighters, Solar နဲ့ Battery Packs အပြင် generators တွေပါပို့ပေးလိုက်ပါတယ်" လို့ Reply လုပ်ထားပါတယ်။

ယူကရိန်းဝန်ကြီးအနေနဲ့ Starlink တွေရဖို့ Twitter မှာ Elon Musk ကိုတိုက်ရိုက်တောင်းဆိုထားခဲ့ပြီး Elon Musk ကလည်း Starlink ကို ယူကရိန်းမှာ ချက်ချင်းသုံးလို့ရအောင် ဖွင့်ပေးလိုက်ပြီလို့ ပြန်ပြောခဲ့ပါတယ်။ အဲ့လိုပြန်ပြောခဲ့ပြီးနောက်ပိုင်း ထရပ်ကားနဲ့အပြည့် Starlink တွေရောက်လာတာပဲဖြစ်ပါတယ်။ Starlink တွေရောက်မလာခင်ကတည်းက Ukraine ရဲ့ Internet တွေဟာ ပြတ်တောက်နေခဲ့တာပါ။

Starlink အနေနဲ့ တိုက်ပွဲဖြစ်နေတဲ့ဒေသတွေမှာ အရမ်းအသုံးဝင်ပြီး Russia ရဲ့ တိုက်ခိုက်မှုတွေကြားက အင်တာနက်သုံးခွင့်ရနေတယ်လို့ဆိုပါတယ်။ယူကရိန်းအတွက် Starlink ရဲ့ကူညီမှုတွေ အသိိအမှတ်ပြုပြီး "နှုတ်ရော လက်နဲ့ပါ ကူညီလို့ အသိအမှတ်ပြုပါတယ်" လိို့ ပြောကြားခဲ့ပါတယ်။ Starlink ရဲ့အင်တာနက်ကြောင့် လူ့အသက်တွေအများကြီး သေမယ့်ဘေးကလည်း ရှောင်နိုင်ခဲ့ကြောင်းပြောခဲ့ပါသေးတယ်။

ပေါက်ကြားထားတဲ့သတင်းတွေအရ ယူကရိိန်းနဲ့ SpaceX အင်ဂျင်နီယာတွေ စုပေါင်းပြီိး ယူကရိန်းရဲ့အင်တာနက်ဧရိိယာပိုကျယ်လာဖို့ ဆောင်ရွက်နေကြောင်း ပြောထားပါတယ်။ Tesla ရဲ့ Power Backup တွေကိုလည်း ယူကရိိန်းကိုပို့ပေးဖို့ စီစဥ်နေပြီး အင်ဂျင်နီယာ ၄၀ ကျော်ပါဝင်တဲ့ Volunteersအဖွဲ့ကို ယူကရိန်းကို ပို့ပေးဖို့ စီစဥ်ပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Ref : Teslarrati

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

နာမည်ကြီး Wikipedia Editor တစ်ဦး ဘီလာရုစ် မှာဖမ်းဆီးခံရ

Next
Next

“ဝယ်ရင်မှန်၊ သုံးရင်တန်” စေမည့် ဘက်စုံသုံးနိုင်သော realme 9i စမတ်ဖုန်းသစ်ကို လာမည့် မတ်လ (၁၇) ရက်တွင် တရားဝင်မိတ်ဆက်ပေးသွားမည်