ကိုယ်ပိုင်ကား ထုတ်လုပ်ရေး အတွက် ဒိတ်ဒိတ်ကြဲ ပညာရှင်တွေကို အလုပ်ခန့်နေတဲ့ Apple

Apple အနေနဲ့ သူတို့ရဲ့ ပထမဆုံးကိုယ်ပိုင်ကားကို ထုတ်ဖို့အတွက် ကြိုးစားနေတာ နှစ်နဲ့ချီနေပါပြီ။ ကြားထဲမှာ အချိန်ပေးလိုက်ရတာတွေ၊ Deadline ပြောင်းလိုက်ရတာတွေနဲ့ တစ်ခြား အချိန်ရွေ့ပေးလိုက်ရတာတွေအတွက် Apple လည်း စိတ်ညစ်လာပုံရပါတယ်။ Lamborghini နည်းပညာခေါင်းဆောင်တစ်ယောက်ကို ငှားရမ်းပြီး Devlopment အတွက် ခေါ်ယူလိုက်ပါတယ်။

Apple ရဲ့ အလွန်လျှို့ဝှက်ပြီး အချိန်အကြာကြီးယူနေရတဲ့ Project အတွက် ခေါ်ယူထားတဲ့ နည်းပညာရှင်က Lamborghini အတွက် နှစ် ၂၀ ကျော်အလုပ်လုပ်ပေးခဲ့တဲ့ အီတလီနိုင်ငံသား Luigi Tataborrelli ပဲဖြစ်ပါတယ်။ သူဟာ ကားဘော်ဒီနဲ့ ဖရိန်ပိုင်းကို အထူးကျွမ်းကျင်သူဖြစ်ပြီး အီတလီရဲ့ Super ကားတွေကို ဒီဇိုင်းဆွဲပေးနေသူဖြစ်ပါတယ်။ Apple ရဲ့ Super Secret ကားကိုလည်း သူကိုယ်တိုင် ခေါင်းဆောင်ပြီး ဒီဇိုင်းဆွဲဦးမှာပါ။

ဒါကိုကြည့်ပြီး Apple အနေနဲ့ သူတို့ကားအပေါ်မှာ ဘယ်လောက် အာရုံစိုက်ပြီး အောင်မြင်ဖို့ ကြိုးစားနေတယ်ဆိုတာ သိနိင်ပါတယ်။ Mr. Tataborrelli ဟာ Lamborghini ရဲ့နာမည်ကြီး Urus, Huracan, Avantador စတဲ့ ကားတွေကို ပါဝင်ဒီဇိုင်းဆွဲခဲ့သလို Off-road ကားတွေကိုလည်း ဒီဇိုင်းဆွဲပေးနေတဲ့ စွယ်စုံရ ဒီဇိုင်နာဖြစ်ပါတယ်။

လောလောဆယ်မှာ Apple ရဲ့ ကား Project မှာပါဝင်နေတဲ့ ပညာရှင်တွေကတော့ Ford ရဲ့ ကားလုံခြုံရေးနည်းအဖွဲ့ခေါင်းဆောင် Desi Ujkashevic, Canoo ကားကုမ္ပဏီခေါင်းဆောင်နဲ့ BMW EV အဖွဲ့ကိုဦးစည်းဖူးတဲ့ Ulrich Kranz, Tesla Autopilot ခေါင်းဆောင် Stuart Bowers တို့ပါဝင်လို့ တစ်ကယ့်ဒိတ်ဒိတ်ကြဲတွေကြီးပါပဲ။ ဒါ့အပြင် တစ်ခြား ကားကုမ္ပဏီတွေဖြစ်တဲ့ Rivian, Waymo, Volvo, Mercedes Astion Martin တို့လို့ ကုမ္ပဏီက နာမည်ကြီး အဖွဲ့သားပညာရှင်တွေကိုလည်း ပိုက်ဆံသောက်သောက်လဲ သုံးပြီးခေါ်ထားပါသေးတယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

စာလေ့လာနေသူတွေသိထားသင့်တဲ့ Website ၁၀ ခု

Next
Next

ဖုန်းပြင်နေစဥ်အတွင်း Private Data တွေအခိုးမခံရအောင် Repair Mode ထည့်သွင်းပေးမယ့် Samsung