ကြော်ငြာကြည့်ရင်း ဈေးသက်သက်သာသာနဲ့ ကြည့်နိုင်မယ့် Netflix Plan အသစ်

Netflix အနေနဲ့ ads ပါဝင်ပြီး ဈေးချိုသာတဲ့ Plan အသစ်ကို ထုတ်မယ်ဆိုပြီး ဟန်ပြင်နေတာ ကြာပြီဖြစ်ပေမယ့် နောက်ဆုံးတော့ အတည်ပြုလိုက်ပါပြီ။ ဒါပေမယ့် Australia, Brazil, Canada, France, Germany, Italy, Japan, Korea, Mexico, Spain, the UK, နဲ့ US စတဲ့ ၁၂ နိုင်ငံမှာပဲ ကနဦးရဦးမှာပါ။ တစ်ကယ်လို့ လက်ရှိအသုံးပြုနေတဲ့ Netflix Plan ကဈေးကြီးတယ် ခံစားနေရရင် ရွေးချယ်စရာရပါပြီ။ ဈေးကတော့ ၁ လကို US $7 ပေးရမှာပါ။

Ads Plan မှာ ၁ နာရီကို ၄မိနစ်ကနေ ၅မိနစ်အထိကြာတဲ့ Ads ကြည့်ရမှာဖြစ်ပြီး 720p အမြင့်ဆုံးပဲကြည့်နိုင်မှာပါ။​ Ads တစ်ခုကို ၁၅ စက္ကန့်ကနေ စက္ကန့် ၃၀ အထိကြာမှာဖြစ်ပြီး တစ်ချို့ Movies နဲ့ Series ဇာတ်လမ်းတွဲတွေလည်း ကြည့်လို့ရဦးမှာမဟုတ်ပါဘူး။ နောက်တစ်ချက်က Download လည်းဆွဲလို့ မရပါဘူးခင်ဗျာ...

တစ်ချို့တွေကတော့ Ads ပါရင် ပိုက်ဆံလုံးဝမပေးပဲ ကြည့်လို့ရသင့်တယ်လို့ ပြောဆိုနေကြပေမယ့် ပိုက်ဆံလုံးဝမပေးချင်ရင်တော့ Ads ၁ နာရီကြည့်ပြီး ရုပ်ရှင် ၁၅ မိနစ်ကြည့်ရတဲ့ အခြေအနေရောက်သွားနိုင်ပါတယ်။

မိတ်ဆွေတို့လည်း ဘယ်ကနေ ရုပ်ရှင်တွေကြည့်ဖြစ်ပြီး၊ ​Netflix ကြည့်တယ်ဆိုရင်ရော ဒီ Plan ရရင် ပြောင်းဖို့ အစီအစဥ်ရှိကြလားဗျ

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ကုန်ကျငွေကို မမှုပဲ Ukraine ကို Starlink အခမဲ့အသုံးပြုခွင့်ပေးနေဦးမယ့် Elon Musk

Next
Next

အချိန်ဖြုန်းလို့ကောင်းမယ့် Mini Games များ