ဖုန်းတွေမှာ ဖြုတ်လို့တပ်လို့ရတဲ့ Battery တွေပြန်မြင်ရတော့လား?

ဖုန်းတွေစစကိုင်ခဲ့တုန်းက ကျွန်တော်တို့ဖုန်းနောက်ဖုန်းကိုဖွင့်၊ Battery ကိုဖြုတ်တပ်လုပ်ပြီး လက်ဆော့ခဲ့ကြတာ သတိရမှာပါ။ အဲ့ဒီနောက်တော့ Water Resistantဖို့၊ IP Rating ကောင်းကောင်းရဖို့အတွက် နောက်ဖုံးဖြုတ်ပြီး Battery လဲလို့ရတဲ့ အားသာချက်ကိုပေးဆပ်လိုက်ရပါတယ်။

ခုတော့ EU ကပဲနောက်ထပ် Rule တစ်ခုကို သတ်မှတ်လိုက်ပါတယ်။ အဲ့ဒါကတော့ User-Serviceable aka User Replaceable Battery တွေကို ပိုမိုအသုံးပြုဖို့တိုက်တွန်းထားတာပဲဖြစ်ပါတယ်။ Battery တွေကိုလည်း ပိုမိုကောင်းမွန်ပြီး၊ ပတ်ဝန်းကျင်ကိုမထိခိုက်တဲ့ ပစ္စည်းတွေသုံးဖို့အတွက်လည်း EU ကတိုက်တွန်းထားပါတယ်။

ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့အတွက် အနည်းဆုံး cobalt 16%, lead 85%, lithium 6%,nickel 6% ဟာ Battery တွေ Replacement လုပ်ရာကနေပြန်ထွက်လာရမယ်လို့ စာရင်းတွေ၊ ဂဏန်းတွေပါချပြီး သတ်မှတ်တဲ့အဆင့်ဖြစ်သွားပါတယ်။ (နဲနဲတော့စားတယ်)

မိတ်ဆွေတို့ရော ဥပဒေသတ်မှတ်သူတွေ နေရာတစ်ကာဝင်ပါတာ Innovation ကိုထိခိုက်တယ်လို့ထင်လား၊ ဘယ်လိုထင်လဲဗျ?

Ref : Android Police

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ခုတစ်လော Twitter ဂယက်များ

Next
Next

၂၀၂၃ အတွက် OnePlus Flagship