WhatsApp ကိုကျော်တက်ပြီး ရုရှားမှာ လူသုံးအများဆုံးဖြစ်လာတဲ့ Telegram

Telegram အနေနဲ့ WhatsApp ကိုကျော်တက်ပြီး ရုရှားမှာလူသုံးအများဆုံး Messaging App ဖြစ်လာတယ်လို့ စစ်တမ်းတွေအရသိရပါတယ််။ ဒီအချက်အလက်ကို Mobile Operator တစ်ခုဖြစ်တဲ့ Megafon ကထုတ်ပြန်ထားတာပါ။ လောလောဆယ်မှာတော့ Moscowမှာ Digital Services အချို့ကို ပိတ်ပင်ထားပါတယ်။

WhatsApp ရဲ့ Ownerဖြစ်တဲ့ Meta အနေနဲ့ ရုရှားမှာ မတရားအသင်းအဖွဲ့အဖြစ် တရားစွဲလှုံ့ဆော်ခံထားရပြီး ရုရှားမှာ Telegram ကိုကျယ််ကျယ်ပြန့်ပြန့် သုံးစွဲဖို့ လှုံ့ဆော်ထားသလို Facebook, Instagram, Twitter တို့ကိို ရုရှားမှာပိတ်ပင်ထားပါတယ််။ ရုရှားအနေနဲ့ ယူကရိန်းကို ကျူးကျော်မှုစတင်ကတည်းက နိုင်ငံခြားအခြေစိုက် ဆိုရှယ်မီဒီယာတွေအနေနဲ့ ရုရှားအပေါ် ပိတ်ပင်မှုတွေကို ပိုမိုမြင့်တက်လာအောင် တွန်းပို့ပေးသလိုဖြစ်သွားပါတယ်။

ရုရှားရဲ့ အကြီးဆုံး ဖုန်းအော်ပရေတာ ၄ ခုထဲကတစ်ခုဖြစ်တဲ့ Megafon အနေနဲ့ ကျူးကျော်မှုစတင်ပြီး ၂ပတ်အတွင်း Telegram ရဲ့ Share ဈေးတွေ ဖေဖော်ဝါရီ အစ၂ပတ်မှာ ၄၈ ရာခိုင်နှုန်းပဲ ရှိခဲ့ပေမယ့် မတ်လအစပိုင်း ၂ပတ်မှာ ၆၃ ရာခိုင်နှုန််းထိ ခုန်တက်သွားတယ်လို့ ဆိုပါတယ်။ WhatsApp ရဲ့ Share ကတော့ ၄၈ ရာခိိုင်နှုန်းကနေ ၃၂ ရာခိုင်နှုန်းထိ ကျသွားတယ်လို့ ဆိုပါတယ််။ တစ်ရက်ကို လူတစ်ယောက်ဟာ ပျမ်းမျှ 101 MB ကို Telegram အတွက်သုံးစွဲပြီး 26MB ကိိုတော့ WhatsApp အတွက်သုံးစွဲတယ်လို့ စစ်တမ်းတွေ အရသိရပါတယ်။

ရုရှားလူမျိိုး Pavel Durov တည်ထောင်ထားတဲ့ Telegram အနေနဲ့ ရုရှားမှာ လူသိများနေတာကြာခဲ့ပါပြီ။ နိုင်ငံအဓိက မီဒီယာတွေ၊အစိုးရပိုင်ဆိုင်ရာတွေနဲ့ နာမည်ကြီးသရုပ်ဆောင်တွေကအစ သုံးနေကြတဲ့ Telegram ကိုရုရှားအစိုးရက အကြပ်ကိုင်လို့ Telegram Founder ဟာလောလောဆယ် ဒူဘိုင်းမှာ နေထိုင်နေပါတယ်။ Telegram ကိုယူကရိန်းအစိုးရရဲ့ အချက်အလက်တွေ ထုတ်ပေးဖို့ တောင်းဆိုခဲ့တုန်းက ထုတ်မပေးခဲ့လို့ ရုရှားအစိုးက ပြည်တွင်းမှာ ကုမ္ပဏီကိုဖျက်သိမ်းခဲ့ပါသေးတယ်။

Ref : CNA

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

၂ ရက်အတွင်း ၂ ကြိမ်မြောက် Software Outage ဖြစ်သွားတဲ့ Apple

Next
Next

Samsung Tab S8 ရဲ့လက်တွေ့အသုံးဝင်သောအချက်ဆယ်ချက်