နိုင်ငံရေး လော်ဘီ Contents တွေကို ထိန်းချုပ်သွားမယ့် TikTok

TikTok အနေနဲ့ Content Creator တွေကို အခကြေးငွေယူပြီး နိုင်ငံရေး အမြတ်ထုတ်တာတွေ၊ လော်ဘီလုပ်တာတွေကို စတင်ကန့်သတ်တော့မှာပါ။ ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ လော်ဘီလုပ်လာတဲ့ Content တွေများလာတာကြောင့် ဒီစည်းကမ်းထွက်လာတာဖြစ်နိုင်ပါတယ်။ အမေရိကန်ဥပဒေထုတ်ပြန်သူတွေအနေနဲ့ TikTok, Meta, Twitter တို့နဲ့ပူးပေါင်းပြီး တရားမျှတပြီး Brainwash ကင်းစင်တဲ့ ရွေးကောက်ပွဲတွေကို ပြုလုပ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

US TikTok Head ဖြစ်တဲ့ Eric Han က " Content Creator တွေနဲ့ Talent Agencies တွေကို အခကြေးငွေယူပြီး နိင်ငံရေး လော််ဘီတဲ့ Content တွေတင်တာဟာ TikTok ရဲ့ Policies တွေကို ဆန့်ကျင်ကြောင်းပြောချင်တာဖြစ်ပါတယ်။" လို့ဆိုထားပါတယ်။ ဒါ့အပြင် Content တွေကို နိုင်ငံရေးအကြောင်း တစ်ကယ်ပြောတာလား၊ အခကြေးငွေယူပြီး လုပ်နေလားဆိုတာကို စောင့်ကြည့်ဖို့ အဖွဲ့တွေလည်း ဖွဲ့စည်းထားပြီး အမုန်းစကားတွေနဲ့ စည်းကမ်းချိုးဖောက်Gauတဲ့ Post တွေကိုအရေးယူဖို့ Media တွေနဲ့ အသုံးပြုသူတွေရဲ့ Report တွေကိုလည်း အားထားနေတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးလော်ဘီလုပ်တာနဲ့ ပတ်ဝန်းကျင်ကို ထိခိုက်မယ့် ကိစ္စတွေဟာ ၂၀၂၀ တုန်းကဖြစ်ခဲ့ပါတယ်။ ဒီလိုမျိုးတွေခု ထပ်မဖြစ်စေရတော့ပဲ အရေးယူမှုတွေချက်ချင်းလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဒီထုတ်ပြန်ချက်ကို Twitter နဲ့ Facebook မှာလည်း ထုတ်ပြန်ထားပါတယ်။

Facebook နဲ့ Instagram မှာလည်း နိုင်ငံရေးကြော်ငြာသူတွေကို Ads တွေ Run ခွင့်ပိတ်ပင်ခဲ့သလို ခုလိုမျိုး နိုင်ငံရေးကိစ္စတွေဟာ US မှာ မဲပေးပွဲနီးတိုင်းဖြစ်လေ့ရှိပါတယ်။ Twitter အနေနဲ့ နိုင်ငံရေး Post တွေနဲ့ပတ်သတ်လို့ အကြီးအကျယ် ပြင်ဆင်နေပြီး Post တွေမှာ Fact Check တာ၊ အမုန်းစကားတွေ မပြန့်အောင် စီစစ်တာတွေလုပ်နေတယ်လို့ ဆိုပါတယ်။

Ref : CNN

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မယ့် Messaging App များ

Next
Next

ဒေါ်လာ ၁ သောင်းတန် Samsung Galaxy Z Fold 4