သိထားသင့်တဲ့ နောက်ဆုံးရ သတင်း ၁၀ ခု

ရက်ပိုင်း၊ နာရီပိုင်းအတွင်းမှာ ဆက်လိုက်ပြောင်းလဲနေတဲ့ နည်းပညာခေတ်ကြီးမှာ လောလောဆယ်မှာ သိထားသင့်တဲ့ သတင်း၁၀ ခုကို အတိုချုပ် ပြောပြပေးသွားပါ့မယ်။

၁. Spotify မှာ Joe Rogan လို့ခေါ်တဲ့ Comedian Podcaster တစ်ယောက်ရဲ့ Podcast အပိုင်း ၁၁၀ ကျော်ကို Spotify ကတိတ်တဆိတ်ဖျက်ချလိုက်ပါတယ်။ ဖျက်ချရတဲ့အကြောင်းကတော့ COVID-19 နဲ့ပတ်သတ်လို့ မဟုတ်မမှန်တဲ့ သတင်းအချက်အလက်တွေပြောခဲ့တဲ့အပြင် နိုင်ငံရေးစွပ်စွဲချက်တွေကိုပါ ပြောကြားခဲ့လို့ပဲဖြစ်ပါတယ်။

၂. Meta အနေနဲ့ Virtual World ထဲမှာ လူမှုရေးခွဲခြားမှုတွေ၊ အမုန်းစကားတွေနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို တားဆီးရှောင်ရှားနိုင်ဖို့အတွက် ကိုယ်ပိုင် Space ဖြစ်အောင် Avatars တွေဘေးမှာ Bubble ပုံစံ အဝန်းလေးတွေဖန်တီးပြီး စကားပြောလို့မရအောင် လုပ်တဲ့ Feature တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။

၃. Online ကနေ ကျွမ်းကျင်သူတွေနဲ့ စကားပြောဆိုပြီး ကျန်းမာရေးအကူအညီယူတဲ့ App တွေဖြစ်တဲ့ Talkspace နဲ့ BetterHelp လိုမျိုး App တွေဟာ စိတ်ကျန်းမာရေးအတွက် အကူအညီရယူလိုသူတွေအတွက် အရမ်းအသုံးများတဲ့ Platform တွေဖြစ်လာပြီး ဆေးခန်းကိုလာတာထက် Software Platform တွေကနေ အကူအညီရယူသူတွေပိုပေါလာတယ်လို့ဆိုပါတယ်။

၄. Amazon ရဲ့ CEO Jeff Bezos ရဲ့ ဇိမ်ခံသင်္ဘောကြီးကို တည်ဆောက်နေတဲ့ သင်္ဘောကျင်းကနေ ပင်လယ်ထဲကို ရောက်ဖို့ဆိုရင် နှစ်၁၀၀ သက်တမ်းရှိတဲ့ တံတားကြီးကို ဖျက်ရဖို့ရှိနေပါတယ်။ ဒါပေမယ့်တစ်ကယ်လို့ တံတားကိုဖျက်ပေးရမယ်ဆိုရင် ဖျက််ဆီးခတွေကို Jeff Bezos အနေနဲ့ ကျခံရမယ်လို့ Dutch အစိုးရက ပြောကြားခဲ့ပါတယ်။

၅. Facebook ရဲ့ သမိုင်းတစ်လျောက် မကျစဖူးကျသွားတဲ့ စတော့ဈေးနှုန်းတွေထွက်လာပြီးတဲ့နောက် Company က ဝါရင့်ဝန်ထမ်းတွေနဲ့ တစ်ခြား ဝန်ထမ်းတွေတော်တော်များများဟာ အရင်လိုအခြေအနေ ပြန်ဖြစ်လာနိုင်ဖို့ မျှော်လင့်နေဆဲဖြစ်ပါတယ်။

၆. SpaceX ရဲ့ Starlink Satellite တွေကြောင့် နက္ခတ်တာရာကြည့်သူတွေအနေနဲ့ ကောင်းကင်ကို ကောင်းကောင်းကြည့်လို့မရတော့ဘူးလို့ စောင့်ကြည့်သူတွေက ဆိုပါတယ်။ နောက်ပိုင်း Satelliteတွေ ဒီထက်များလာရင် ဘယ်လောက်များဆိုးလာမလဲဆိုတာကို အာကာသကျွမ်းကျင်သူတွေက မေးခွန်းထုတ်နေကြပါတယ်။

၇. Argumented Reality ကို Google Play မှာ ထည့်ဖို့အတွက် Google ကြိတ်ကြံနေပါတယ်။ လူအင်အား ၇၀၀ လောက်ရှိတဲ့ အဖွဲ့ကြီးတစ်ခုနဲ့ Facebook ရဲ့Metaverse လိုမျိုးဖြစ်အောင် Google အနေနဲ့ တိတ်တဆိတ်လုပ်နေတယ်လို့ဆိုပါတယ်။

၈. Elon Musk ရဲဲ့ကိုယ်ပိုင် Jet ဘယ်ကိုသွားနေတယ်ဆိုတာ အမြဲခြေရာခံပြီး Twitte မှာတင်ပေးနေတဲ့ Jack Sweeney ဆိုတဲ့လူငယ်ကို သူရဲ့ Twitter အကောင့်ကိုဖျက်ပေးမယ်ဆိုရင် Tesla Model 3 ကားကို ၃ နှစ်အခမဲ့ပေးစီးမယ်လို့ ကမ်းလှမ်းခဲ့ပေမယ့် လူငယ်ကငြင်းခဲ့တယ်လို့ဆိုပါတယ်။

၉. Ford နဲ့ DTE တို့လို ကား Company ကြီးတွေအနေနဲ့ ကားလမ်းထဲမှာ ထည့်သွင်းထားတဲ့ Electron လမ်းကြောင်းကနေတစ်ဆင့် လျှပ်စစ်ကားတွေကို အားသွင်းပေးနိုင်ဖို့ Detroit မြို့မှာစတင်နေပြီဖြစ်ပါတယ်။

10. COVID-19 ကြောင့် ကမ္ဘာတစ်ဝှမ်းမှာ Semiconductor ထုတ်လုပ်မှုတွေ အခက်ကြုံရပြီး Chipsets အသုံးပြုရတဲ့ လျှပ်စစ်ပစ္စည်း ထုတ်လုပ်မှုမှန်သမျှ 2025 လောက်ထိ ခက်ခဲနှောင့်နှေးမယ်လို့ Data Analyst တွေကပြောထားပါတယ်။

Ref : Business Insider

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

နောက်ထွက်လာမယ့် Samsung ဖုန်းတွေမှာ Android Os Update ၄ နှစ်ထိပါဝင်လာမည်

Next
Next

ဥရောပမှာ Facebook နဲ့ Instagram ရုပ်သိမ်းရမယ့် အခြေအနေကြုံတွေ့နေရ