vivo သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး 50MP AF ရှေ့ကင်မရာပါဝင်သည့် ပါးလွှာသောဒီဇိုင်းပုံစံဖြင့် V23e ကို မိတ်ဆက်ပေးခဲ့သည်

ဈေးကွက်ရှေ့ဆောင် နည်းပညာ အမှတ်တံဆိပ်တစ်ခုဖြစ်သည့် vivo သည် များပြားလှစွာသော  Features၊ ဆန်းသစ်တီထွင်မှု အပြည့်နှင့် အလွန်ကောင်းမွန်သော 50MP AF Portrait Selfie အရှေ့ဘက်ကင်မရာပါရှိပြီး Selfie ဓာတ်ပုံကို အမြင့်ဆုံးစွမ်းဆောင် ရိုက်ကူးနိုင်မည့် V23e စမတ်ဖုန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် မိတ်ဆက်ခဲ့ပါသည်။ V23e အသစ်သည် AI Extreme Night Portrait Mode ဖြင့် ညပုံရိပ်များကို အံဝင်ခွင်ကျဖြစ်အောင် မြှင့်တင်ပေးထားသောကြောင့် Autofocus နှင့် portrait ရိုက်ကူးရာတွင် ထူးထူးခြားခြား ရှင်းလင်းပြတ်သားမှုနှင့် တည်ငြိမ်မှုတို့ကို ရရှိစေပါသည်။ vivo V23e သည် Double Exposure Mode၊ အဆင့်မြှင့်ထားသော Dual-View Video နှင့် Steadiface Selfie Video တို့မှတစ်ဆင့် ရိုက်ကူးမှုအတွေ့အကြုံကို ပိုမိုကောင်းမွန်အောင် စွမ်းဆောင်ပေးထားပါသည်။  vivo Myanmar ၏ CEO ဖြစ်သူ Mr. Nelson Ni မှ "vivo ဟာ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အမြဲကြိုးစားနေပြီး ကောင်းမွန်တဲ့နေ့စဉ် Selfie အတွေ့အကြုံကို ပေးစွမ်းနိုင်သည့်အပြင် စျေးနှုန်းသင့်တင့်သည့် စမတ်ဖုန်းများကို ထုတ်လုပ်ပေးနေပါတယ်။ V23e တွင် ဈေးကွက်ရှေ့ဆောင် ထိပ်တန်း 50MP ရှေ့ကင်မရာနှင့် ဆန်းသစ်တီထွင်မှုအပြည့်ပါရှိသော features များဖြင့် ဒီဇိုင်းထုတ်လုပ်ထားပါသည်” ဟုပြောကြားခဲ့ပါသည်။ 
ဈေးကွက်ရှေ့ဆောင်ထိပ်တန်း 50MP AF ရှေ့ကင်မရာသည် Selfie ရိုက်ကူးမှုအတွေ့အကြုံကို ပြောင်းလဲနိုင်
V23e တွင် AI Extreme Night Portrait နှင့် Multi-Style Portrait အပါအဝင် နည်းပညာဆန်းသစ်တီထွင်မှုများ ဖြစ်သည့် Autofocus နှင့် Portrait Mode တို့ ပါဝင်ပေါင်းစပ်ထားပါသည်။ 50MP AF Portrait Selfie  သည်အရောင်ကြည်လင်ပြတ်သားမှု မြင့်မားသော Selfie များကို ထုတ်လုပ်ပေးသည်။ Features အသစ်ဖြစ်သည့်  Eye Autofocus သည်သုံးစွဲသူတစ်ဦးချင်းစီ၏ မျက်လုံးများကို တိကျမှန်ကန်ဆုံး ဖမ်းယူပေးကာ သုံးစွဲသူများအား ကြည်နူးဖွယ်အခိုက်အတန့်များကို လျပ်တပြက် ရိုက်ကူးရရှိစေပါသည်။

AI Extreme Night Portrait ပါဝင်သောကြောင့် အလင်းရောင်နည်းတဲ့ ပတ်ဝန်းကျင်မှာ တောက်ပတဲ့ Portraits ဓာတ်ပုံများရိုက်ကူးနိုင်ပြီး Multi-Style Portrait Mode ကြောင့် အနုပညာဆန်သည့် ပျော်ရွှင်ဖွယ် ရိုက်ချက်များကို ဖန်တီးနိုင်မှာဖြစ်ပါသည်။ ထို့အပြင် Dual-View Video တွင် အချိုးအဆ ချိန်ညှိနိုင်သော Features ပါဝင်သောကြောင့် မေ့မရနိုင်သော အခိုက်အတန့်များစွာကို တစ်ပြိုင်နက်ထဲ ရှုတောင့်နှစ်မျိုးကနေ  ဗီဒီယိုရိုက်ကူးနိုင်သည့် အရှေ့ဘက်နှင့်အနောက်ဘက် ကင်မရာများ ထည့်သွင်းပေးထားပါသည်။ 

Double Exposure သည် နောက်ခံဓာတ်ပုံများကို အခြားရုပ်ပုံများအတွင်းသို Export လုပ်နိုင်သည့် ပျော်စရာလုပ်ဆောင်ချက်တစ်ခု ဖြစ်တာကြောင့် သုံးစွဲသူများ စတိုင်လ်နှင့် တီထွင်ဖန်တီးနိုင်စွမ်းကို အကန့်အသတ်မရှိ ပံ့ပိုးပေးပါသည်။ V23e မှာ Steadiface Selfie Video Mode ပါဝင်သောကြောင့် selfie ဓာတ်ပုံရိုက်ကူးတဲ့အခါ တုန်လှုပ်ခြင်း မရှိပဲ  တည်ငြိမ်သော Selfie ဓာတ်ပုံများကို ဖန်တီးပေးပါသည်။
စတိုင်လ်ကျပြီး ပါးလွှာသော Design နှင့် Features များ

V23e အသစ်၏ အထူသည် 7.36mm* သာရှိသောကြောင့် ဆန်းသစ်သောဒီဇိုင်းနှင့် အဆင့်မြင့်ထုတ်လုပ်မှုလုပ်ငန်းစဉ်မှ တဆင့်ပေါ်လာသော 2.5D ပြားချပ်ချပ်ဘောင်ဖြင့် အလွန်ပါးလွှာပြီး ပေါ့ပါးသည့် ဖုန်းတစ်လုံးဖြစ်ပါသည်။

V23e Moonlight Shadow edition တွင် Nanoscale ဖြင့် ပြုလုပ်ဖန်တီးထားပြီး ဆန်းသစ်သော ကြွေဖလင်ပြားအပေါ်ယံပိုင်းကို ခေတ်မှီအောင် ပြုလုပ်ပေးထားရုံသာမက လေးနက်ကျက်သရေရှိပြီး ဂန္တဝင်ဆန်ဆန် ဖော်ညွှန်းထားတာ ဖြစ်ပါသည်။ Sunshine Coast Editiion မှာတော့ ဆန့်ကျင်ဘက်အနေဖြင့် Sports AG Glass ဖြစ် ကျောက်စိမ်းကဲ့သို့ နူးညံ့ချောမွေ့သော အထိအတွေ့နှင့် နွေးထွေးမှုကို ပေးပါသည်။ V23e ၏ အရောင်များသည် ရင်သပ်ရှုမောဖွယ်အသွင်အပြင်ကို ပေးစွမ်းပြီး အဆင့်မြင့်ဖက်ရှင်စတိုင်ဖြင့် မတူညီသောရှုထောင့်များမှ အရောင်သွေးစုံလင်စွာ ထည့်ထားပါသည်။  V23e  သည် နည်းပညာနှင့် သဘာဝကို ပေါင်းစပ်ပြီး သုံးစွဲသူတွေ စိတ်တိုင်းကျနိုင်မည့် ဒီဇိုင်းကို ပိုမိုအားစိုက် ထုတ်လုပ်ထားကြောင်း သိရှိရပါသည်။ 
ကြွယ်ဝသော Features များဖြင့် အလွန်ချောမွေ့သော အတွေ့အကြုံ

vivo V23e အသစ်တွင် သုံးစွဲသူတစ်ဦးချင်းစီ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် vivo ၏ ပိုမိုကျယ်ပြန့်သော ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် Funtouch OS 12 ထည့်သွင်းထားသည်။ V23e သည် Extended RAM 2.0 ဖြင့် 8 GB + 4 GB တိုးချဲ့ RAM ကြောင့် အကောင်းဆုံးအတွေ့အကြုံကို ပေးစွမ်းပြီး လိုအပ်သည့်အခါတိုင်း 4GB memory ကို RAM အဖြစ် အသုံးပြုနိုင်သည်။ ထို့ကြောင့် အသုံးပြုသူများသည် အချိန်မရွေး နေရာမရွေး lag ဖြစ်ခြင်းကင်းသော အတွေ့အကြုံကို ခံစားရရှိနိုင်ပါသည်။

ယခင်ထုတ်ကုန်များနှင့် နှိုင်းယှဉ်ပါက V23e ၏ 44W FlashCharge အမြင့်ဆုံးအားသွင်းပါဝါသည် 33% တိုးလာသည့်အပြင် ဖုန်းကို 1% မှ 40% အထိ 15 မိနစ်အတွင်း အားသွင်းနိုင်ပြီး တစ်နေ့တာလုံး ကြာရှည်စွာ အနှောင့်အယှက်ကင်းကင်းဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ ဂီတနှင့် မူရင်းအသံထုတ်လုပ်မှုအတွက် V23e မှာ ပေးစွမ်းနိုင်သည့် Hi-Res certification သည် ပြီးပြည့်စုံသောအရည်အသွေးမြင့် Audio အတွေ့အကြုံကို ပေးစွမ်းနိုင်သည်။ 

အမှောင်ထဲတွင် အလွန်ကြည်လင်ပြတ်သားစွာ မြင်နိုင်မယ့် အနောက်ကင်မရာ

V23e အသစ်တွင်ပါရှိသော 64MP Night Camera သည် သုံးစွဲသူများအတွက် အကောင်းဆုံးသော ဓာတ်ပုံရိုက်ခြင်းအတွေ့အကြုံကို ပေးစွမ်းသည်။ 
8MP super wide-angle ကင်မရာနှင့် 2MP macro ကင်မရာတို့နှင့်အတူ၊ မတူညီသော Setting များဖြင့် လှပသောအခိုက်အတန့်များကို ရိုက်ကူးရန် ပြည့်စုံသော မှန်ဘီလူးအစုံကို ထည့်သွင်းထားသည်။ vivo V23e ရဲ့ Bokeh Flare Portrait သည် Flare effect ပါဝင်သောကြောင့် ညဘက်မြင်ကွင်းများအတွက် ပိုမိုကောင်းမွန်စေပါသည်။

နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများနှင့် အနုပညာဆန်ဆန်ပြီးပြည့်စုံမှုကို ပေါင်းစပ်ခြင်းဖြင့် vivo သည် V23e မှတစ်ဆင့် ထူးခြားသော selfie ဓာတ်ပုံအတွေ့အကြုံကို ပေးဆောင်ရုံသာမက စွမ်းဆောင်ရည်မြင့်မားပြီး ဈေးသက်သာသည့် ထုတ်ကုန်များအတွက် အမြဲအသင့်ရှိနေပါသည်။

စျေးနှုန်းနှင့် ရရှိနိုင်မှု အချက်အလက်
V23 series ဖုန်းတွေသည် အရောင်အားဖြင့် ၂ ရောင်စီဖြင့် စျေးကွက်ထဲတွင် ဝယ်ယူရရှိနိုင်ပါသည်။ V23 5G  တွင် Stardust Black နှင့် Sunshine Gold ၊ V23e  တွင် Moonlight Shadow နှင့် Sunshine Coast Editions ဆိုပြီး ဖေဖော်ဝါရီ ၂၈ရက်နေ့တွင် မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့ပါသည်။ V23 series ကို မြန်မာနိုင်ငံတွင်       မတ် ၅ ရက်နေ့မှ စတင်ပြီး V23 5G - ၁,၀၉၉,၈၀၀ ကျပ်၊  V23e - ၆၂၉,၈၀၀ ကျပ် ဖြင့် အမြို့မြို့အနယ်နယ်ရှိ vivo Showroom များနှင့် vivo ကောင်တာရှိသည့် မိုဘိုင်းဖုန်းအရောင်းဆိုင်တိုင်းတွင်  ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါသည်။ 
Previous
Previous

အကောင့်မျှသုံးရင် ပိုက်ဆံအပိုကောက်တော့မယ့် Netflix

Next
Next

iOS 15.4 မှာ အသစ်ပါဝင်လာတဲ့ Emoji 37 ခု