အစစ်အမှန်ကိုပဲ မြင်ရမယ့် Social Media အသစ်

ကျွန်တော်တို့ Social Media တွေကို တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ဖို့၊ သတင်းအချက်အလက်မျှဝေဖို့အသုံးပြုကြပါတယ်။ နည်းပညာပိုမိုတိုးတက်လာတဲ့ နောက်ပိုင်းမှာတော့ သတင်းမီဒီယာတွေနဲ့ လူမှုကွန်ရက်ဆိုတာ သုံးတတ်ရင် ပိုက်ဆံရှာဖို့၊ သူငယ်ချင်းရှာဖို့၊ ချစ်သူရည်းစားရှာဖို့ အစရှိတဲ့ ဘဝတစ်ခုလုံးကိုပါ တိုက်ရိုက်ပတ်သတ်နိုင်တဲ့ အကျိုးသက်ရောက်မှုတွေရှိလာပါတယ်။ ဒီလိုအခါမှာ Social Media ဆိုတာ App တစ်ခု၊ Platform တစ်ခုထက်ပိုလာပါတယ်။​

သတင်းတွေမျှဝေရာကနေ လူတွေရဲ့စိတ််ပိုင်းဆိုင်ရာကို Social Media ကနေလွှမ်းမို့ဖို့အတွက် လုပ်ဆောင်လာခြင်းမှာ Negative Impact တွေရှိလာပါတယ်။ လူမှုကွန်ရက်တွေကနေတစ်ဆင့် သူများတွေအားကျမှု၊ သူတစ်ပါးစိတ်ကို ဆွဲဆောင်ဖို့အတွက် မရှိတာကို အရှိလုပ်၊ မမှန်တဲ့အရာကို မှန်တယ်ထင်အောင်ပြော၊ Like တစ်ခု၊ Comment တစ်ခု၊ View တစ်ခုအတွက် လိမ်လည်တဲ့အခါမှာ Cyber Law အရအရေးယူတာတွေရှိလာပါတယ်။

အခုပြောပြမယ့် App ကတော့ လူမှုကွန်ရက်မှာ အများစုဟာ မိမိတို့ဓာတ်ပုံတွေကို လူမှုကွန်ရက်ပေါ်ကို Selfie တင်တဲ့အခါ ကြည့်ရှုသူတွေအနေနဲ့ ကင်မရာနောက်ကွယ်မှာ ဘယ်သူရှိတယ်၊ ဘယ်နေရာမှာရှိတယ်ဆိုတဲ့ အမှန်တရားကို ပြသဖို့အတွက် ရည်ရွယ်ပြီးထုတ်လုပ်ထားပါတယ်။

Be Real ( အစစ်အမှန်ဖြစ်ပါစေ) လို့နာမည်ရတဲ့ ဒီ App ကတော့ နာမည်ကြီး Facebook လိုမျိုးပုံတွေတင် Like တွေပေးလို့ရတဲ့ App တစ်ခုပါ။ ဒါပေမယ့် Facebook အပြင်တစ်ခြား Social Media တွေနဲ့မတူတာက Be Real မှာ Selfie ပုံတင်တဲ့အခါ ဖုန်းရဲ့ရှေ့ဖက်ကင်မရာရော၊ နောက်ဖက်ကင်မရာရောက တစ်ပြိုင်နက် ပုံဖမ်းယူပြီး ကင်မရာနောက်ကွယ်က အဖြစ်အပျက်ကိုပါ မှတ်တမ်းတင်မှာသာ App ရဲ့ Newsfeed မှာ ဓာတ်ပုံတင်နိုင်တာဖြစ်ပါတယ်။ App မှာ တစ်ခြား Camera နဲ့ကြိုတင်ရိုက်ယူထားတဲ့ ပုံတွေတင်လို့မရသလို Editတွေလည်း လုပ်လို့မရလို့ တစ်ကယ်အစစ်အမှန်ကိုပဲ Be Real မှာမြင်ရတာဖြစ်ပါတယ်။ Be Real အသုံးပြုသူတွေကို 24 နာရီကြာတိုင်း App က ပုံတစ်ပုံကို ရိုက်ယူပြီး သူတို့ App ပေါ်မှာတင်ဖို့ သတိပေးမှာဖြစ်ပြီး ကိုယ်က Notification ဝင်လာတဲ့အခါ ဓာတ်ပုံရိုက်ယူပြီး မျှဝေယုံပါပဲ။ Europe ဖက်မှာတော့ အတော်လေး အသုံးပြုသူများနေပေမယ့် Asia မှာတော့ အသုံးပြုသူနည်းပါသေးတယ်။ အတုအယောင်တွေပေါလာတဲ့အချိန်မှာ အစစ်အမှန်တွေပဲ ဖော်ပြတဲ့ Be Real ကိုသုံးကြည့်ဖို့အကြံပေးချင်ပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Instagram ကနေဖယ်ရှားခံလိုက်ရတဲ့ PornHub Official Account

Next
Next

ဆိုင်ဘာတိုက်ခိုက်မှုကြောင့် ရုရှားနိုင်ငံ Moscow မြို့မှာ ယာဥ်ကြောပိတ်ဆို့မှု အကြီးအကျယ်ဖြစ်ပွား