တရုတ် Covid Lockdowns ကြောင့် iPhone 14 ထုတ်လုပ်မှု နှောင့်နှေးမည်

Nikkei Asia ရဲ့သတင်းတွေအရ လောလောဆယ် Covid ကြောင့် တရုတ်နိုင်ငံမှာ တင်းကြပ်တဲ့ စည်းကမ်းတွေနဲ့အတူ Lockdowns တွေချမှတ်နေပါတယ်။ ခုလို Lockdowns တွေကြောင့် စက်ရုံတွေပိတ်ရတာရှိလို့ တရုတ်မှာထုတ်လုပ်နေတဲ့ iPhone 14 တွေအနေနဲ့ ထုတ်လုပ်မှု နှောင့်နှေးသွားတယ်လို့ ဆိုပါတယ်။ အတွင်းသတင်းတွေအရ Apple အနေနဲ့ Supplier တွေကို Deadline နဲ့နီးနေတဲ့အတွက် ပစ္စည်းတွေ အမြန်ထုတ်ပေးဖို့ ဆော်သြနေတယ်လို့ သိရပါတယ်။

Foxconn, Pegatron နဲ့ Luxshare Precision တို့ဟာ Apple ရဲ့အဓိက Supplier တွေဖြစ်ကြပြီး Pegatron နဲ့ Luxshare တို့ဟာ ရှန်ဟိုင်းမှာ ပုံမှန်ပြန်လည်ပတ်ဖို့ ကြိုးစားနေပေမယ့် Lockdown တွေနဲ့ပဲ တိုင်ပတ်နေပါတယ်။ ခန့်မှန်းချက်တွေအရ တရုတ်မှာ Covid Lockdown တွေကြောင့် iPhone ထုတ်လုပ်မှုတွေ နှောင့်နှေးသွားရပြီး အနည်းဆုံး $8 Billion ခန့်ဆုံးရှုံးသွားနိုင်မယ်လို့ဆိုပါတယ်။

အရင်တုန်းက ထုတ်ခဲ့ဖူးတဲ့ iPhone Model တွေအရ iPhone တွေဟာ Engineering Test State ကို June လထဲမှာ ရောက်လေ့ရှိပါတယ်။ Report တွေထဲမှာတော့ iPhone 14 Series တွေဟာ သတ်မှတ်ထားတဲ့ ရက်ထက် ၃ ပတ်ခန့်နောက်ကျနေပြီလို့ ဆိုပါတယ်။ Apple အနေနဲ့ iPhone 14 ကို September အတွင်း တပ်ဆင်ဖို့ ရည်ရွယ်ထားပေမယ့် ခုလိုနောက်ကျ တာတွေကြောင့် ဖြစ်နိုင်ပါ့မလား ဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

၂၀၂၅ မှာ Mobile နဲ့ PC Platform ပေါ်ကို ထွက်ဖူးသမျှဂိမ်းတစ်ဝက်လောက် Sony တင်သွားမည်

Next
Next

ဇွန်လဆန်းတွင် စတင်ဝယ်ယူနိုင်မည့် HUAWEI nova Y70 အား ဝယ်ယူသင့်သည့် အကြောင်းအရင်း (၄) ချက်