"Hey Siri" မဟုတ်တဲ့ "Siri"

Apple အနေနဲ့ Siri ရဲ့အလုပ်လုပ်ပုံကို အကြီးစားပြောင်းလဲမှုတွေ ပြုလုပ်နေပါတယ်။ ဒါကတော့ တစ်ခြားမဟုတ်ပဲ Siri ကို Voice Command နဲ့ ခေါ်တဲ့အခါ "Hey Siri" အစား "Siri" လို့ခေါ်လို့ရအောင် ပြင်ဆင်နေတာဖြစ်ပါတယ်။ Bloomberg သတင်းမှာလည်း "Hey" စကားလုံးကို ဖြုတ်ပစ်ဖို့ Apple အနေနဲ့ Data Engineer တွေနဲ့ ပြင်ဆင်နေတာ လချီနေပြီဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့တော့ Apple အသုံးပြုသူတွေ အာညောင်းသက်သာတော့မှာပါ။

ဒါပေမယ့် ခုလို "Hey" တစ်လုံးဖြုတ်ဖို့ဆိုတာကလည်း အရမ်းလွယ်ကူနေတာမဟုတ်ပါဘူး။ ကမ္ဘာတစ်ဝှမ်းက ဘာသာစကားတိုင်းရဲ့လေယူလေသိမ််းနဲ့ အသံထွက် "Hey" ကိုဖြုတ်ပစ်ဖို့ဆိုတာ AI ကို လနဲ့ချီပြီး သန်းနဲ့ချီတဲ့ Dataset တွေနဲ့ အချိန်ယူပြီး Train ရတာဖြစ်လို့ အတော်လေး အချိန်ယူရပါတယ်။ ဒါ့အပြင် Third-part Application တွေကိုလည်း Siri နဲ့ချိတ်ဆက် အသုံးပြုနိုင်အောင် ပြင်ဆင်နေပါသေးတယ်။

ဒီစကားလေးဖြုတ်တာ တစ်ကယ်တော့ လုပ်သင့်နေတာကြာပါပြီ။ Amazon Alexa မှာဆိုရင်လည်း "Alexa" လို့ခေါ်လိုက်ရင် AI က Response ပြန်ပြီးသာပါ။ Google ကတော့ ဒီနေရာမှာ ခြေတစ်လှမ်းနောက်ကျသွားပါပြီ။ အကြောင်းကတော့ Google Assistance ကို ယနေ့တိုင် "Hey Google" "OK Google" လို့ခေါ်နေရတုန်းမို့ပါ။

အခရာပရိသတ်ထဲမှာ AI Assistance တွေ သုံးဖြစ်နေကြတဲ့သူတွေရှိလားဗျ?

Ref : Android Authority

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ဆွဲဆန့်နိုင်တဲ့ LG Display

Next
Next

Z-library Site ဖြုတ်ချခံရ