ဖုန်းကနေ Personal Computer ကို File အလွယ်အတူပြောင်းနည်း ၅ မျိုး

ဖုန်းတွေမှာ Storage တွေပြည့်နေပြီ ဒါပေမယ့် ဖျက်ပစ်ဖို့လည်း နှမျောတဲ့ အချက်အလက်တွေဖြစ်နေတယ်။ Cloud ပေါ်လည်းမတင်ချင်၊ Pc ရှိတဲ့ မိတ်ဆွေများအနေနဲ့ Android ဖုန်းကနေ PC ထဲကို Data အလွယ်တကူသိမ်းနည်း ၅ မျိုး ပြောပြပေးပါမယ်။

၁. USB Cable
ထုံးစံအတိုင်း USB Cable သုံးတာပါ။ အလွယ်ကူဆုံးနဲ့ အမြန်ဆုံး အလုပ်ရှုပ် အသက်သာဆုံးနည်းဖြစ်ပါတယ်။ ကြိုးနဲ့ Data ကူးတဲ့အခါ Data Cable ကိုကောင်းကောင်းလေး သုံးဖို့တော့ အကြံပေးချင်ပါတယ်။ Android to Windows ကူးတဲ့အခါ သိပ်ပြဿနာမရှိပေမယ့် Mac သုံးတဲ့သူတွေကတော့ Android File Transfer App သုံးနိုင်ပါတယ်။

၂. Bluetooth
နှေးတယ်ဆိုပေမယ့် ရွေးချယ်စရာအဖြစ် ရှိနေသေးတဲ့ Bluetooth ပဲဖြစ်ပါတယ်။ တစ်ခြား Transfer နည်းတွေနဲ့စာရင် နှေးတယ်ဆိုပေမယ့် လွယ်ကူတဲ့နည်းဖြစ်တဲ့အပြင် Os မရွေး အလုပ်ဖြစ်တာမို့ ဘာပဲဖြစ်ဖြစ်ဆိုပြီး သုံးလို့ရပါသေးတယ်။

၃. Microsoft Phone Link
နောက်တစ်ခုကတော့ အရင်တုန်းက Phone Companion လို့သိထားတဲ့ App တစ်ခုဖြစ်တဲ့ Microsoft Phone Link ပဲဖြစ်ပါတယ်။ တစ်ချို့ Samsung Galaxy တွေမှာသုံးလို့မရအောင်ကန့်သတ်ချက်တွေရှိပေမယ့် နောက်ပိုင်းမှာတော့ Android 7.0 အထက်သုံးထားတဲ့ ဖုန်းတွေမှာ အကုန်သုံးလို့ရပါတယ်။

၄. Snapdrop
Snapdrop ကတော့ Local File Sharing System ပဲဖြစ်ပါတယ်။ ဒီကောင်မှာတော့ Wifi နဲ့အလုပ်လုပ်တာဖြစ်လို့ မြန်လည်းမြန်သလို Os လည်း မရွေးတာမို့ အတော်လေးသုံးလို့အဆင်ပြေမယ့် နည်းလေးဖြစ်ပါတယ်။

၅. Cloud
Last but not Leastပါပဲ။ တစ်ကယ်လို့ ကိုယ့်မှာ Internet Access လွယ်ကူရင် လွယ်လွယ်ကူကူသုံးလို့ရတာ Cloud ပဲသုံးလိုက်ပါ။ Google Drive, One Drive, We Transfer လိုမျိုး အခမဲ့ရတဲ့ ကောင်တွေအများကြီးရှိပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ဆန်းသစ်ခန့်ညားသော အရောင်သစ်မျာ:ဖြင့် ထပ်မံထုတ်လုပ်ထားသည့်Galaxy A03 Core စမတ်ဖုန်းကို တိုင်းရင်းသာ:ဘာသာစကားများဖြင့် ဖန်တီးထုတ်လုပ်ထားသောသီချင်းမျာ:နှင့်အတူ Samsung Myanmar မိတ်ဆက်

Next
Next

တရုတ်မှာ Driverless Taxi ပထမဆုံးအသုံးပြုမယ့် Baidu