တရုတ် Display ထုတ်လုပ်ရေးတစ်ခုဖြစ်တဲ့ BOE အနေနဲ့ iPhone 14 OLED ထုတ်လုပ်ရေး ရပ်ဆိုင်းနိုင်ရချေရှိ
တရုတ်ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Beijing Oriential Electronics BOE အနေနဲ့ Apple ကို Display Panel တွေထုတ်လုပ်ပေးဖို့ စာချုပ် ဆုံးရှုံးရနိုင်ချေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တရားဝင် ကြေငြာခြင်းမရှိသေးပဲ Apple ဖက်က စာကိုစောင့်နေရခြင်း ဖြစ်ကြောင်း သတင်းတွေမှာ ထုတ်ပြန်ထားပါတယ်။ ဒီစာချုပ်မချုပ်ဖြစ်ရင် အနည်းဆုံး iPhone 14 အတွက် ထုတ်ပေးရမယ့် Screen သန်း ၃၀ လောက် ဆုံးရှုံးရမှာပါ။
ခုလိုဖြစ်ရတဲ့ အကြောင်းအရင်းကတော့ BOE ကထုတ်တဲ့ iPhone 13 Display Panel တွေမှာ Circuit Size ကို ကြီးပစ်လိုက်တဲ့အတွက် ထုတ်လုပ်မှုတွေမှာ ကုန်ကျစရိတ်တက်သွားတာကြောင့် Apple အနေနဲ့ Display Panel ထုတ်လုပ်မှုတွေကို ရပ်ဆိုင်းခိုင်းတဲ့အထိ ဖြစ်ခဲ့ပါတယ်။
BOE ရဲ့ iPhone 13 အတွက် Display Panel ထုတ်လုပ်မှုဟာ ဖေဖော်ဝါရီကတည်းက ရပ်တန့်ခဲ့ပြီး Elec ရဲ့ ထုတ်ပြန်ချက်တွေအရ BOE ရဲ့ CEO Level အထိ Apple HQ ကိုသွားပြီး ရှင်းပြရတဲ့အထိ ကြီးကြီးကျယ်ကျယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် BOE အနေနဲ့ iPhone 14 အတွက်ပါ Display တွေထုတ်ဖို့ Apple ကိုကမ်းလှမ်းခဲ့ပေမယ့် Apple ကတော့ အကြောင်းပြန်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။
Apple အနေနဲ့ Display အတွက် Samsung နဲ့ LG အပေါ်မှီခိုတာကို တစ်ဖြည်းဖြည်း လျော့ချလိုနေပြီး ပိုဈေးချို၊ ပိုကောင်းတဲ့ Supplier တွေကို လိုက်ရှာနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် BOE နဲ့ ယခုလို ပြဿနာတွေဖြစ်နေတဲ့အတွက် iPhone 14 အတွက် Display ကို Samsung နဲ့ LG ဆီကနေပဲ ပြန်လည်မှာယူရမယ့် အနေအထားဖြစ်နေပါတယ်။
Ref : SMTP