Snapdragon 7 Gen 1 ကိုမိတ်ဆက်လာတဲ့ Qualcomm

လောလောဆယ် Android ဖုန်းလောကမှာ Qualcomm ရဲ့ Snapdragon 8 Gen 1+ ဟာ Flagship chipset တွေထဲမှာ အသစ်ဆုံး၊ ​Performance အကောင်းဆုံးပါ။ ဒီနေ့မှာတော့ Qualcomm အနေနဲ့ Midrange ဖုန်းတွေအတွက် Chipset အသစ်ကိုလည်း ထုတ်ပြလိုက်ပါပြီ။ 4nm ပေါ်မှာ Operate လုပ်တဲ့ Snapdragon 7 Series မှာ Qualcomm ရဲ့ AI engine လည်းပါဝင်နေဦးမှာပါ။ ဒါ့အပြင် 200MP ထိ ပုံတွေကို Operate လုပ်နိုင်မယ့်အပြင် Android Ready ဖြစ်နေတဲ့ E-money solution လည်းဖြစ်ပါလိမ့်မယ်။

Kyro CPU cluster ပါဝင်တဲ့ 2.4Ghz အထိ clock လုပ်ထားတဲ့ CPU အပြင် Adreno 662 GPU core လည်း တပ်ဆင်ထားမယ်လို့ ဆိုပါတယ်။ Qualcomm အနေနဲ့ Snapdragon 7 ဟာ Graphics တွေကို Snapdragon 778G ထက် 20% ပိုကောင်းအောင် လုပ်ဆောင်ပေးနိုင်ပြီး AI လုပ်ဆောင်ချက်တွေကိုလည်း 30% ပိုမြန်စေနိုင်တယ်လို့ ဆိုပါတယ်။

Adreno Frame Motion Engine တွေအနေနဲ့ Snapdragon 778G ထက်စာရင် SD 7 Gen က FPS ကို ၂ဆပိုတိုးလာစေပြီး Power Comsumption ပိုင်းမှာတော့ အတူတူပဲလို့ဆိုပါတယ်။ RAM ကိုလည်း 16GB LP-DDR5 ထိအသုံးပြုနိုင်မယ်လို့ ဆိုထားပါတယ်။

Network ပိုင်းမှာလည်း Snapdragon X62 5G modem ကိုတပ်ဆင်ထားပြီး Download Speed 4.4Gbps ထိသုံးနိုင်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Dual 5G ကိုလည်း အသုံးပြုနိုင်ပါသေးတယ်။ ဒါ့အပြင် Wifi 6E နဲ့ Bluetooth 5.3 ကိုလည်း Support လုပ်ဦးမှာပါ။

Qualcomm ရဲ့ Spectra Triple ISP ကလည်း Image Processing ပိုင်းမှာ Sensor size 200MP ထိအသုံးပြုနိုင်ပြီး 4K HDR Video Recording ရမှာဖြစ်လို့ လုံးဝအမိုက်စားပါပဲ။ HEVC formant recording လည်း သုံးလို့ရဦးမယ်လို့ ထပ်ဆောင်းပြောထားပါသေးတယ်။ ဒါ့အပြင် ခုလောလောဆယ် ရေပန်းစားလာတဲ့ Digital Wallet အတွက် လုံခြုံရေးပိုမြှင့်ထားတဲ့ Trusted Enging Management နဲ့ Optimal Security ကိုလည်း ပေးစွမ်းမှာပါ။

ပထမဆုံး Snapdragon 7 Gen 1 တွေကို လာမယ့် အပတ်အနည်းငယ်အတွင်း ထုတ်လုပ်သွားမှာဖြစ်ပြီး May 23 မှာ မိတ်ဆက်သွားမယ့် Oppo Reno 8 Pro ဟာ Snapdragon 7 Gen 1 ကိုပထမဆုံးအသုံးပြုမယ့် ဖုန်းဖြစ်လာနိုင်ကြောင်း သိရပါတယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

တရုတ် Display ထုတ်လုပ်ရေးတစ်ခုဖြစ်တဲ့ BOE အနေနဲ့ iPhone 14 OLED ထုတ်လုပ်ရေး ရပ်ဆိုင်းနိုင်ရချေရှိ

Next
Next

မကြာသေးမှီကမိတ်ဆက်ခဲ့သည့် Smart office နှင့် သင်ကြားရေးပိုင်းတို့အတွက် သင့်လျော်သည့် new generation tablet အသစ်ဖြစ်သော HUAWEI MatePad အားမြန်မာနိုင်ငံစျေးကွက်တွင်ဝယ်ယူရရှိနိုင်ပြီ