Google Android App မှာ လွန်ခဲ့တဲ့၁၅မိနစ်အတွင်း ကSearch History ကို လွယ်လွယ်ဖျက်လို့ရတော့မယ်

Google အနေနဲ့ လွန်ခဲ့တဲ့ ၁၅ မိနစ်အတွင်း ရှာထားတဲ့ Browsing History တွေကို ဖျက်လို့ရအောင် Android App ထဲမှာ ထည့်ပေးလိုက်ပါတယ်။ ဒီသတင်းကို The Verge ကလည်း အတည်ပြုထားပါတယ်။ ပုံမှန်အချိန်မှာ ၁ နာရီအတွင်းက Record တွေကိုပဲ ဖျက်လို့ရအောင် လုပ်ထားပေမယ့် ခုတော့ ၁၅ မိနစ်ထိ ဖျက်လို့ရအောင်လုပ်ပေးလိုက်တာဖြစ်ပါတယ်။

"ကျွန်တော်တို့အနေနဲ့ ဒီလုပ််ဆောင်ချက်ကို Androidအတွက် ထုတ်ထားတဲ့ Google App မှာစတင်သုံးခွင့်ပေးထားပြီဖြစ်ပြီး နောက်ရက်သတ္တပတ်အနည်းငယ်အတွင်း လူတိုင််းသုံးလိို့ရအောင် ထုတ်ပေးသွားမှာပါ"လို့ Google ပြောရေးဆိုခွင့်ရှိသူ Ned Adrianceက The Verge ကိုပြောတဲ့အထဲမှာ ထည့်ပြောသွားပါတယ်။ သုံးစွဲသူတွေ အဆင်ပြေမယ့် လုပ်ဆောင်ချက်အသစ်တွေကိုလည်း ဆက်လက်ထုတ်ပေးသွားမယ်လို့ သူကဆက်လက်ပြီး ပြောခဲ့ပါသေးတယ်။

ဒီလုပ်ဆောင်ချက်ကို XDA Developer ဖြစ်တဲ့ Mishaal Rahman နဲ့ The Verge က Editor တစ်ယောက်က ကစတင်သတိထားမိခဲ့ကြပါတယ်။ ကိုယ့်ဖုန်းမှာ ဒီ Feature သုံးလို့ရမရ သိချင်ရင် Google App က Profile ကို နှိပ်ပြီး "Delete last 15 min" ဆိုတာကို ရှာကြည့်ပြီး သိနိုင်ပါတယ်။

Android ဖုန်းတိုင်း ဒီလုပ်ဆောင်ချက်ကို မရသေးဘူးလို့သိရပြီး Android Version နဲ့သက်ဆိုင်မယ်လို့ဆိုပါတယ်။ ဒီလုပ််ဆောင်ချက်အကြောင်းကို Google က 2021 May လက Google I/O မှာစတင်ကြေငြာထားတာဖြစ်ပါတယ်။ Google iOS မှာတော့ April မှာ စတင်ထည့်သွင်းပေးခဲ့ပြီး July မှာစတင်ရခဲဲ့ပါတယ်။ ဒါပေမယ့် Google အနေနဲ့ Deaadline ကိုကျော်ပြီး 2022 ထိရောက်သွားတာဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို Desktop User တွေအတွက် ထုတ်ပေးမလားဆိုတာတော့ Google က ကြေငြာထားခြင်းမရှိသေးပါဘူး။ 2021 May လ ကြော််ငြာချက်ထဲမှာ ဘယ် Platform တွေကိုတော့ ပေးသုံးမယ်ဆိုတာ တိတိကျကျ ကြော်ငြာထားခြင်းမရှိပါဘူး။ Google က Android နဲ့ iOS ပဲသုံးလို့ရမယ်လို့ ကြေငြာထားတာဖြစ်ပါတယ်။

Google အနေနဲ့ ၃လ, ၁၈လ, ၃၆လ အတွင်းက Browsing History တွေကို ဖျက်လို့ရမယ့် Tool တစ်ခုကိုတော့ ထုတ်ပေးသွားဦးမယ်လို့ ကြေငြာထားပါသေးတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

realme 9i (6+128GB Version) ကိုစျေးနှုန်း ၃၉၉,၉၀၀ ကျပ်ဖြင့် မတ်လ (၁၈) ရက်မှစတင်ကာ ကြိုတင်မှာယူနိုင်ပြီမျက်နှာပြင်တစ်ကြိမ် အခမဲ့လဲလှယ်ခွင့်နှင့်အတူ အထူးလက်ဆောင်များကိုရယူနိုင်မည်

Next
Next

ယူကရိန်းသမ္မတရဲ့ Deepfake Video တွေကို Facebook ကဖျက်ပစ်ခဲ့