အစိုးရပိုင်းဆိုင်ရာတွေလို ဟန်ဆောင်ထားတဲ့ ဟက်ကာတွေကို Data ပေးမိတဲ့ Apple နဲ့ Meta
Apple နဲ့ Meta အနေနဲ့ User တွေရဲ့Data တွေကို Hacker တွေကို ပေးမိခဲ့တယ်လို့ဆိုပါတယ်။ Hacker တွေအနေနဲ့ အစိုးရပိုင်းဆိုင်ရာကနေ အရေးပေါ် ဒေတာတွေပေးဖို့ အကြောင်းကြား ဟန်ဆောင်ပြီး တောင််းခဲ့တယ်လို့ဆိုပါတယ်။ ဒီအဖြစ်အပျက်ဟာ 2021 နှစ်လယ်ပိုင်းကဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ပေးလိုက်တဲ့ ဒေတာတွေမှာ User IP လိပ်စာတွေ၊ ဖုန်းနံပါတ်တွေ၊ အိမ်လိပ်စာတွေ ပါဝင််နေပါတယ်။
အစိုးရပိုင််းဆိုင်ရာတွေဟာ ဆိုရှယ်မီဒီယာတွေထံနေ မကြာခဏဆိုသလို အမှုစုံစမ်းဖို့၊ တရားစီရင်ရေးတွေနဲ့ အ ချက်အလက်တွေတောင်းလေ့ရှိပါတယ်။ ဒီလိုတောင်းဆိုချက်တွေပြုလုပ်ဖို့ အထူးအမိန့်တွေနဲ့အတူ ခွင့်ပြုုချက်အဆင့်ဆင့် ဖြတ်ဖို့ လိုအပ်ပေမယ့် တရားသူကြီးကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ ဒေတာတောင်းဆိုမှုတွေကိုတော့ အရေးတစ်ကြီး လူကိုသေစေမှုတွေပါဝင်လို့ အမြန်််လုပ်ပေးရတာတွေရှိတယ်လို့ဆိုပါတယ်။
အရေးပေါ် ဒေတာတောင်းဆိုမှုလုပ်တာတွေဟာ တစ်ဖြည်းဖြည်းနဲ့ အဖြစ်များလာပြီး လောလောဆယ် ထိခိုက်မှုအများဆုံး တိုက်ခိုက်မှုလည်းဖြစ်တယ်လို့ဆိုပါတယ်။ ဟက်ကာအနေနဲ့ ရဲစခန်းတစ်ခုရဲ့ email စနစ်ကို အရင်ဆုံး ဝင်ရောက်ထိန််းချုပ််ပြီး ရဲစခန်းအာဏာပိုင်တွေက အရေးပေါ် ဒေတာတောင််းခံမှုလုပ်သယောင် ဟန်ဆောင်ပြီး ဆိုရှယ်မီဒီယာအချက်အလက်တွေနဲ့ ဒေတာတွေကို တောင်းခံတာပဲဖြစ်ပါတယ်။ တစ်ချို့ဟက်ကာတွေဆိုရင် အစိုးရ Email တွေကို အွန်လိုင်းကနေတစ်ဆင့် ရောင်းချနေတာတွေပါ ရှိတယ်လို့ ဆိုပါတယ်။ အများစုကလည်း အစိုးရအဖွဲ့အစည်းပုံစံဟန်ဆောင်ပြီး ဒေတာတောင်းခံဖို့ သုံးကြတယ်လို့ဆိုပါတယ်။
ဒီလိုတိုက်ခိုက်မှုကို ပြုလုပ်ကြတဲ့သူအများစုဟာ ဆယ်ကျော်သက် လူငယ်တွေဖြစ််ကြတယ်လို့ဆိုပါတယ်။ မနှစ်ကဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေမှာ Recursion Team လို့ခေါ်တဲ့အဖွဲ့ဖြစ်တယ်လို့ဆိုပါတယ်။ ဒီအဖွဲ့အနေနဲ့ ကမ္ဘာအနှံ့မှာရှိတဲ့ ရဲစခန်းတွေကို ပစ်မှတ်ထားခဲ့ပြီး ဆိုရှယ်မီဒီယာပေါင််းစုံက ဒေတာတွေကို တောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။
Meta နဲ့ Apple ကိုခုအဖြစ်အပျက်တွေနဲ့ ပတ်သတ်ပြီး မေးမြန်းတဲ့အခါမှာလည်း Meta ကတော့ခုလို ဒေတာတောင်းခံလာတဲ့အခါ အရမ်းကိုအထူးပြုပြီး ဆောင်ရွက်နေကြောင််းနဲ့ ခုလောလောဆယ် သံသယရှိတဲ့ Email အကောင့်တွေအကုန်လုံးကို Block ထားတယ်လို့ဆိုပါတယ်။ Apple ကတော့ ဒေတာတောင််းခံမှုနဲ့ပတ်သတ်ပြီး Email နဲ့တင်မဟုတ်ပဲ ဖုန််း (သို့) ဒေတာတောင်းခံတဲ့လူရဲ့ အထက်က အကြီးအကဲကို ဒေတာတောင်းတာ မှန်ကန်မှု ရှိမရှိကိို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဒီလိုလိမ်ခံရတာတွေဟာ Meta နဲ့ Apple တင်မဟုတ်ပဲ ဆိုရှယ်မီဒီယာတော်တော်များများကို သက်ရောက်မှုတွေဖြစ်နေတယ်လို့ ဆိုပါတယ်။
Ref : The Verge