WhatsApp Voice Messages အတွက် Features အသစ်များ

ဒီနေ့မှာ WhatsApp အနေနဲ့ Voice Messages နဲ့ပတ်သတ်ပြီး တော်တော်လေးအသုံးဝင်မယ့် Features တွေကို ထုတ်ပေးလိုက်ပါတယ်။ နေ့စဥ် WhatsApp မှာ စာပို့နေကြသူပေါင်း ၇ ဘီလီယံခန့်ရှိပြီး Meta အနေနဲ့ Voice Message ပိုင်းဆိုင်ရာကို အနည်းငယ် ပြင်ပေးချိန်ရောက်ပြီလို့ ဆုံးဖြတ်လိုက်ပုံရပါတယ်။

ဒါ့အပြင် WhatsApp အသုံးပြုသူတိုင်း အကြိုက်တွေ့မယ့် Voice Message ကိို Pause လုပ်၊ Resume လုပ်လို့ရမယ့် လုပ်ဆောင်ချက်လည်း ပါဝင်လာတော့မှာပါ။ ဒါ့အပြင် အသံဖိုင်တစ်ခုကို မပို့ခင် Preview နားထောင်လို့ရမယ့် လုပ်ဆောင်ချက်လည်း ပါဝင်ပါတယ်။

ဒီထဲကမှလူတိုင်းကြိုက်တဲ့ Feature ကတော့ App ထဲကထွက်ပြီး Background Play ထားလို့ရတာပါပဲ။ ဒါကြောင့် Multi-task လုပ်မဲ့သူတွေအတွက် အဆင်ပြေတယ်လို့ ဆိုနိုင််ပါတယ်။ ဒီလုပ်ဆောင်ချက်ကို WhatsApp သုံးသူတိုင်း တောင်းဆိုနေကြတာ ကြာပြီဖြစ်ပါတယ်။ နောက်ဆုံးတော့ WhatsApp အနေနဲ့ အသုံးပြုသူတွေဖက်ကို နားထောင်ပြီလို့ ထင်ရပါတယ်။

နောက်ထပ် Update မှာထွက်လာမယ့် Feature တစ်ခုကတော့ Remember Playback ဖြစ်ပါတယ်။ အသံဖိုင်တစ်ခုကို နားထောင်ပြီး တစ်ခြားတစ်ခု ပြောင်းလုပ်လိုက်တဲ့အခါ ရပ်သွားပြီး ပြန််နားထောင်တဲ့အခါ ရပ်ထားခဲ့တဲ့ နေရာကနေ ပြန်နားထောင်လို့ရတာပဲဖြစ်ပါတယ်။

ဒါ့အပြင် အသံဖိုင််တွေမှာ ပါဝင်နေကြဖြစ်တဲ့ Fast Play, Slow Play အပြင် 1.5x, 2.0x Play Speed တွေလည်း ပါဝင်ဦးမှာပါ။ နောက်ဆုံးမှာတော့ လူသုံးအများဆုံး Messaging App တစ်ခုလည်း ခေတ်မှီသွားပြီလို့ဆိုရမှာပါ။ အထက်မှာ ဖော်ပြခဲ့တဲ့ လုပ််ဆောင််ချက်အသစ်တွေကို လာမယ့် ရက်သတ္တပတ်အတွင်းမှာ တစ်ကမ္ဘာလုံးအတွက် ထုတ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို Mark Zuckerberg က သူ့ရဲ့ Facebook အကောင့်မှာ အသံဖိုင်တစ်ခုနဲ့ Post တင်ပြီး ကြော်ငြာထားပါသေးတယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Facebook Moderator တွေအနေနဲ့ ကလေးသူငယ်ညစ်ညမ်းမှုတွေကို အရေးယူဖို့ပျက်ကွက်နေဟုဆို

Next
Next

အစိုးရပိုင်းဆိုင်ရာတွေလို ဟန်ဆောင်ထားတဲ့ ဟက်ကာတွေကို Data ပေးမိတဲ့ Apple နဲ့ Meta