နိုင်ငံအလံ Emojiအသစ် ထွက်ဖို့မရှိဟု Unicode ထုတ်ပြန်

မကြာခင်မှာပဲ Emoji 16.0 အတွက် အသစ်ထည့်ချင်တဲ့ Emoji တွေကို April 4 ရက်နေ့ကနေစပြီး July 31 ထိတောင်းဆိုနိုင်မှာဖြစ်ပါတယ်။ ဒီအတွက် Unicode ကနေပြီး Proposal တွေကိုစတင်လက်ခံတော့မှာဖြစ်ပါတယ်။ Emoji တွေမှာ နိုင်ငံအလံတွေထပ်ထည့်ဖို့ကိုတော့ ဒီနှစ်မှာ မဖြစ်နိုင်လောက်တော့ဘူးလို့ဆိုပါတယ်။ ရှိပြီးသား အလံတွေကို Platform ပေါင်းစုံအတွက် မထုတ်နိုင်သေးတာကြောင့် အသစ်မထည့်သေးတာလည်း ဖြစ်တယ်လို့ဆိုပါတယ်။

လောလောဆယ်မှာတော့ Emoji Category ကအတော်လေးကြီးပါတယ်။ အများဆုံးသုံးနေတဲ့ Emoji အခု 200 အပြင် တစ်ခြား Emoji တွေပေါင်း 3,600 ခန့်ရှိပြီး နိုင်ငံအလံတွေဟာ လူသုံးအနည်းဆုံးဖြစ်တယ်လို့ ဆိုပါတယ််။ မသုံးဖြစ်တဲ့အလံတွေထပ််ထည့်ပြီး ဖောင်းပွနေမှာ မလိုလားဘူးလို့လဲဆိုပါတယ်။ တရားဝင််မှတ်တမ်းအချက်အလက်တွေအရ တစ်ကယ်ထည့်မယ်ဆိုရင် နိုင်ငံအလံပေါင််း 5000 ကျော််ရှိပြီး တစ်ခုကိုပဲ ထည့်ပေးလိုက်ရင် ကျန််တဲ့ သူတွေကို မျက်နှာလိုက်ရာကျမှာဖြစ်လို့ လောလောဆယ် အလံတွေကိုပဲ ဆက်သုံးမယ်လို့ဆိုထားပါသေးတယ်။

Emoji Subcommittee အနေနဲ့ တစ်နှစ်နဲ့တစ်နှစ် နှစ်စဥ် အသစ်ထည့်သွင်းတဲ့ Emoji တွေကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်စေချင်ပြီး အသစ်ထည့်သွင်းမယ့် Emoji ကိုလည်း အသုံးပြုမှု များမှပဲထည့်သွင််း စေချင်တယ်လို့ ထုတ်ပြန််ထားပါတယ်။ အသစ်ထည့်သွင်းမယ့်အစား အသုံးပြုမှုနည်းတဲ့ တစ်ခြား Emoji တွေနဲ့ အလှဲအလှယ် လုပ်တာကိုလည်း လက််ခံတယ်လို့ဆိုပါတယ်။

Proposal ကနေ နိုင်ငံအလံတွေထပ်ဖို့ အဆိုကိုလက်မခံတော့ပေမယ့် တစ်ကယ်လို့ နိုင်ငံတစ်ခုခု လွတ်လပ််ရေးရရင်ပဲဖြစ်ဖြစ်၊ United Nation ကအသိအမှတ်ပြုရင်ပဲဖြစ်ဖြစ်၊ ISO 3166-1 အရနိုင်ငံအဖြစ်် အသိအမှတ်ပြုရင်ပဲဖြစ်ဖြစ် နိုင်ငံအလံကို Proposal တင်စရာမလိုပဲ အသစ်ထည့်သွင်းပေးသွားမယ်လို့ဆိုပါတယ်။ ဒီလိုအကြောင််းအရာတွေရှိပေမယ့် UN လိုအဖွဲ့အစည်းက ဆုံးဖြတ်ချက်တွေ လွယ်လွယ််ချလေ့မရှိတာကြောင့် ဖြစ်တောင့်ဖြစ််ခဲပါပဲ။

Unicode ဆိုတာဟာ အပြည်ပြည်ဆိုင်ရာ စာလုံးနှင့်သင်္ကတတွေအတွက်် နည်းပညာစံပြုစနစ်တွေကို ထိန်းသိမ်းပေးတဲ့အဖွဲ့အစည်းပဲဖြစ််ပါတယ်။ Unicode Emoji အဖွဲ့ခွဲကတော့ နှစ်စဥ် Proposal တင်တဲ့ Emoji တွေကိုစီစစ်ပေးရတဲ့အဖွဲ့ဖြစ်ပါတယ်။ တစ်ကယ်လို့ Proposal ထဲက Emji တွေကို Unicode ကအတည်ပြုပေးရင်် စံစနစ်ထဲကို မှတ််တမ်းတင်ပြီး Apple, Google, Samsung နဲ့ Microsoft တို့လို Tech Platform တွေကို စံစနစ်တွေ ပို့ပေးရတာဖြစ်ပါတယ်။

Ref : CNET

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

အစိုးရပိုင်းဆိုင်ရာတွေလို ဟန်ဆောင်ထားတဲ့ ဟက်ကာတွေကို Data ပေးမိတဲ့ Apple နဲ့ Meta

Next
Next

အပျောက််စာရင်းသွင်းထားတဲ့ iPhones တွေကို Apple တရားဝင် Stores တွေမှာ ပြင်ပေးမှာမဟုတ်တော့