လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မယ့် Messaging App များ

အင်တာနက်တွေအတော်လေး ခေတ်စားလာတဲ့နောက်ပိုင်း ကျွန်တော်တို့အနေနဲ့ ဖုန်းဆက်တာထက် စာပို့ပြီးဆက်သွယ်တာကို ပိုပြီးလုပ်ဖြစ်လာပါတယ်။ ဒါပေမယ့်စာပို့ပြီးဆက်သွယ်တဲ့ကိစ္စမှာ အားနည်းချက်တွေရှိပါတယ်။ တစ်ခြားဟာမဟုတ်ပဲ ကိုယ်ပို့တဲ့စာတွေကို App ပိုင်ရှင်တွေနဲ့ မလိုလားအပ်တဲ့သူတွေက ကြားဖြတ်ဖတ်ရှုတာပဲဖြစ်ပါတယ်။ ဒါကြောင့် Secure Messaging နဲ့ End-to-End Encryption ဆိုတာ ပေါ်လာပါတယ်။ လောလောဆယ် ခေတ်စားနေတဲ့အသုံးနှုန်းကတော့ End-to-End Encryption ပဲဖြစ်ပါတယ်။ ဒီကောင်က ဘယ်လိုအလုပ်လုပ်လဲဆိုတာ အလွယ်ဆုံးနဲ့ အကြမ်းဖျဥ်းပြောရရင် ပို့လိုက်တဲ့ စာတွေ၊ Content တွေမှာ Password ထည့်ပေးလိုက်တဲ့ သဘောပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ လူသုံးများပြီး End-to-end Encryption ပါဝင်တဲ့ Messaging App တွေကိုဖော်ပြလိုက်ပါတယ်

၁. Signal

မြန်မာနိုင်ငံကလူတွေကြားမှာ ခေတ်စားလာတာမကြာသေးပေမယ့် နိုင်ငံတစ်ကာက သတင်းထောက်တွေနဲ့ ကိုယ်ရေးအချက်အလက်ကို အလေးထားတဲ့သူတွေကတော့ အသုံးပြုနေတာကြာပါပြီ။ End-to-end လည်းဖြစ်ရုံမက၊ ဖုန်းတစ်လုံးနဲ့ တစ်လုံးကိုပါ Data ကူးလို့မရပဲ အတော်လေး လုံခြုံရေးတင်းကြပ်တာမို့ မသုံးတတ်ရင် Chat တွေပျက်သွားတာလည်း ဖြစ်တတ်တာမို့ ဂရုတော့စိုက်ရပါတယ်။

၂. Telegram

ဒီကောင်ကတော့ မြန်မာနိုင်ငံက လူတွေအကုန်လုံး တစ်ဖြည်းဖြည်းနဲ့ ရင်းနှီးနေကြပြီး၊ ရင်းနှီးနေကြတဲ့ App ပဲဖြစ်ပါတယ်။ အသုံးပြုရတာလွယ်ကူသလို၊ အကောင့်ဖွင့်ရတာလည်း မခက်ခဲတာမို့ အသုံးများကြပါတယ်။ မြန်မာနိုင်ငံမှာ ရုပ်ရှင်ကြည့်တဲ့ Platform အဖြစ်တောင် အသုံးပြုနေကြပါတယ်။

၃.Viber

မြန်မာနိုင်ငံရဲ့ လူကြီးတွေရော၊ စီးပွားရေးလုပ်ငန်းတွေမှာ အသုံးများတဲ့ App ပါပဲ။ Viber မှာမြန်မာနိုင်ငံအတွက် Official Store လိုမျိုးနဲ့ Sticker တွေပါထုတ်ပေးရတဲ့အထိ နာမည်ကြီးတဲ့အပြင် End-to-end လည်းဖြစ်၊ အကောင့်ဖွင့်ရတာလည်း အလွယ်ဆုံးဖြစ်ပါတယ်

၄. WhatsApp

ဒီ App ကတော့ နိုင်ငံတော်တော်များများမှာသုံးသလို၊ နယ်ပယ်ပေါင်းစုံမှာလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိပါတယ်။ Facebook ကိုပိုင်တဲ့ Meta ကပဲ ဒီ App ကိုပိုင်တာဖြစ်ပါတယ်။

၅. Snapchat

လူငယ်တွေ၊ Celebrity တွေကြားမှာနာမည်အကြီးဆုံးပါပဲ။ နိုင်ငံခြားမှာ တစ်ယောက်ယောက်ကို ဆက်သွယ်ဖို့အတွက်တောင်းရင် Facebook အကောင့်မတောင်းပါဘူး။ Snapchat တောင်းကြတာဖြစ်ပါတယ်။ သူလည်း End-to-end ပဲဖြစ်ပါတယ်

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

vivo မှ Color Changing Glass နှင့် OIS အသုံးပြုထားတဲ့ 64MP Camera ပါဝင်မယ့် V25 အား မကြာမီ မိတ်ဆက်ရန်ရှိ

Next
Next

နိုင်ငံရေး လော်ဘီ Contents တွေကို ထိန်းချုပ်သွားမယ့် TikTok