ပိုက်ဆံပေးရင် ကြော်ငြာမပြမယ့် Meta Paid-ad Free Service

စကားတစ်ခုရှိတယ်။ တစ်ကယ်လို့ "If you're not paying for the product, then you’re the product" ပါတဲ့။ Facebook လို Social Media ကို ကျွန်တော်တို့ဟာ တစ်ကယ်တော့ အခမဲ့သုံးနေရတာမဟုတ်ပဲ၊ ကျွန််တော်တို့ဟာ ကျွန်တော်တို့ရဲ့ Data တွေကို ပေးပြီး သုံးနေရတာ၊ ကြော်ငြာတွေကို ကြည့်ပေးခြင်းအားဖြင့် သုံးနေရတာဖြစ်ပါတယ်။

ဒီကနေတစ်ဆင့် ဈေးရောင်းသူတွေက ပိုက်ဆံတွေပေးပြီး ကျွန်တော်တို့ကို မြင်စေချင်တဲ့ Ads တွေကို Facebook မှာ Run လေ့ရှိပါတယ်။ Facebook က ကြော်ငြာသူတွေဆီက ပိုက်ဆံရသလို၊ ကျွန်တော်တို့လို အသုံးပြုသူတွေဆီကလည်း Data တွေရပါသေးတယ်။ ခုတော့ Data အပြင် Legit ဖြစ်တယ်ဆိုတဲ့ အသိအမှတ်အဖြစ် Blue Mark တွေလည်း ရောင်းပေးနေပါပြီ။ ဒါက Facebook ရဲ့ ငွေဝင်လမ်းတွေ တစ်ချို့ပါ။

ခုတော့ ကြော်ငြာမကြည့်ချင် EU ဖက်ကတင်းကြပ်မှုတွေကြောင့် လစဥ်ကြေးပေးပြီး Facebook သုံးသူတွေကို ကြော်ငြာမကြည့်ချင်ရင် Facebook Premium Version လိုမျိုးကို စတင်ထုတ်ပေးနေပြီဖြစ်ပါတယ်။ Meta ရဲ့ Product တွေဖြစ်တဲ့ Facebook နဲ့ Instagram မှာ တစ်လကို Web အတွက် Euro 9.99 ကျသင့်ပြီး၊ Android နဲ့ iOS အတွက် Euro 12.99 ကျသင့်မှာပဲဖြစ်ပါတယ်။ ဒီနှုန်းထားတွေက March 1,2024 ထိဖြစ်ပြီး အဲ့နောက်မှာတော့ Euro 6 for Web/ Euro 8 for Mobile ဆိုပြီး အသီးသီး ပြင်ဆင်သွားမှာဖြစ်ပါတယ်။

ဆိုတော့ ကြော်ငြာထည့်တဲ့ လုပ်ငန်းရှင်တွေ Digital Marketing သမားများအနေနဲ့ အပြောင်းအလဲကြီးတစ်ခု ဖြစ်လာဖို့ မျှော်လင့်ရပါတယ်။

Ref : Facebook Newsroom/ GSMArena

#AKhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

USB-C ports တွေမှာ ရေဝင်တာကို Detect လုပ်ပေးမယ့် Macs OS Features အသစ်

Next
Next

ကားမောင်းရင်း ChatGPT သုံးကြမယ်