အသစ်ထွက်လာတဲ့ Telegram Update Features အသစ်များ

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်ခန့်ကစပြီး Telegram ကိုသုံးစွဲသူဦးရေ တစ်ဖြည်းဖြည််းနဲ့ များလာပါတယ်။ ခုဆိုရင် သုံးစွဲသူတစ်ဖြည်းဖြည်းများလာတာ ၁ နှစ်ကျော်လာပြီဖြစ်ပြီး မြန်မာနိုင်ငံသားတော်တော်များများလည်း Telegram ကိုအတော်လေး ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်နေပါပြီ။

Telegram အနေနဲ့လည်း နောက်ပိုင်းမှာ လုပ်ဆောင်ချက်အသစ်တွေ၊ လုံခြုံရေးအသားပေးတဲ့ Update တွေကို ဆက်တိုက်ထုတ်ပေးခဲ့ပါတယ်။ ဒီတစ်ခါ Update မှာတော့ Notifications တွေကို ကိုယ့်စိတ်ကြိုက် Custimze လုပ်ခွင််အပြင်၊ ကိုယ်တိုင်အသံဖိုင်သွင်းပြီး Notification လုပ်တာမျိုး၊ Notification Mute တာတွေကို စိတ်ကြိုက်အချိန်အပိုင်းအခြားနဲ့ ပေးလုပ်တာတွေ ထည့်သွင်းပေးလိုက်ပါတယ်။

Telegram ကြေငြာထားချက်အရ File Size 300KB အောက်နဲ့ ၅ စက္ကန့်အောက် ကြာတဲ့ အသံဖိုင်တွေကို Notification အဖြစ်အသုံးပြုနိုင်ပြီလို့ဆိုပါတယ်။ ​Notification အသံတစ်ခုချင်းစီကို Chat Person အယောက်ချင်းအလိုက်ထားနိုင်သလို၊ Group Chat တွေကိုလည်း ကြိုက်သလို Customize လုပ်နိုင်တယ်လို့ဆိုပါတယ်။ ဒါမှမဟုတ် Telegram ရဲ့ Official Sound Channel ကနေလည်း အသံတွေယူပြီး အသုံးပြုနိုင်ပါသေးတယ်။

Notification ပြီးတဲ့အခါမှာ Custom Mute Duration လည်းပြုလုပ်နိုင်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ အရင်က အချိန်ကို Telegram ကြိုတင်သတ်မှတ်ထားတဲ့ အချိန်ပဲ Mute လို့ရပြီး ခု Update မှာတော့ ကိုယ်တိုင် Customize လုပ်ပြီး Mute လို့ရပြီပဲဖြစ််ပါတယ်။​ အရင်တုန်းက တစ််နာရီ၊ ရှစ်နာရီ၊ ဒါမှမဟုတ် ၂ ရက်ထိ Mute နိုင်ပြီး နောက်တစ်ခါ Noti ပြန်မဖွင့်မချင်း Mute ထားနိုင်ပါတယ်။ ဒါ့အပြင် Chat တွေကို ဖျက်ပေးမယ့် "Auto Delete Timer" လည်းပါဝင်ပါသေးတယ်။

ဒါ့အပြင် iOS သမားတွေအတွက် Android မှာပဲ အရင်ကပါဝင်တဲ့ Auto Translation လည်းထည့်ပေးလိုက်သလို၊ Picture-in-Picture အတွက် Size ပြောင်းတာတွေလည်း လုပ်နိုင်ပါသေးတယ်။ ဒါ့အပြင် အစားအသောက်နဲ့ဆိုင်တဲ့ Emoji အသစ်တွေလည်း ထည့်သွင်းပေးထားတယ်လို့ ဆိုပါတယ်။

Ref : Mac Rumors

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ဒီနှစ်ထဲမှာ ထွက်လာမယ့် Apple Watch Features အသစ်တွေ

Next
Next

စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်များ ပါရှိသည့် Samsung ၏ နောက်ဆုံးပေါ် စမတ်ဖုန်းသစ် Galaxy M33 အားမြန်မာနိုင်ငံဈေးကွက်တွင် စတင်မိတ်ဆက်