ဖုန်းပြင်နေစဥ်အတွင်း Private Data တွေအခိုးမခံရအောင် Repair Mode ထည့်သွင်းပေးမယ့် Samsung

ဖုန်းမှန်ကွဲလို့၊ တစ်ခုခုဖြစ်လို့ Service ဆိုင်ကိုပို့ရရင် ကိုယ့်ဖုန်းထဲက Data တွေပါမသွားရအောင် Factory Reset ချ၊ ဖုန်းရရင် ပြန်ပြီး Restore လုပ်ဆိုတာမျိုးတွေက အရမ်းအလုပ်ရှုပ်ပါတယ်။ ယုံကြည်မိလို့ Data တွေပါသွားရင်လည်း ဒုက္ခတွေများပါတယ်။ Reset ချရင်လည်း ဘာမှမကျန်တော့ပဲ အစအဆုံးဖုန်းကို Set Up & Backup ပြန်လုပ်ရတာ ပျင်းစရာပါ။

ဒီကိစ္စကို Samsung အနေနဲ့ ဖြေရှင်းပေးလိုက်ပြီဖြစ်ပါတယ်။ အဲ့တာကတော့ Repair Mode လို့ခေါ်ပါတယ်။ ဒီ Setting ကို Device Care Setting ထဲမှာ ဝင်ပြီး လုပ်လို့ရပါတယ်။ ဒီ Mode ကို Activate လုပ်လိုက်တာနဲ့ ဖုန်းက Reboot ဖြစ်သွားပါလိမ့်မယ်။ ဒီ Mode လုပ်ထားရင် ဖုန်းထဲက Data တွေကို ဖွက်ထားပေးမှာပါ။ ပုံတွေ၊ Message တွေ၊ Accountနဲ့ App တွေကိုပါ ဖွက်ထားပေးမှာဖြစ်ပါတယ်။ ဖုန်းကို Reset လုပ်ပြီး ရလာတဲ့ Default အတိုင်းဖြစ်သွားမှာဖြစ်ပါတယ်။

ပြင်ဆင်မှုတွေပြီးသွားလို့ ဖုန်းကိုပြန်ယူမယ်ဆိုရင် Password ထည့်ပြီး Repair mode ကို ပြန်ပြီး ပိတ်လို့ရပါပြီ။ ဒါဆိုရင် ကိုယ့်ရဲ့ Data တွေ၊ Account တွေကို ပြန်သုံးလို့ရပါပြီ။ ဖုန်းကိုပြင်နေစဥ်အတွင်း စမ်းထားတဲ့ App တွေ၊ Data တွေကတော့ အကုန်ပျက်သွားမှာဖြစ်ပါတယ်။

နောက်ထပ်တစ်ခုကတော့ App တွေသုံးနေတုန် ဘယ် App တွေကတော့ ပြဿနာရှိတယ်၊ Crash ဖြစ်သွားတယ်ဆိုတာကို Log မှတ်ထားပေးပြီး Repair Mode မှာပါ Log မှတ်ထားပေးတာဖြစ်ပါတယ်။

Repair Mode ကို Samsung Galaxy S21 မှာ Software Update နဲ့စတင်ထုတ်ပေးသွားမှာဖြစ်ပါတယ်။ တစ်ခြား Model တွေကိုတော့ တဖြည်းဖြည်း Software Update နဲ့ထုတ်ပေးမယ်လို့ ဆိုပါတယ်။ ဒီ Feature ကို စောင့်နေတာကြာပါပြီ။ ဖုန်းပြင်ဆိုင်သွားရင်း Personal Data တွေ ခိုးယူခံရတဲ့ ကိစ္စတွေဟာ အတော်လေး အရိုးစွဲနေပြီဖြစ်တဲ့ ပြဿနာတစ်ခုဖြစ်ပြီး Samsung ကစတင်ပြီး ပြဿနာကို ဖြေရှင်းနေပြီဖြစ်ပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ကိုယ်ပိုင်ကား ထုတ်လုပ်ရေး အတွက် ဒိတ်ဒိတ်ကြဲ ပညာရှင်တွေကို အလုပ်ခန့်နေတဲ့ Apple

Next
Next

ဖုန်းပြင်နေစဥ်အတွင်း Private Data တွေအခိုးမခံရအောင် Repair Mode ထည့်သွင်းပေးမယ့် Samsung