Apple Car အချက်အလက်တွေ တရုတ်ကိုရောင်းစားခဲ့တယ်လို့ ဝန်ခံလိုက်တဲ့ တရုတ်နည်းပညာရှင်

ဒီအဖြစ်အပျက်ဟာ ၂၀၁၈ ကနေစတင်ခဲ့ပါတယ်။ တရုတ်လူမျိုးပညာရှင် Xiaolang Zhang ဟာ Apple Car ရဲ့လျှို့ဝှက်ချက်တွေကို သူ Apple မှာ အလုပ်လုပ်နေစဥ်ကာလအတွင်း ခိုးယူပြီး တရုတ်လျှပ်စစ်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Xpeng ကိုရောင်းစားခဲ့တယ်လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။ Zhang ဟာ အလုပ်ထွက်ခါနီးမှာ သူရဲ့ Supervisor ကို သူ့အနေနဲ့ တရုတ်မှာရှိတဲ့ ကားကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တော့မယ်လို့ ပြောခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကို Apple ကိုယ်တိုင်ကစုံစမ်းနေစဥ်အတွင်းမှာ တရုတ်ပညာရှင်အနေနဲ့ 24GB ရှိတဲ့ အတော်လေးအရေးကြီး Data တွေကို သူ့မိန်းမရဲ့ Laptop ထဲကို Airdrop ကနေကူးယူထားတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဆားကစ်ဘုတ်တစ်ခုနဲ့ အလိုအလျောက်မောင်းနှင်စနစ်ပါဝင်တဲ့ Server တစ်ခုကိုလည်း ခိုးသွားတယ်လို့ဆိုပါတယ်။

ယခုပြစ်မှုနဲ့ပတ်သတ်ပြီး တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပေမယ့် မကြာခင်မှာ Zhang အနေနဲ့အပြစ်ရှိကြောင်းကို တရားရုံးမှာကြားနာပြီး ပြစ်မှုပေးသွားမယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံရဲ့ တရားဥပဒေအရ zhong ရဲ့ ပြစ်မှုဟာ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ထိပေးလို့ရသလို အနည်းဆုံး ဒေါ်လာ ၇သိန်းခွဲထိ ဒဏ်ကြေးလည်း ဆောင်ရနိုင်ပါတယ်။

ခုလိုအချက်အလက်တွေခိုးပြီး Xpeng ကိုရောင်းစားတယ်လို့ ပြဿနာတက်တာ Zhong တစ်ယောက်ထဲတော့မဟုတ်ပါဘူး။ ၂၀၁၉ တုန်းကလည်း Apple ဝန်ထမ်းတစ်ယောက်ဟာ Apple Car ရဲ့ အချက်အလက်တွေနဲ့ ဓာတ်ပုံတွေကို ခိုးပြီး တရုတ်ကို ရောင်းစားလို့ ပြဿနာတက်ဖူးပါတယ်။

ဒီနှစ်ထဲမှာ Tesla ကိုယ်တိုင်လည်း သူတို့ရဲ့ အလိုအလျောက်မောင်းနှင်စနစ်ရဲ့ စူပါကွန်ပျူတာကနေ ကုဒ်တွေခိုးပြီး iCloud ပေါ်ကိုတင်ထားတယ်လို့ ဝန်ထမ်းတစ်ယောက်ကို စွပ်စွဲပြီး တရားစွဲထားပါတယ်။ အဲ့နောက် အဆိုပါအချက်အလက်တွေကို Xpeng ကပဲ ဝယ်ယူသွားတယ်လို့ ဆိုပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ဒီနှစ်အတွင်း Android 13 Update ရဖို့မသေချာတဲ့ Nothing Phone 1

Next
Next

vivo မှ Color Changing Glass နှင့် OIS အသုံးပြုထားတဲ့ 64MP Camera ပါဝင်မယ့် V25 အား မကြာမီ မိတ်ဆက်ရန်ရှိ