Window 11 အသုံးမပြုခင်သိသင့်သည့်အချက်များနှင့် hardware ပိုင်းဆိုင်ရာလိုအပ်ချက်များ

Window 11 ကိုမကြာခင်မှာအသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။အဲ့တော့ OS အသစ်ထွက်လာတိုင်းစမ်းသပ်အသုံးပြုချင်တာပဲဖြစ်ဖြစ်အမြဲတမ်းအသုံးပြုချင်တာပဲဖြစ်ဖြစ်သိသင့်တာလေးတွေနဲ့ system requirement လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

Window 11 ကို Window 10 licensed အသုံးပြုသူတွေအနေနဲ့ Free upgrade လုပ်နိုင်မှာဖြစ်ပြီးတော့ Window 11 ကိုလာမဲ့ Christmas ပိတ်ရက်တွေမှာတရားဝင်ဖြန့်ချီပေးသွားမှာဖြစ်ပါတယ်။

Windows-11-requirements.jpg

Window 11 အသုံးပြုချင်သူများအတွက် Microsoft ကတရားဝင်ထုတ်ပြန်ထားတဲ့ system requirement တွေကတော့

CPU မှာ Window 11 အတွက် အနဲ့ဆုံး 2 cores နဲ့အထက်ရှိရမှာဖြစ်ပြီး clock speed က 1GHz အနဲဆုံးလိုအပ်မှာဖြစ်ပါတယ်။ RAM ကတော့ 4GB နဲ့အထက်လိုအပ်မှာဖြစ်ပြီး Storage ကအနဲဆုံး 64GB လိုအပ်မှာပါ။ TPM လို့ခေါ်တဲ့ (Trusted Platform Module) version က 1.2 နဲ့အထက်ရှိရမှာဖြစ်ပြီး Secure Boot Capable အထောက်အပံ့လိုအပ်ပါတယ်။

Capture.PNG

အဲ့တော့ အခုလိုအပ်ချက်တွေအရ Window 11 သုံးဖို့အတွက် CPU က intel 6th နဲ့ 7th generation အသုံးပြုထားတဲ့ PC တွေအနေနဲ့ တင်နိုင်မှာမဟုတ်တဲ့အပြင် AMD မှာဆိုရင်လည်း AMD FX series နဲ့ A series motherboard တွေနဲ့ကိုက်ညီမှာမဟုတ်တဲ့အပြင် Ryzen 1000 နဲ့ Ryzen 2000 chip တွေလည်း Window 11 ကိုတင်သုံးနိုင်မှာမဟုတ်ပါဘူး။

နောက်ပြီး Window 11 မှာ display က အနဲ့ဆုံး 9 လက်မ 720p resolution နဲ့ DirectX 12 graphic နဲ့ WDDM2.x လိုအပ်မှာပါ။ အဲ့တော့ ဒီလိုအပ်ချက်တွေနဲ့ကိုက်ညီမှုမရှိတဲ့ Laptop တွေဆိုရင်တင်သုံးနိုင်မှာမဟုတ်ပဲ Desktop ဆိုရင်တော့ လိုအပ်တဲ့ Hardware ကိုပဲဖြုတ်လဲပြီး Upgrade လုပ်လို့ရပါတယ်။အများစုပြဿနာတက်မှာကတော့ CPU ပိုင်းနဲ့ Motherboard ပိုင်းဖြစ်မှာပါ။ထွက်ခဲ့သမျှ Window update တွေနဲ့ယှဉ်လိုက်ရင် System requirement မြင့်တယ်လို့ပြောလို့ရပြီး Window က software ကိုအဆင်ပြေပြေအသုံးပြုနိုင်ဖို့အတွက် hardware ပိုင်းတင်ကြပ်တော့မဲ့ပုံပါပဲ။ 

TPM version ကိုတော့ Window 11 အသုံးမပြုခင် system bios ထဲမှာဝင်ပြီး activated လုပ်ပေးဖို့လိုပါလိမ့်မယ်။

Window 11 ကိုစမ်းသုံးချင်တဲ့ဆိုရင် Window insider program ကနေတစ်ဆင့် register လုပ်ပြီး လာမဲ့အပတ်ကနေစပြီးစမ်းသပ်သုံးစွဲလို့ရပါပြီ။  Window 10 licensed ရှိပြီး minimum system requirement ရှိသူများအတွက်တော့ Window 11 ဟာ Free upgrade ဖြစ်နေမှာပါ။

Author: Hein Htet

Ref: the indian express

Previous
Previous

Mobile Data ချွေတာတတ်ဖို့ဘာတွေလုပ်ရမလဲ?

Next
Next

Laptop ဘက်ထရီကြာကြာခံအောင်ဘယ်လိုအသုံးပြုမလဲ?