Mobile Data ချွေတာတတ်ဖို့ဘာတွေလုပ်ရမလဲ?

images (2).jfif

သွားရင်းလာရင်း internet data ကုန်သွားလို့ top up လှမ်းလုပ်ဖို့တောင် bill မကျန်‌တော့တာမျိုးတွေဖြစ်ဖူးကြပါသလား? package ၀ယ်ပြီး ဘယ်လောက်မှမကြာသေးပဲ bill တွေဘာ့ကြောင့်မြန်မြန်ကုန်ကုန်တာလဲဆိုတာကိုသိရဖို့အတွက် ကိုယ်ဘာတွေသုံးနေတယ် ဘယ်လိုတွေသုံးရမလဲဆိုတာအရင်ဆုံးသိနေဖို့အရေးကြီးပါတယ်။

အားလုံးအသုံးများတဲ့ facebook ဟာ ၁မိနစ်ကို 2.6MB လောက်စားပါတယ်။ video call တစ်မိနစ်ဟာ 3.6MB လောက်ကုန်ပါတယ်။ ဒါတောင်မှ facebook ဟာအခြားသော platform တွေထက်video view မှာ data စားသက်သာပါတယ်။ youtube မှာ video ၁နာရီကြည့်မယ်ဆို 300MB နဲ့ Netflix မှာ ၁နာရီကို 250MB အသီးသီးကုန်ပါတယ်။နာမည်ကြီး music streaming app တစ်ခုဖြစ်တဲ့ Spotify ဟာ 96kbps သို့မဟုတ် 160kbps quality နဲ့  stream မယ်ဆိုရင်၁နာရီကို 43MB က72MB အသီးသီးကုန်ပါတယ်။ ဒီလောက်ဆိုရင်တော့ကိုယ့်ရဲ့ data တွေကိုဘယ် app တွေကအများဆုံးစားနေတာအကြမ်းဖျင်းတော့သိလောက်ပြီထင်ပါတယ်။ ဒါဆိုရင် ဒီ data တွေကိုဘယ်လိုချွေတာကြမလဲ?

Facebook မှာ video ကို auto play ကို mobile အတွက်ရော wifi အတွက်‌ရောပိတ်ထားရပါမယ်။ နောက်ပြီး data usage ကို limit လုပ်တတ်တဲ့အကျင့်ကိုလဲမွေးရပါမယ်။ limit လုပ်ပြီးရင်လဲပြည့်သွားတဲ့အခါ ဆက်မသုံးမိအောင်လဲကြိုးစားပါ။ background မှာ data အရမ်းစားမယ့် app တွေကိုလဲ တတ်နိုင်သလောက် background data restriction ဖွင့်ထားပါ။

အသုံးများတဲ့ browser ဖြစ်တဲ့ chrome ကိုသုံးမယ်ဆိုရင် data compression လုပ်ပါ။ setting ထဲက data server ကို on ထားပါ။ ဒီလိုလုပ်ခြင်းအားဖြင့် data တွေကို google ရဲ့ proxy ကနေတဆင့်ဖြတ်ပြီးမှ compressed လုပ်ပြီး ကိုယ့်ရဲ့ phone  ကိုပို့ပေးတာဖြစ်ပါတယ်။ ဒါ့ကြောင့် data စားလဲပိုသက်သာမယ့်အပြင် web page တွေကို loading လုပ်တာလဲပိုမြန်ပါတယ်။

နောက်တစ်ခုလုပ်သင့်တာကတော့ app တွေကို update လုပ်တဲ့အခါ wifi ရတဲ့အခါမှာမှ updata လုပ်တာပါ။ google play store ရဲ့ setting ထဲမှာ Auto-update apps over WiFi only ကို on ထားဖို့လိုပါတယ်။ နောက်တစ်ခု app တွေထက်ပိုအရေးကြီးတာက phone တွေရဲ့ OS နဲ့ UI update တွေပါ။ ဒါတွေကိုလဲသက်ဆိုင်ရာ phone ရဲ့ setting ထဲမှာ ၀င်ပြီး download updates over WiFI only ဆိုတဲ့ option ကိုon ထားပေးရပါမယ်။

မလိုအပ်တဲ့ account တွေရဲ့ Synchronization တွေကိုပိတ်ထားပါ။ phone တစ်လုံးမှာ google account တစ်ခုထက်ပိုသုံးတဲ့သူတွေဆိုရင် အဲ့ဒီ account တွေရဲ့ မလိုအပ်တဲ့ မသုံးဖြစ်တဲ့ google services(ဥပမာ- Google Play Music, Google fit data) တွေရဲ့ data sync လုပ်တာတွေကိုပိတ်ထားပြီး data ချွေတာလို့ရပါတယ်။ ဒီလိုလုပ်ထားခြင်းဟာ battery life ကိုလဲပိုကြာရှည်ခံစေပါတယ်။

နောက်ဆုံးအထိရောက်ဆုံးကတော့ WiFi ကိုရရင်ရသလို ရတဲ့နေရာမှာချိတ်ပြီးသုံးခြင်းပါပဲ။ wifi မရတဲ့အချိန်မျိုး အပြင်ရောက်နေတဲ့အချိန်မျိုးတွေမှာဆိုရင်တော့ အပေါ်ကနည်းလမ်းတွေကိုသုံးပြီးတော့ data တွေကိုချွေတာနိုင်ပါတယ်။

Previous
Previous

TV လုပ်ငန်းမှာ 15 နှစ်တိုင်ဦးဆောင်လာနိုင်ခဲ့တဲ့ Samsung ရဲ့ နောက်ကွယ်က အိမ်သုံးလျှပ်စစ်ထုတ်ကုန်ပစ္စည်းများရဲ့သမိုင်းကြောင်း

Next
Next

Window 11 အသုံးမပြုခင်သိသင့်သည့်အချက်များနှင့် hardware ပိုင်းဆိုင်ရာလိုအပ်ချက်များ