Laptop ဘက်ထရီကြာကြာခံအောင်ဘယ်လိုအသုံးပြုမလဲ?
Laptop တွေဟာသယ်ဆောင်ရလွယ်ကူတယ်။အသုံးပြုရတာအလုပ်တွင်တဲ့အတွက်ကြောင့်အရမ်းသွားလေရာယူသွားလေ့ရှိကြပါတယ်။သယ်ဆောင်ရလွယ်ကူတယ်ဆိုတဲ့နောက်ကွယ်မှာစတေးလိုက်ရတာကတော့ ကွန်ပြူတာတစ်လုံးရဲ့ ပါဝါနဲ့အသုံးပြုချိန်အကန့်အသတ်ပါ။ ဘယ်လောက်ပဲ battery ကြီးကြီးအသုံးပြုထားတဲ့ laptop ဖြစ်ဖြစ်အချိန်တန်ရင်တော့ အားကုန်မှာပါပဲ။လပ်တော့အသုံးပြုသူအများစု complain တက်ကြတာလဲ Battery ပြဿနာပဲဆိုတော့ လပ်တော့ဘက်ထရီလေးကိုကျန်းမာပြီးကြာကြာအသုံးပြုနိုင်အောင်ဘယ်လိုသုံးမလဲဆိုတာလေးဖော်ပြလိုက်ပါတယ်။
1. Laptop မှာအသုံးမပြုပဲ USB တွေ , stick တွေတပ်ထားချင်းကိုရှောင်ကြဉ်ပါ။
ကိုယ့်ရဲ့ laptop မှာ data တွေအကူးအပြောင်းလုပ်ဖို့တပ်ထားတဲ့ Harddisk ကြိုးတွေ. Memory stick တွေကိုအသုံးမပြုပဲတပ်ထားခြင်းဟာ laptop battery ကိုမလိုအပ်ပဲပြုန်းတီးစေတဲ့အတွက် PCmag ကလည်းအသုံးမပြုတဲ့ကြိုးတွေကိုဖြုတ်ထားဖို့အကြံပေးထားပါတယ်။
2. Laptop ကိုတစ်ချိန်လုံးအားသွင်းကြိုးမတပ်ထားပါနဲ့
Laptop တွေရဲ့ battery ဟာ cycle count နဲ့သွားတာဖြစ်တဲ့အတွက် cycle count ကိုများများဖြုန်းလေဘက်ထရီသက်တမ်းတိုလေပဲဖြစ်ပါတယ်။ဥပမာ 20% ကနေ 100% အထိကို battery cycle count 1 တွက်တယ်ဆိုရင် အမြဲတမ်း အားသွင်းကြိုးထိုးထားရင် cycle count တွေကုန်ခမ်းစေမှာပဲဖြစ်ပါတယ်။
3. Screen brightness ကိုမလိုအပ်ရင်လျှော့ထားပါ။
အပြင်မှာသုံးတာမျိုးမဟုတ်ပဲအိမ်ထဲမှာပဲသုံးနေတဲ့အချိန်တွေမှာမလိုအပ်ပဲ screen brightness ကိုလျှော့ထားခြင်းအားဖြင့် battery ကြာရှည်ခံသလို မျက်လုံးလည်းသက်သာစေပါတယ်။
4. ပူလွန်းအေးလွန်းသောနေရာမျိုးမှာမထားပါနဲ့
ဒီနိုင်ငံမှာတော့အေးလွန်းတဲ့နေရာမှာထားတယ်ဆိုတာဖြစ်ခဲပါတယ်။အဓိကကတော့ကိုယ့်ရဲ့ Laptop ကိုနေပူထဲပစ်ထားပြီးပြန်သုံးရင်ပူနေတဲ့အတွက်အထဲက hardware တွေကအလုပ်နှစ်ဆပိုလုပ်ရပြီး Battery သက်တမ်းကိုထိခိုက်စေပါတယ်။အဲ့တော့သာမန်အခန်းအပူချိန်မှာအသုံးပြုခြင်းကအကောင်းဆုံးပါပဲ။
5. မသုံးတဲ့ Feature တွေကိုပိတ်ထားပါ။
Wifi မသုံးရင် Wifi, Bluetooth မသုံးရင် Bluetooth ကိုပိတ်ထားပါ။ကျွန်တော်တို့ကသတိမမူမိပေမဲ့နောက်ကွယ်မှာအဲ့ကောင်တွေကအလုပ်ပိုတွေလုပ်နေမိပါတယ်။ ဥပမာ wifi ဆိုရင်မသုံးပဲနောက်ကွယ်မှာ Wifi signal ကိုလိုက်ရှာနေတဲ့အတွက်အလုပ်ပိုစေပါတယ်။ အဲ့ feature တွေကိုတော့ notification center ထဲမှာအလွယ်တကူပိတ်ထားနိုင်ပါတယ်။နောက်ပြီး auto update တွေကိုလည်း ပိတ်ထားခြင်းအားဖြင့်လည်း Laptop battery ကိုချွေတာနိုင်စေပါတယ်။
Author : Hein Htet
Ref: cheatsheet