CGI ဆိုတာဘာလဲ???

Marvel ရုပ်ရှင်တွေကိုကြိုက်ကြလား??

Avatar : The Way of Water ကိုရောကြည့်ပြီးကြပြီလား၊ မကြည့်ရသေးရင် ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ CGI ကိုပိုက်ဆံပေးပြီး ကြည့်တယ်ဆိုတာ Avatar ကြည့်မှသာ တန်တာကို ကိုဆိုလိုပါတယ်။ James Cameron ကြီးကောင်းတာကလည်း တစ်မျိုးပေါ့ဗျာ။ Avatar : The Way of Water ကို Production လုပ်ချိန်ဟာ ၁၀ နှစ်ကြာမြင့်ခဲ့သလို၊ ကုန်ကျငွေဟာ အမေရိကန်ဒေါ်လာ သန်း ၂၅၀ ရှိခဲ့ပါတယ်။

အဆိုပါ Marvel ရုပ်ရှင်တွေ၊ Avatar လိုစောက်ရမ်းလန်းတဲ့ Graphics တွေကိုဖန်တီးဖို့အတွက် Computer-Generated Imagery လိုအပ်ပါတယ်။ CGI ကို ၃ဖက်မြင် ပုံရိပ်တွေဖန်တီးတဲ့နေရာမှာ အဓိကအသုံးပြုပါတယ်။ ရုပ်ရှင်အတွင်းက ရုပ်ရှင်ဇာတ်ကောင်အတုတွေ၊ ဘတ်ဂရောင်းအတုတွေ၊ ရာသီဥတုအတုတွေစတဲ့ အပြင်မှာအတုလုပ်ဖို့ခက်တဲ့ အရာတွေကို CGI နဲ့ပြုလုပ်လို့ရပါတယ်။

CGI ကိုရုပ်ရှင်လောကတင်မဟုတ်ပဲ၊ ကြော်ငြာတွေ၊ VRတွေနဲ့ Game တွေမှာလည်း အသုံးပြုပါတယ်။ CGI ကိုအသုံးပြုပြီး လူနဲ့တစ်ပုံစံတည်းတူတဲ့ ဇာတ်ကောင်တွေ၊ ၂ဖက်မြင် ပုံရိပ်တွေ၊ အရာဝတ္တုတစ်ခုကို အလင်းရောင်ပြန်တဲ့ပုံတွေ အစရှိတဲ့ အပြင်လောကမှာ မရှိနိုင်တဲ့ပုံရိပ်ရော၊ ရှိနိုင်တဲ့ပုံရိပ်တွေကို Computer ရဲ့စွမ်းအားပေါ်မူတည်ပြီး ဖန်တီးနိုင်ပါတယ်။

ကမ္ဘာ့ပထမဆုံး CGI အသုံးပြုခဲ့တဲ့ ရုပ်ရှင်ကတော့ Vertigo လို့ခေါ်တဲ့ 1958 ကရုပ်ရှင်ပဲဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်မှာ Animation Pattern တွေလည်တာကို ကွန်ပျူတာအသုံးပြုပြီးဖန်တီးခဲ့ပါတယ်။

ခုမျက််မှောက်ခေတ်မှာတော့ Processor တွေ ​Power ကြီးလာတာနဲ့အမျှ မိမိဖုန်းနဲ့တောင် အခြေခံ CGI တွေကို Cloud Based Application တွေနဲ့ပြုလုပ်လာနိုင်ပြီဖြစ်ပါတယ်။ CGI ကို ဆေးပညာနယ်ပယ်၊ အနုပညာနယ်ပယ်၊ ဖျော်ဖြေမှုနယ်ပယ်နဲ့ တစ်ခြားနယ်ပယ်တွေအများကြီးမှာ အသုံးပြနေကြပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Best 2D Indie Nintendo Switch Games

Next
Next

ကမ္ဘာ့နိုင်ငံတွေနဲ့ TikTok ဂယက်