ကမ္ဘာ့နိုင်ငံတွေနဲ့ TikTok ဂယက်

တစ်ဖြည်းဖြည်းတိုးလာနေတဲ့ကိန်းဂဏန်းတစ်ခုမှာ အပြည်ပြည်ဆိုင်ရာက တက္ကသိုလ်တွေမှာ တက္ကသိုလ်ပိုင် Electoronic Device တွေမှာ TikTok သုံးတာ (သို့) တက္ကသိုလ်ပိုင် Wifi တွေနဲ့ TikTok သုံးတာကို ကန့်သတ်နေတာပဲဖြစ်ပါတယ်။ US က အစိုးရပိုင်းလူကြီးတွေလည်း TikTok သုံးတာကို ပိတ်ပင်ထားသလို၊ TikTok အနေနဲ့ Forbes မဂ္ဂဇင်းက သတင်းထောက်အချို့ရဲ့ Data တွေခိုးတယ်ဆိုတာကိုလည်း လောလောလတ်လတ် ဝန်ခံထားပါတယ်။

TikTok ရဲ့ မိနစ်ပိုင်းသာရှည်တဲ့ Video Content တွေဟာ လူအများအတွက် စိတ်ဝင်စားစရာဖြစ်််သလို၊ Covid အတွင်း လူတွေ Stay at Home ကာလမှာ အတော်လေး စိတ်ပြေလက်ပျောက်အဖြစ် ဆော့ကစားစရာဖြစ်ခဲ့တာမို့ ဒီနှစ်ပိုင်းအတွင်းမှာ TikTok ဟာအတော်လေးကြီးထွားလာခဲ့ပါတယ်။ ဒါပေမယ့် TikTok ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ Byte Dance က Data တွေကိုတိုက်ရိုက်ခိုးယူပြီး တရုတ်အစိုးရကို ရောင်းစားတယ်ဆိုတဲ့ စွပ်စွဲသံတွေကလည်း တစ်ဖြည်းဖြည်းကျယ်လောင်လာခဲ့တာပါ။

အရင် အမေရိကန်အစိုးရ သမ္မတ ဒေါ်နယ်ထရမ့်ကလည်း TikTok ကိုအမေရိကန်မှာ ဘန်းဖို့လုပ်ခဲ့ပေမယ့် နည်းပညာသမားတွေက အရမ်းကြီးတဲ့ Service တစ်ခုကို ခုလိုကျယ်ဝန်းလှတဲ့ နယ်မြေမှာ ဘန်းဖို့ကိစ္စက အတော်လေးကို ခက်ခဲမယ်လို့ဆိုထားပါတယ်။

အနောက်နိုင်ငံတွေမှာ ကိုယ်ပိုင် Data ကိုတန်ဖိုးထား ကာကွယ်နေကြပေမယ့်၊ အာရှဖက်မှာတော့ အရမ်းကြီးဂရုမထားကြပါဘူး။ နိုင်ငံအတော်များများက စီးပွားရေးတွေ၊ ကြေငြာတွေ၊ အပန်းဖြေ Platform တွေဟာ TikTok ပေါ်ကိုမှီခိုနေကြတာတွေရှိလို့ တစ်ကယ်လို့ ပိတ်ပင်လိုက်မယ်ဆိုရင်တောင် ရတဲ့နည်းတွေနဲ့ သုံးနေကြဦးမှာပဲ..

Ref : CNN Business

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

CGI ဆိုတာဘာလဲ???

Next
Next

2022 Google Search Trends Result