Best 2D Indie Nintendo Switch Games

Nintendo ပိုင်ရှင်အတော်များများအနေနဲ့ Switch ဝယ်ဖြစ်ရင် Legends of Zelda ကိုသေချာပေါက်ဆော့ဖြစ်မှာပါ။ တစ်ချို့တော့လည်း Action, Adventure ကိုမှ 2D နဲ့ ဆော့ချင်ပြီး Indie စတိုင်ကြိုက်တဲ့ ကျွန်တော့်လိုလူတွေအတွက် ဆော့ကြည့်သင့်တဲ့ Game တွေကိုဖော်ပြပေးလိုက်ပါမယ်။ Nintendo ဆိုတဲ့အတိုင်း ဂိမ််းတွေက ဈေးကြီးပြီး ဝယ်ဆော့ရတာများပါတယ်။ ပိုက်ဆံမကုန်ချင်ရင် Jail ကြပါ...

1. Hollow Knight

Steam မှာ ဖရီးရတတ်ပေမယ့် Nintendo eshop မှာတော့ဈေးလည်းကြီးတယ်။ ဆော့ရတာလည်းမိုက်တယ်။ Character တွေကလည်း ချစ်ဖို့လည်းကောင်း၊ အသံနဲ့ Graphics ကလည်း အတော်လေးကို လှနေအောင်ဆွဲထားတာပါ။ 2D Game မို့အထင်မသေးနဲ့ Maps ကြီးကလည်း အကြီးကြီးပဲ။ တစ်ခုတော့ ကြိုပြောချင်တာက ဒီဂိမ်းကို Switch နဲ့ဆော့မယ်ဆိုရင် Controller သပ်သပ်ကြိုဝယ်ထားဖို့ အကြံပေးချင်ပါတယ် :3

2. INSIDE

Gameplay က အစအဆုံးတစ်ထိုင်တည်းဆော့ရင် ၂ နာရီကျော်ကျော်လောက်နဲ့ ပြီးနိုင်ပါတယ်။ ဒါပေမယ့် အဖြူ၊ အနက်၊ ခဲရောင်၊ မီးခိုရောင် စတဲ့ ခပ်မှောင်မှောင် အရောင်တွေနဲ့ပဲ လုပ်ထားပြီး Puzzle တွေဖြည်၊ Creepy ဖြစ်ဖြစ်ဆော့ရတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ Gameplay ကလည်း ရှင်းပါတယ်။ ကောင်လေးတစ်ယောက် ဘာဖြစ်နေမှန်းမသိတဲ့ Zombie လိုလို၊ Mind Control လိုလိုအကောင်တွေလက်ကနေ လွတ်မြောက်အောင်ကြိုးစားတာပဲဖြစ်ပါတယ်။ ဒါပေမယ့် Plot Twist လေးတွေပါပါတယ်။ ဆော့ကြည့်ဖို့ အကြံပေးချင်ပါတယ်။

3. Ori & the Blind forest

Graphics အတော်လေးကိုလှပြီး အရောင်တွေရော၊ Character တွေပါမကျန်ချစ်ဖို့ကောင်းတဲ့ Game ဆိုလည်းမမှားပါဘူး။ Exploration လုပ်ရတဲ့ Game ပဲဖြစ်ပါတယ်။ Game ကတော့ Mythical ဆန်ဆန် အကောင်ကြီးတွေပါဝင်ပြီး ချစ်စရာလည်းကောင်းပါတယ်။ Cinematic Scene တွေလည်း ပါဝင်လို့ အစအဆုံးမျောပါသွားပါလိမ့်မယ်။

4.Monster Sanctuary

ဒီဂိမ်းမှာက ထူးခြားချက်က Graphics တွေက Pixelated ဖြစ်ပြီး၊ Gameplay ကတော့ Exploration လုပ်ရင်းနဲ့ အစွမ်းအမျိုးမျိုးရှိတဲ့ Monster တွေနဲ့ အတူ မကောင်းနဲ့ Monster တွေကို နှိမ်နင်းရတာဖြစ်ပါတယ်။ Pixel Character တွေကိုပြန်မြင်ရတာ လုံးဝ Nostalgia ပါပဲ

5. Hollow Knight: Silksong

အပေါ်က Hollow Knight ကိုဆော့ကြည့်ပြီးရင် ဒီကောင်ကိုဘာလို့ ဆော့ကြည့်သင့်လဲဆိုတာ သိလာပါလိမ့်မယ််။ လာမယ့် ၂၀၂၃ ဂျူလိုင်လမှာ Release လုပ်မယ့် Game ဖြစ််ပါတယ်။ မထွက်သေးပဲဘာလို့ထည့်ထားလဲဆိုတော့ ကျွန်တော်အရမ်းကြိုက်သလို ဆော့လည်းဆော့ကြည့်သင့်လို့ဖြစ်ပါတယ်။






Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Piracy အကြောင်း

Next
Next

CGI ဆိုတာဘာလဲ???