သဘာဝဘေးအန္တရာယ်တွေ စောင့်ကြည့်လို့ရမယ့် Website များ

ဖုန်းတိုင်းမှာ Weather App တွေပါပေမယ့် ယုံကြည်ရတဲ့ Third-party Source တွေကိုလည်း ဖော်ပြလိုက်ပါတယ်။ မုန်တိုင်း၊ ရေဘေး၊ ငလျင် စတဲ့ အချက်အလက်တွေကို အခမဲ့ရော၊ ပိုက်ဆံပေးပြီး ကြည့်လို့ရတဲ့ Website တွေပဲဖြစ်ပါတယ်။

1. Windy

လက်ရှိ ပညာရှင်တွေအတော်များများ သုံးနေတဲ့ Source တစ်ခုပါ။ မုန်တိုင်း၊ အပူလှိုင်း၊ အအေးလှိုင်း၊ ပင်လယ်ရေလှိုင်းအမြင့်၊ UV Index အချက်အလက် အတော်လေးစုံတဲ့နေရာပါ။

2. AccuWeather

ဖုန်းအတော်များများရဲ့ Weather App တွေမှာ Source အဖြစ်သုံးပါတယ်။ အခမဲ့သုံးလို့ရပါတယ်။

3. Weather Underground

နောက်ထပ် မုန်တိုင်းနဲ့ ရာသီဥတုကိုပတ်သတ်လို့ ခန့်မှန်းချက်တွေ၊ သတင်းတွေ အခမဲ့ကြည့်လို့ရတဲ့ Source တစ်ခုပါ။ ရာသီဥတုနဲ့ပတ်သတ်တဲ့ သတင်းတွေလည်းဖတ်လို့ရပါတယ်။

4. Flood Map

ရေကြီးမယ့်နေရာတွေကို ခန့်မှန်းချက်တွေ ထုတ်ပြန်ပေးတဲ့ Source ပဲဖြစ်ပါတယ်။ မုန်တိုင်းရဲ့နောက်ဆက်တွဲ ရေကြီးမှုတွေကို သတိထားနိုင်ဖို့ အချက်အလက်တွေပြပေးပါတယ်။

5. Earthquake Tracker

ငလျင်တွေကိုလည်း သဘာဝဘေးအန္တရာယ်ထဲမှာ လျော့တွက်ထားလို့မရပါဘူး။ ဒီ Website မှာ တစ်ကမ္ဘာလုံးကငလျင်တွေကို အချိန်နဲ့တစ်ပြေးညီ Up-to-date သိနိုင်ပါတယ်။

အားလုံးပဲ ဘေးကင်းကြပါစေ။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

EV တွေရဲ့ Battery အနာဂတ်

Next
Next

အွန်လိုင်းပေါ်က သတင်းမှားတွေကို ဘယ်လိုစီစစ်မလဲ