အွန်လိုင်းပေါ်က သတင်းမှားတွေကို ဘယ်လိုစီစစ်မလဲ

"ထရပ်ကားလောက်ကြီးတဲ့ ဘုရားမြွေကြီး" ဆိုပြီး အရင်တုန်းကပုံတွေမြင်ဖူးကြမယ်ထင်ပါတယ်။ Photoshop လုပ်ထားတဲ့ ပုံမှန်းသိသာတဲ့ ပုံတစ်ခုနဲ့ ဘာမီဒီယာ၊ ညာမီဒီယာဆိုပြီး Clickbait လုပ်ခဲ့တာတွေကို လူတွေသိကြမှာပါ။ ခုနောက်ပိုင််းတော့ Clickbait တွေကပုံပြောင်းသွားတယ်။ "ဘယ်မင်းသားကတော့ ဘယ်သူ့ကိုဘာလုပ်လိုက်ပါတယ်၊ ဟိုမင်းသမီးလေးကတော့ ဘာကြီးပါ" အညှီအဟောက်တွေနဲ့ clickbait တွေဖြစ်လာတာကိုတော့ ခုတစ်လောပိုများလာပါတယ်။ Akhayar ပရိသတ်တွေအနေနဲ့လည်း အွန်လိုင်းမှာ သတင်းတစ်ခုတွေ့ပြီဆိုတာနဲ့ သတင်းမှား/မှန်စစ်လို့ရအောင် အခြေခံ Fact-Check လုပ်နည်းမျှဝေပေးချင်ပါတယ်။

၁. သတင်းအမျိုးအစားကိုစစ်ပါ

ကြားလိုက်ရတဲ့ အကြောင်းအရာတစ်ခုက တရားဝင်စာထုတ်တဲ့ကြေငြာချက်လား၊ ကိုကားမှီငြမ်းတဲ့တစ်ဆင့်ပြောစကားလား၊ ဒါမှမဟုတ် ရပ်ကွက်ထဲသတင်းပြန့်သလို ပြန့်လာတဲ့အကြောင်းအရာလားဆိုတာကို ပထမဆုံးစစ်ဆေးပါ။

၂. သတင်းရင်းမြစ်ကိုစစ်ဆေးပါ

"ယုံရတဲ့သတင်းဌာနကတင်တာလား"၊ "ရပ်ကွက်ထဲက အန်တီကြီးကတင်ထားတာလား"၊ "ဘာလာလာအကုန်ဒေါင်း အွန်လိုင်းမီဒီယာ ဆိုတာကတင်တာလား" စစ်ဆေးပါ။

၃. အချက်အလက်ကို ထပ်ခါထပ်ခါ အတည်ပြုပါ။

တစ်ကယ်လို့ ယုံကြည်ရတဲ့သတင်းဌာနတွေက ရတဲ့အချက်အလက်တစ်ခုဆိုရင်တောင် တစ်နေရာတည်းကရတဲ့ အချက်အလက်တစ်ခုနဲ့တင် မယုံပဲ နောက်ထပ် ယုံကြည်ရတဲ့ Source တွေကနေတစ်ဆင့် သတင်းကို Confirm လုပ်ပါ။

၄. ချင့်ချိန်ယုံကြည်ပါ

မိမိကိုယ်ပိုင်အသိဉာဏ်၊ ပတ်ဝန်းကျင်က တတ်သိနားလည်သူတွေနဲ့ သတင်းကိုအတည်ပြုပြီး ချင့်ချိန်ယုံကြည်ပါ။

အထက်ပါအချက်တွေက သတင်းတစ်ခုကို အဆင်ဆင့်စစ်ဆေးနိုင်မယ့် အကြမ်းဖျဥ်းအချက်တွေပဲဖြစ်ပါတယ်။ သတင်းတုတွေနဲ့ အချက်အလက်တုတွေဟာ ခုလိုအင်တာနက်ခေတ်မှာ နေ့စဥ့်ဘဝကို ထိခိုက်လာတာမို့ ဂရုစိုက်ကြဖို့ အကြံပေးလိုပါတယ်။

#Akhayartech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

သဘာဝဘေးအန္တရာယ်တွေ စောင့်ကြည့်လို့ရမယ့် Website များ

Next
Next

ကျောင်းသားတွေ သုံးကြည့်ရမယ့် Ai Tools ၅ ခု