EV တွေရဲ့ Battery အနာဂတ်

၂၀၂၀ နောက်ပိုင်းအတော်လေးကို ခေတ်စားလာတဲ့ EV အကြောင်းကိုမပြောခင်၊ EVတွေတိုင်းရဲ့အသက်ဖြစ်တဲ့ Battery အကြောင်းကိုပြောရပါမယ်။ တစ်ကယ်တော့ Battery တွေကို ကားတွေမှာထက် ဖုန်းတွေမှာအရင် အသည်းအသန်အပြိုင်မြင်ရမှာပါ။ အရင်တုန်းက ဖုန်းတစ်လုံးကို တစ်နေကုန်သုံးလို့မရတဲ့ သက်မှတ်ချက်ကနေ နောက်ပိုင်း Lithium Battery တွေကျေးဇူးနဲ့ တစ်နေကုန်အသုံးခံတဲ့ဖုန်းတွေပေါ်လာခဲ့ပါတယ်။

EV တွေမှာလည်းအဲ့လိုပါပဲ။ တစ်ကယ်တော့ EV တွေမှာလည်း Battery အကြီးကြီးတစ်ခုတည်းပါတာမဟုတ်ပဲ၊ Battery အသေးလေးတွေ အများကြီးထည့်ထားတဲ့ System ကြီးတစ်ခုပါပဲ။ ဒါပေမယ့် EV တွေအတွက် Battery တွေဟာအရမ်းကြီး အဆင့်မြင့်နေတဲ့ Stage တစ်ခုတော့ဟုတ်မနေပါဘူး။ ကောင်းလှပါတယ်ဆိုတဲ့ Tesla တောင်မှ ရန်ကုန်-မန်းလေး သွားမယ်ဆို နေပြည်တော် အမြန်လမ်းတစ်နေရာမှာတော့ အားသွင်းဖို့လိုပါတယ်။ အဲ့တော့ခုနောက်ပိုင်း EV maker တွေဟာ Battery နည်းပညာအသစ်ကို စမ်းသပ်လာကြပါတယ်။ ဒါမှ ပိုဝေးဝေးသွားနိုင်မယ့်၊ ပိုပြီး Efficient ဖြစ်မယ့် EV တွေကိုထုတ်နိုင်လာမှာဖြစ်ပါတယ်။

Battery အကြောင်းကိုပြောရရင် Batteryဆိုတာ တစ်ကယ်တော့ Enginnering နဲ့ Chemical ကိုပေါင်းစမ်ထုတ်လုပ်ရတဲ့ အရာပါပဲ။ Chemistry ကိုသုံးပြီး Battery ထဲကဓာတ်သတ္တုတွေကို ပေါင်းစပ်ရပြီး Engineering ကတော့ Battery ကိုအသေးဆုံးနဲ့ ဝန်အကျဥ်းဆုံးဖြစ်အောင် Compact ဖြစ်အောင််ပြုလုပ်တဲ့နေရာမှာပါဝင်ပါတယ်။

ကမ္ဘာ့အကြီးဆုံး တရုတ် Battery ထုတ်လုပ်ရေးဖြစ်တဲ့ CATL ကလေယာဥ် EV တွေပါအသုံးပြုနိုင်မယ့် Battery တစ်ခုကိုတီထွင်နေပြီး ဒီနှစ်ကုန်ပိုင်းလောက်မှာ Mass Production စမယ်လို့ပါကြေငြာထားပါတယ်။ သူတို့ကြေငြာထားတဲ့ အချက်အလက်တွေအရတော့ အထဲမှာ Electrolyte Gel တစ်မျိုးကိုသုံးထားပြီး သုံးနေကျ Battery တွေလိုမျိုး Solid-state မဟုတ်ပါဘူး။ သူတို့ပြောပုံတွေအရတော့ လေယာဥ်တွေမှာပါ အဆိုပါ Battery တွေကိုသုံးနိုင်ဖို့ရည်ရွယ်ထားပြီး Long Range Vehicle တွေမှာပါ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

တစ်နှစ်ထက်တစ်နှစ် ပိုပြီးပြင်းထန်လာတဲ့ EV ပြိုင်ပွဲတွေကြောင့် နောက်ပိုင်းမှာ EV တွေလည်း ဈေးချိုချိုနဲ့ ယာဥ်ကောင်းကောင်းစီးရဖို့နီးလာပါပြီ။ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းမှာဆိုရင် Tesla ပါတရားဝင်ရောက်နေပြီဖြစ်ပါတယ်။ ကျွန်တော်တို့လည်း မီးပုံမှန်ပေးနိုင်တဲ့အချိန် EVs မျှော်လင့်ချက်တွေ ပိုပီပြင်လာမယ်လို့ မျှော်လင့်ရပါတယ်။

#Akhayartech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Sustainable Energy နဲ့ EVs

Next
Next

သဘာဝဘေးအန္တရာယ်တွေ စောင့်ကြည့်လို့ရမယ့် Website များ