အားလပ်ချိန််မှာ အကျိုးရှိရှိ အသုံးချနိုင်မယ့် Website ၆ ခု

အားလပ်ချိန်မှာ အချိန်ကိုအကျိုးရှိရှိ အသုံးချရင််း အပျင်းလည်းပြေ ဗဟုသုတလည်းရ နိုင်မယ့် Website တွေကို ဖော်ပြလိုက်ရပါတယ်။

၁. BrainPOP

Animation Video တွေနဲ့ သိပ္ပံ၊ လူမှုသိပ္ပံ၊ သင်္ချာ အစရှိတဲ့ GED လိုမျိုး အခြေခံပညာရေးတွေကနေ ကလေးတွေအတွက် KG Level အတန်းပေါင်းစုံအတွက်ထိ Animation Video တွေကို ထုတ်လုပ်ပေးနေတဲ့ Website ပါ။ ပိုက်ဆံပေးရပေမယ့် အခမဲ့ရနိုင်တဲ့ Content တွေလည်းရှိလို့ စမ်းသုံးကြည့်ဖို့ အကြံပေးချင်ပါတယ်

၂. Geogusser

ဒီဂိမ််းကတော့ ကစားသူကို Google Street Map တစ်နေရာမှာ ကျပန်းချပေးထားပြီး မိမိရောက်နေတဲ့နေရာကို ခန့်မှန်းရမယ့် ကစားနည်းမျိုးဖြစ်ပါတယ်။

၃. Archive(dot)org

Non Profit Internet Library တစ်ခုဖြစ်ပြီး စာအုပ်တွေ၊ videoတွေ၊ အသံဖိုင်တွေ၊ Software တွေအစရှိတဲ့ Resource တွေပေါင်းစုံကို ဒီမှာအခမဲ့ရယူနိုင်ပါတယ်။

၄. Drawbox

ပုံဆွဲကျင့််ချင်သူ အနုပညာရှင်တွေအနေနဲ့ အခြေခံပုံဆွဲနည်းတွေကို လေ့လာနိုင်တဲ့ Website ဖြစ်ပါတယ်။​ ပုံဆွဲဖို့လိုအပ်တဲ့ ပစ္စည်းတွေကအစ ညွန်းပေးလို့ Beginner တွေအတွက်ရှယ်ပါပဲ။

၅. Kongregate

Internet နဲ့ Browser ရှိယုံနဲ့ဆော့လို့ရမယ့် Minigame တွေစုထားတဲ့ Website ပဲဖြစ်ပါတယ်။ Mini Game ဖြစ်လို့ Data လည်းမစားပါဘူး။ အပျင်းပြေဆော့ဖို့အတွက် ကွက်တိပါပဲ။

၆. Sporcle

Geography, history နဲ့ pop culture အကြောင်း Quiz တွေဖြေချင်ရင်တော့ ဒီ Website ကသင့်အကြိုက်ဖြစ်လာမှာပါ။ Articles တွေလည်းဖတ်နိုင်တာမို့ တော်တော်လေးစုံတယ်လို့ ပြောနိုင်ပါတယ်။

ဒီ Website ၆ ခုကတော့ အားလပ်ချိန်တွေမှာ အပျင်းပြေအချိန်ဖြုန်းရင် အကျိုးရှိနိုင်မယ့် Website တွေပဲဖြစ်ပါတယ်။

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Tech အကြောင်းစိတ်ဝင်စားသူတွေ ကြည့်သင့်တဲ့ Films နဲ့ Series

Next
Next

ဝီကီလိခ်အကြောင်း