ဝီကီလိခ်အကြောင်း

Wikipedia လို့ပြောလိုက်ရင် လူတိုင်းသိပေမယ့် WikiLeaks လို့ပြောရင်တော့ မြန်မာနိုင်ငံမှာ သိတဲ့သူ အများကြီးရှိမှာ မဟုတ််ပါဘူး။ WikiLeaks ဆိုတာ နိုင်ငံတစ်ကာ INGO တစ်ခုလို့ မှတ်ယူနိုင်ပါတယ်။ ဒါပေမယ့် အစိုးရတွေရဲ့ လက်မဲကြီးတွေကို Dirty Hand တွေကိုဖော်ထုတ်တဲ့ အဖွဲ့အစည်းဖြစ်သလို၊ သူ့ကို Funding လုပ်တဲ့သူတွေဟာလည်း သာမန် NGO တွေကို အစိုးရတွေ၊ UN ဆီကလာတာမဟုတ်ပဲ လူထုဆီက လာတာပဲဖြစ်ပါတယ်။

WikiLeaks ကနေ အကျင့်ပျက်ခြစားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ကုမ္ပဏီကြီးတွေ၊ အစိုးရတွေရဲ့ လူသိမခံဝင်တဲ့ လျှို့ဝှက်ကိစ္စတွေကို ဖော်ထုတ်ပါတယ်။ ဖော်ထုတ်ခဲ့တဲ့အလျောက်လည်း Wikileaks ဟာ သတင်းစာလောက၊ နိုင်ငံရေးလောကနဲ့ ကမ္ဘာ့နိုင်ငံရေးအတော်များများမှာ သက်ရောက်မှုတွေရှိလာပါတယ်။

Wikileaks ကို Australian Computer Programmer တစ်ဦးဖြစ်တဲ့ Julian Assange ကစတင်တည်ထောင်ခဲ့ပါတယ်။ မူရင်းရည်ရွယ်ချက်က အစိုးရတွေ၊ ကုမ္ပဏီကြီးတွေမှာ သတင်းထိမ်ချန်ထားတာမျိုးမဖြစ်စေပဲ၊ အမည်မသိသတင်းထုတ်ဝေမှုကို ပြုလုပ်ဖို့အတွက် စတင်ခဲ့တာဖြစ်ပါတယ်။ WikiLeaks စတင်ချိန်ကစတင်ပြီး သတင်းမီဒီယာလောကမှာ အကြီးအကျယ်ပြောင်းလဲမှုတွေလည်း ဖြစ်ခဲ့ပါတယ်။

အမေရိကန်တို့ အီရတ််နဲ့ အာဖဂန်် ကိုစစ်တိုက်စဥ်က အရပ်သားသေဆုံးမှုတွေ၊ စစ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ အနိုင်ကျင့်မှုတွေ၊ အကျဥ်းသားတွေကိုနှိပ်စက်တာတွေအပြင်၊ အချင်းချင်းပြန််လည်ပစ်ခတ်တဲ့ကိစ္စတွေနဲ့ပတ်သတ်တဲ့ File ပေါင်း သိန်းနဲ့ချီပြီ လူထုကိုချပြခဲ့ပါတယ််။ ဒါ့အပြင် US ရဲ့ တစ်ကမ္ဘာလုံးက သံရုံးတွေကို ပို့ခဲ့တဲ့ လျှို့ဝှက်File ပေါင်း ၂သိန််းခွဲကျော်ကိုလည်း ချပြခဲ့လို့ နိုင်ငံရေးသမားတွေလည်း အရှက်ကွဲတဲ့ကိစ္စတွေရှိလာခဲ့ပါတယ်။

ခုလိုအန္တရာယ်များတဲ့ ကိစ္စတွေလုပ်လို့လည်း USမှာ WikiLeaks ကိုဝင်ကြည့်ခွင့်မရအောင် ဘန်းထားသလို​၊ Julian Assange ကိုယ်တိုင််လည်း အီကွေဒါသံရုံးအတွင်းမှာ ၇နှစ်ခန့်နေထိုင်ရင်း နိုင်ငံသားအဖြစ်ခံယူခွင့််ကိုစောင့်ခဲ့ပါတယ်။ ဒါပေမယ့်် သူရဲ့ခိုလှုံခွင့်ငြင်းပယ်ခံရပြီး ၂၀၁၉ မှာတော့ UK ရဲတွေဖမ်းတာကိုခံခဲ့ရပါတယ််။ US ကအကျဥ်းသားလွှဲပြောင်းဖို့ ကမ်းလှမ်းခဲ့ပေမယ့် UK ကပယ်ချခဲ့ပါတယ်။ လောလောဆယ်မှာတော့ UK မှာ အကျဥ်းကျခံနေရဆဲဖြစ်ပြီး မကြာခင်မှာ လွတ်မြောက်လာမယ်လို့ မျှော်လင့်ရပါတယ်။

ဒါ့အပြင် WikiLeaks အကြောင်းရိုက်ပြထားတဲ့ ဇာတ်လမ်းလည်းထွက်လာခဲ့ပါသေးတယ်။ မင်းသားကြီး Benedict Cumberbatch သရုပ်ဆောင်ထားတဲ့ "The Fifth Estate" ဆိုတဲ့ဇာတ်လမ်းလည်းထွက်လာခဲ့ပါသေးတယ်။

Wikileaks ကြောင့် ကမ္ဘာတစ်ဝှမ်းလုံးမှာ သတင်းမှန်တွေ၊ သတင်းတုတွေ၊ သတင််းအမှောင်ချတာတွေနဲ့ အစိုးရတွေကြား ဘယ်လိုမျိုးသက်ရောက်မှုတွေရှိလာလဲဆိုတာကို မီးမောင်းထိုးပြသလိုဖြစ်ခဲ့သလို သတင်းတွေနဲ့ Online ပေါ်မှာ Cyber Security ဘယ်လောက်အရေးကြီးကြောင်း မီးမောင်းထိုးပြသလိုဖြစ်စေခဲ့ပါတယ်။

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

အားလပ်ချိန််မှာ အကျိုးရှိရှိ အသုံးချနိုင်မယ့် Website ၆ ခု

Next
Next

ပိုတိုးတက်လာတဲ့ Video Call Feature များ