Tech အကြောင်းစိတ်ဝင်စားသူတွေ ကြည့်သင့်တဲ့ Films နဲ့ Series

Tech Industory နဲ့ပတ်သတ်တဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေကြည့်ချင်သူတွေအတွက် ကျွန်တော်ကိုယ်တိုင်ကြည့်ဖြစ်ခဲ့တဲ့ တစ်ချို့ကို လာမယ့် သင်္ကြန််ပိတ်ရက်မှာကြည့်ချင်သူတွေအတွက်် ညွန်းပေးပါရစေ။

၁. Silicon Valley (2014-2019)

ပထမဆုံးကြည့်ဖူးတဲ့ Tech relate ဇာတ်လမ်းတွဲတစ်ခုပါ။ Corporate ကြီးတွေရဲ့ Culture တွေ၊ Developer တွေအချင်းချင်းဖြစ််တတ်တဲ့ကိစ္စတွေအပြင် Dark Humor တွေကို Start Up တစ်ခုထောင်ဖို့ ကြိုးစားရင်း ကြုံတွေ့ရတဲ့ Developer တစ်စုအကြောင်းရိုက်ပြထားတာပါ။

၂. Office Space (1999)

1999 ခုနှစ်က Software Company တွေရဲ့ သဘောသဘာဝတွေကို သရော်ထားတဲ့ ရုပ်ရှင်မို့ အဲ့ခေတ်ကဘယ်လိုတွေအလုပ်လုပ်ကြလဲဆိုတာ သိနိုင်တဲ့ပေါ့ပေါ့ပါးပါး ရုပ်ရှင်တစ်ခုပါ။

၃. Her (2013)

AI တွေခေတ်စားလာတော့ ဒီ ဇာတ်ကားလေးလည်း ပြန်ကြည့်ဖို့ ညွန်းပါရစေ။ AI တစ်ခုနဲ့ ချစ်မိသွားတဲ့ လူတစ်ယောက်ရဲ့ အကြောင်းဖြစ်ပါတယ်။

၄. Ex Machina (2014)

AI droid တွေကို လူတွေနဲ့ အရောတစ်ဝင်နေထိုင်နိုင်မှုကို ဆန်းစစ်နိုင်ဖို့အတွက် လူ ၂ ဦးကစမ်းသပ်ရင်း နောက်ကွယ်ကအကြောင်းတွေကို Thriller ဆန်ဆန်ရိုက်ပြထားတဲ့ ဇာတ်လမ်းတစ်ခုပါ။

၅. The Imitation Game(2014)

ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေရဲ့ကုဒ်ကို ဖော်ဖို့ကြိုးစားတဲ့ Alan Turing အကြောင်းကိုရိုက်ပြထားတဲ့ Film တစ်ခုပါ။ Alan Turing ဆိုတာ Computer Science လောကမှာမသိသူမရှိပါဘူး။

၆. The Fifth Estate(2013)

Information Technology ဟာ နိုင်ငံရေးမှာ ဘယ်လောက်ထိ လွှမ်းမိုးထားကြောင်း၊ သတင်းအချက်အလက် ဒေတာတွေဟာ ဘယ်လောက်အရေးပါကြောင်း ရိုက်ပြထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုပါ။

ဒီလောက်ဆိုရင် ပိတ်ရက်မှာ အိမ်တွင်းအောင်းပြီး အေးဆေး Chill လို့ရမယ်လို့ ထင်ပါတယ်။

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

သင့်အလုပ်တွေ ပိုမိုမြန််ဆန်သက်သာအောင် ကူညီပေးနိုင်မယ့် AI များ

Next
Next

အားလပ်ချိန််မှာ အကျိုးရှိရှိ အသုံးချနိုင်မယ့် Website ၆ ခု