ဒီနေ့ခေတ် Social media‌ နည်းပညာကုမ္ပဏီကြီးတွေရဲ့ ခေတ်လွန် Web 3.0 ဆိုတာဘာလဲ?

အခုတလော နောက်ပိုင်းကြားနေရတဲ့ Trend တစ်ခုကတော့ Web 3.0 ပဲဖြစ်ပါတယ်။ Google တို့ Facebook တို့လို ကုမ္ပဏီကြီးတွေ ကြီးစိုးနေတဲ့ internet အစား ဗဟိုချုပ်ကိုင်မှုမရှိတဲ့ Social platform တွေနဲ့ ဖွဲစည်းထားတဲ့ Web version အသစ်ပါ။ အဲ့တော့ Web 3.0 အကြောင်းမပြောခင် Web 1.0 နဲ့ 2.0 အကြောင်းလေး အရင်ပြောလိုက်ရအောင်။

Web 1.0 နဲ့ Web 2.0

Web 1.0 ဆိုတာ ပထမဆုံး လူအများသုံးလို့ရတဲ့ Web ပါ။ ပထမဆုံး Internet မတိုင်ခင် APPANET ပါ။ Web တွေ ထဲမှာ ယနေ့ခေတ် Internet ကြီးအတွက် ပထမဆုံးနဲ့ အခြေခံအကျဆုံးဖြစ်ပါတယ်။ Web 1.0 internet ခေတ်ကြီးက ရှင်းရှင်းပြောရရင်တော့ ဖတ်လို့ရတဲ့ Web page တွေချည်းပါပဲ။Bandwidth လည်း နည်းပြီး အခုလိုမျိုး 3D တွေ VR တွေ Vlog တွေ Social Networking တွေမရသေးပါဘူး။

ဒီနေ့ခေတ်လိုမျိုး Form ဖြည့်တာတွေ Web ပေါ်မှာ ပုံဆွဲတာတွေဂိမ်းဆော့တာတွေလုပ်လို့မရပါဘူး။ Web page တွေကိုလည်း သက်ဆိုင်ရာကုမ္ပဏီလေးတွေကပဲထိန်းချုပ်ကြပါတယ်။ အဲ့တုန်းက အခုလိုမျိုး internet ကုမ္ပဏီကြီးတွေဖြစ်တဲ့ Facebook တို့ Google တို့မပေါ်သေးပါဘူး။

Web 2.0 ဆီကိုစတင်ပြောင်းလဲခဲ့တာကတော့ 2004 ခုနှစ်မှာပဲဖြစ်ပါတယ်။ အင်တာနက်အတွက်အပြောင်းအလဲအကြီးကြီးတွေစတင်ဖြစ်ပေါ်ခဲ့တဲ့ နှစ်လည်းဖြစ်ပါတယ်။ Website တွေတော်တော်များများက Interactive လုပ်နိုင်လာရုံတင်မဟုတ်ပါဘူး။ ကုမ္ပဏီအကြီးကြီးတွေဖြစ်တဲ့ Google တို့ Facebook တို့လို ကုမ္ပဏီအကြီးကြီးတွေစပြီး ဝင်လာပါပြီ။ Social media တွေ အင်တာနက်ပေါ်မှာ စတင်ပြန့်နှံ့လာသလို နောက်ပြီး Chatting App တွေပါပေါ်လာပါပြီ။ အစတုန်းက အင်တာနက် ဟာ စာဖတ်လို့ပဲရတဲ့အဆင်ကနေ Interactive လုပ်လို့ရပြီး ဂီမ်းပါဆော့လာနိုင်တဲ့ Web 2.0 ကိုပြောင်းလဲလာပါပြီ။ Web 2.0 ဟာရှင်းရှင်းပြောရရင်တော့ Tech Giant ကုမ္ပဏီကြီးတွေ internet စတင် လက်ဝါးကြီးအုပ်လာတဲ့ Version လည်းဖြစ်ပါတယ်။

Web 3.0

Web 3.0 ရဲ့ အဓိကနည်းပညာဟာ Block chain ဖြစ်ပါတယ်။Web 1.0 လိုမျိုး ဖတ်လို့ရတဲ့ အပြင် web 2.0 လိုလည်း interactive လုပ်လို့ရပါတယ်။ Blockchain နဲ့ နည်းပညာတူတူပဲဖြစ်တဲ့ NFTs နဲ့ Cryptocurrency တို့လည်းပါဝင်ပါတယ်။ အဲ့တာအပြင် Artificial intelligence ကိုပါ Web 3.0 က တွင်တွင်ကျယ်ကျယ်ကြီးအသုံးချမှာြဖစ်ပါတယ်။

 Web 3.0 ကို လူတော်တော်များများကလည်း Bitcoin နဲ့တွဲမြင်ကျပြီး Bitcoin ဟာ နောက်လာမဲ့ Web 3.0 မှာလုံးဝကိုအရေးပါလာနိုင်ပါတယ်။နောက်ပြီး Web 3.0 Project တော်တော်များများဟာ Ethereum Blockchain ပေါ်မှာအခြေခံထားတဲ့ Decentralized app တွေပဲဖြစ်ပါတယ်။ သူကတော့ ဒီ Web 3.0 ပေါ်က Data တွေတော်တော်များများကိုဗဟိုချုပ်ကိုင်မှုမရှိတဲ့ Storage တွေပေါ်မှာသိမ်းဆည်းမှာပဲဖြစ်ပါတယ်။အဲ့တော့သဘောတရားကကိုယ့်ဒေတာကိုယ်ပိုင်ပြီး ကိုယ်ကပဲ Manage လုပ်ပိုင်ခွင့်ရှိပါတယ်။ အဲ့တော့ Internet ပေါ်မှာဒေတာတွေက ပြန့်ကျဲနေမှာပဲဖြစ်ပါတယ်။ Data ကဘယ်လိုရွေ့သွားတယ် ဘယ်ကို ပြောင်းသွားလဲဆိုတာကိုလည်း Blockchain Digital Ledger တွေပေါ်မှာမှတ်တမ်းတင်ထားတာမှာဖြစ်ပါတယ်။ အဲ့တော့ ဒေတာတွေကိုဘယ်လိုကိုင်တွယ်လည်းဆိုတာကို သိသာထင်ရှားစေမှာဖြစ်ပြီးတလွဲသုံးချခြင်းမှလည်းကာကွယ်ပေးမှာဖြစ်ပါတယ်။

နောက်ပြီး Platform ဟာလည်း ဘယ်အဖွဲ့အစည်း ဘယ်ကုမ္ပဏီကမှထိန်းချုပ်ထားခြင်းမရှိပါဘူး။ဒါပေမဲ့ Platform တစ်ခုချင်းဆီကို  မူဝါဒပိုင်းဆိုင်ရာ ထိန်းကျောင်းပေးမဲ့ အဖွဲ့အစည်းတွေတော့ရှိပါလိမ့်မယ်။ Web 3.0 ဟာ AI တွေကိုအသုံးပြုပြီး Bots တွေနဲ့ Click farms တွေကိုတားဆီးသွားမှာလည်းဖြစ်ပါတယ်။

Author: Hein Htet

Ref: Howtogeek

Previous
Previous

Google Maps မှာ Location Share ကြမယ်

Next
Next

Professional Email တစ်ခုဘယ်လိုရေးမလဲ