Google Maps မှာ Location Share ကြမယ်

ခုခေတ်ကြီးက အပြင်သွားတဲ့အခါပဲဖြစ်ဖြစ်၊ ခရီးသွားရင်ပဲဖြစ်ဖြစ် အရင်ကလို လမ်းမှာတွေ့သမျှကို မေးမြန်းပြီးသွားတဲ့ ခေတ်မဟုတ်ပဲ Maps ကြည့်ပြီးသွားတဲ့ခေတ်ပါ။ ဒါ့အပြင် အပြင်သွားတဲ့အခါမှာလည်း သူငယ်ချင်းတွေ၊ မိဘတွေနဲ့ Maps ပေါ်မှာ Location Shareရလို့ လုံခြုံရေးအတွက် အဆင်ပြေပါတယ်။

Maps တွေအများကြီးရှိတဲ့အထဲက လူသုံးအများဆုံးနဲ့ သုံးရတာ အဆင်ပြေဆုံးကတော့ Google Maps ပဲဖြစ်ပါတယ်။ Google Maps အနေနဲ့ Data လည်း Update ဖြစ်ပြီး Location Share ရတာလည်းအရမ်းအဆင်ပြေပါတယ်။ တစ်ကယ်လို့ လမ်းတစ်နေရာရာမှာ သူငယ်ချင်းတွေနဲ့ ဆုံဖို့ချိန်းတာဖြစ်ဖြစ်၊ လမ်းညွှန်တာမျိုးတွေမှာ Pin ထောက်ပြီးသွားနိုင်လို့ အဖက်ဖက်ကအဆင်ပြေပါတယ်။

ဒါ့အပြင် Google Maps ကို App ပေါင်းစုံက Location အတွက်အသုံးပြုကြပါတယ်။ Messenger Location share တာမျိုး၊ Snapchat အတွက် Heat Maps လိုမျိုးတွေက Google Maps ကိုပဲသုံးထားတာဖြစ်ပါတယ်။ ဒါ့အပြင် Google Maps ကို Android တင်မဟုတ်ပဲ Browser ပါဝင်တဲ့ဖုန်းတိုင်းသုံးလို့ရပါတယ်။ iOS အတွက်လည်း App ထွက်ထားပါတယ်။

1) Google Maps မှာရှိပြီးသား နေရာတစ်ခုကို Share ခြင်း
၁. Share မယ့်နေရာတစ်ခုကို ထောက်လိုက်ပါ
(unmarkဖြစ်နေတဲ့နေရာဆိုရင် ထောက်ပြီး စက္ကန့်အနည်ငယ် ဖိထားလိုက်ပါ)
၂. Pop-up ထဲက Share ဆိုတာလေးကို နှိပ်လိုက်ပါ
၃. Phone Contact နဲ့ Share မလား၊ ဒါမှမဟုတ် တစ်ခြား Messsaging app တွေနဲ့ ရှဲမလားဆိုတာမျိုးကို ရွေးပါ
၄. Copy to clipboard ကိုရွေးချယ်ပြီး Latitude, Longitude နဲ့လည်း Share လို့ရပါတယ်

2) ကိုယ့်ရဲ့ Location ကို Share ခြင်း
ကိုယ့်ရဲ့ Location ကို Share တဲ့အခါ Live Location ကိုပါ Share လို့ရပါတယ်။ ဒါဆိုရင် ကိုယ်နဲ့ Share ထားတဲ့သူကြားမှာ ဘယ်နားကိုရောက်နေပြီဆိုတာကို အပြန်အလှန် တိုက်ရိုက်ကြည့်လို့ရမှာပါ။ ဒါအပြင် အချိန်ဘယ်လောက်ထိ Share ထားမယ်ဆိုတာလည်း ရွေးချယ်လို့ရလို့ အရမ်းအဆင်ပြေပါတယ်။ တစ်ကယ်လို့ ပွဲတစ်ခုခုမှာ သူငယ်ချင်းတွေ လူစုကွဲတာမျိုးမဖြစ်အောင် ဒီကောင်လေးနဲ့ Share ထားလို့ရပါတယ်။ ကိုယ့်ရဲ့ Location ကို Share မယ်ဆိုရင်
၁. Google Maps က Profile ကိုနှိပ်ပါ
၂. ပြီးရင် New Share ဆိုတာကို နှိပ်ပါ
၃. ဒါပြီးရင် အချိန်ဘယ်လောက်ထိ Share မယ်ဆိုတာကိုပါ ရွေးပေးရမှာပါ
(အချိန်ကို အတိုးအလျော့လုပ်ထားနိုင်ပြီး unlimited time လည်း ပေးထားလို့ရပါတယ်)
၄. Location ကို တစ်ယောက်ထဲမဟုတ်ပဲ တစ်ပြိုင််နက်လူအများကြီးကိုလည်း Share ထားလို့ရပါတယ်

3) Direction ကို Share ခြင်း
တစ်နေရာရာကို သွားဖို့လမ်းညွန်ချင်တယ်ဆိုရင် အများကြီးညွန်စရာမလိုပဲ Direction ကို share ရင်ရပါပြီ။
၁. အရင်ဆုံး ညွန်ချင်တဲ့ Directions ကိုရွေးထားပါ
၂. ညာဖက်အပေါ််မှာရှိတဲ့ အစက်၃စက်ကိုနှိပ်ပြီး Share Directions ကိုရွေးလိုက်ပါ
၃. ကိုယ် share ချင်တဲ့ Contact တွေကိုရွေးပြီး Share နိုင်ပါတယ်
၄. တစ်ကယ်လို့ sms ကမဟုတ်ပဲ တစ်ခြား Messaging App တွေကနေ share မယ်ဆိုရင်လည်း အပေါ်ကလို့ပဲ ပြုလုပ်နိုင်ပါတယ်။

ခုလို Digital ခေတ်ကြီးမှာ ကိုယ်ချစ်ရသူတွေ ဘေးကင်းကင်းနဲ့ အပြင်သွားလာနိုင်ဖို့နဲ့ လုံခြုံစိတ်ချရစေဖို့ဆိုရင် ခုလိုပဲပြုလုပ်နိုင်ပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ဥရောပမှာ Bank App တွေကိုကူးစက်နေတဲ့ Xenomorph Trojan

Next
Next

ဒီနေ့ခေတ် Social media‌ နည်းပညာကုမ္ပဏီကြီးတွေရဲ့ ခေတ်လွန် Web 3.0 ဆိုတာဘာလဲ?