သင့်ကလေးကိုစမတ်ဖုန်းပေးမသုံးခင်သိထားသင့်တဲ့အချက်များ

ဒီဆောင်းပါးလေးကတော့သင့်ကလေးအရွယ်ရောက်လာလို့ဖုန်းပေးကိုင်တော့မယ့် မိဘတွေအတွက်သင့်ကလေးအတွက်သိထားသင့်တဲ့ အကြောင်းအရာလေးတွေဖြစ်ပါတယ်။

နည်းပညာဆိုတာသုံးတက်ရင်ဆေးဖြစ်သလိုမသုံးတက်ရင်ဘေးဖြစ်ပါတယ်။ကျွန်တော်တို့လူကြီးတွေကိုယ်တိုင်တောင်စမတ်ဖုန်းကိုစွဲလမ်းတက်ပါတယ်။

အဲ့တော့အသိညဏ်ရင့်ကျင့်မှုမရှိသေးတဲ့ကလေးတွေကိုစမတ်ဖုန်းနဲ့အင်တာနက်ပေးကိုင်မယ်ဆိုရင်ပိုလို့တောင်သတိထားသင့်ပါတယ်။ကိုယ်ကလေးကိုဖုန်းမဖြစ်မနေပေးကိုင်ရတော့မယ်ဆိုရင်ဆောင်ရန်ရှောင်ရန်အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ဒီဆောင်းပါမှာကလေးလို့သုံးနှုန်းထားတဲ့အတွက် ၁၃ နှစ်နဲ့ ၁၇ နှစ်ကြားကလေးမိဘတွေအတွက်ရည်ရွယ်ပါတယ်။

kid-computers.jpg

1.     Social media တွေရဲ့အန္တာရယ်တွေကိုသင်ပေးပါ။

Social Media တွေရဲ့ဆိုးကျိုးတွေကိုဒီနေ့ကမ္ဘာပေါ်မှာမိမိကလေးကိုဖုန်းစပေးကိုင်တဲ့မိဘတိုင်းသတိထားနေရပါပြီ။မသမာသူတွေကလည်းအသက်မပြည့်သေးတဲ့ကလေးတွေကိုလည်းပစ်မှတ်ထားလာကြပါတယ်။ social media တွေပေါ်ကနေတစ်ဆင့်ပိုက်ဆံအလိမ်ခံရတာ.ကလေးတွေပေါ်ကိုလိင်အမြတ်ထုတ်ခံရတာအပြင်,ပြန်ပေးဆွဲတာတွေအထိတောင်ဖြစ်နိုင်ပါတယ်။ထို့ကြောင့်ကိုယ့်ကလေးနဲ့ပွင့်ပွင့်လင်းလင်းတိုင်ပင်ပြီး အသက်အရွယ်တစ်ခုရောက်လာတဲ့အထိ online ပေါ်မှာသိတဲ့လူတိုင်းကိုမယုံဖို့နဲ့တစ်ခုခုမသင်္ကာစရာရှိပြီဆိုရင်လူကြီးတွေကိုလာပြောဖို့အမြဲမှာထားပါ။နောက်ပြီး social media ပေါ်ကသတင်းအမှားတွေရဲ့အန္တာရယ်ကိုလည်းသင်ပေးထားဖို့လိုပါတယ်။

မဖြစ်မနေပေးသုံးတော့မယ်ဆိုရင်လည်း parental controls ပါဝင်တဲ့ messenger kids, တို့ youtube kidsတို့မျိုးနဲ့စပြီးမိတ်ဆက်ပေးသင့်ပါတယ်။

How-Your-Info-Is-Used-Kids-2.png

2.     App limit ထားပါ။

နောက်ပြီး social media တွေဟာအသုံးပြုသူတွေကိုစွဲလမ်းစေတဲ့ ပြသမှုတွေအတွက် AI ကိုအသုံးပြုထားတာကြောင့် ဖုန်းပေါ်ကနေမျက်လုံးမခွာနိုင်တာမျိုးလည်းဖြစ်တက်ပါတယ်။အဲ့အတွက်အမြဲတမ်း App limit ထားပေးပါ။ တစ်နေ့ကိုဘယ်လောက်ပဲပေးသုံးမယ်ဆိုတာ screen time ကနေတစ်ဆင့် သတ်မှတ်လို့ရပါတယ်။ App တစ်ခုချင်းဆီအလိုက်လည်းကန့်သတ်လို့ရသလိုဖုန်းတစ်လုံးလုံးကိုလည်း down time သတ်မှတ်ပြီးဘယ်အချိန်ကနေဘယ်အချိန်ထိပဲပေးသုံးမယ်ဆိုတာကို passcode နဲ့သတ်မှတ်ထားလို့ရပါတယ်။ ဥပမာ ကျောင်းကနေအိမ်ပြန်ရောက်တဲ့အချိန်မှာပေးမသုံးချင်ဘူးဆိုရင်ကျောင်းတက်တဲ့အချိန် မနက် ၇ နာရီကနေ 12 နာရီအပြင်ဘက်ကို downtime သတ်မှတ်ထားလို့ရပါတယ်။ဒီ feature ဟာ Android မှာရော IOS မှာရောပါတဲ့ Feature ဖြစ်ပါတယ်။

3.     Dark web အကြောင်းကလေးတွေရှေ့မှာလုံးဝမပြောမိပါစေနဲ့

ကလေးတွေဆိုတာသဘာဝအရစူးစမ်းလေ့လာလိုစိတ်ရှိတာကြောင့်အန္တာရယ်များတဲ့ dark web အကြောင်းသူတို့မသိတာအကောင်းဆုံးပါပဲ။အသက်ကြီးလာမှသာသူတို့ဘာသာသူတို့စဉ်းစားချင့်ချိန်နိုင်တဲ့အရွယ်ရောက်မှသိပါစေ။ဘာဖြစ်လို့လဲဆိုတော့ dark web ထဲမှာဥပဒေနဲ့မညီတဲ့လုပ်ငန်းတွေဖြစ်တဲ့ credit card အတုလုပ်တာ ,လူ့ခန္ခာကိုဘ်အစိတ်အပိုင်းရောင်းတာတွေအပြင် , မမြင်သင့်မမြင်အပ်တာတွေလည်းပြည့်နှက်နေလိုပါ။ dark web ကြောင့်ဒုက္ခရောက်ရတဲ့ ဆယ်ကျော်သက်တွေလည်းနိုင်ငံခြားမှာဒုနဲ့ဒေးပါ။

4.     အင်တာနက်ပေါ်မှာရှာဖွေနိုင်တာတွေကိုကန့်သတ်ပါ။

ဒီ feature ကဖုန်းနဲ့အင်တာနက်အသုံးပြုတဲ့အခါမှာ parental control ထည့်ပြီးသင့်ကလေးဝင်ကြည့်နိုင်တဲ့ site တွေကိုထိန်းချုပ်တာဖြစ်ပါတယ်။ 18+ website တွေကို Block လို့ရသလို ကိုယ်ကြည့်ခွင့်ပေးထားတဲ့ website တွေပဲဝင်ကြည့်လို့ရအောင်လည်းထိန်းချုပ်နိုင်ပါတယ်။အရမ်းအသုံးဝင်တဲ့အတွက်ကိုယ့်ကလေးကိုဖုန်းပေးသုံးတော့မယ်ဆိုရင်မဖြစ်မနေအသုံးချသင့်တဲ့လုပ်ဆောင်ချက်ပဲဖြစ်ပါတယ်။

images.jfif

5.     ဖုန်းကိုကောင်းကောင်းကာကွယ်နိုင်တဲ့ကာဗာများအသုံးပြုပါ။

ကလေးမှန်ရင်ဆော့တက်တဲ့အတွက်ကိုယ့်ကလေးကိုဘယ်လိုဖုန်းပဲပေးကိုင်ပေးကိုင်မာကျောတဲ့ကာဗာနဲ့မှန်ကပ်များအသုံးပြုသင့်ပါတယ်။ဆော့ရင်းနဲ့မှန်ကွဲသွားတာတို့ဘောင်တွေအနောက်တွေကွဲသွားတာတို့ဆိုရင်ခဏခဏဝယ်ပေးရတာနဲ့မကာမိပါဘူး။အဲ့တာကြောင့်ကလေးကိုလည်းမထိခိုက်စေမဲ့အပြင်ဖုန်းကိုလည်းကောင်းကောင်းကာကွယ်နိုင်မဲ့အရည်အသွေးကောင်းတဲ့ကာဗာ,မှန်ကပ်မျိုးအသုံးပြုသင့်ပါတယ်။

Author: Hein Htet

Ref: goodhousekeeping.com

Previous
Previous

Laptop ဘက်ထရီကြာကြာခံအောင်ဘယ်လိုအသုံးပြုမလဲ?

Next
Next

Online ပေါ်တွင်လျှို့ဝှက်စွာနေထိုင်ခြင်း?