Online ပေါ်တွင်လျှို့ဝှက်စွာနေထိုင်ခြင်း?

ဒီနေ့ခေတ်လုံခြုံမှုအားနည်းတဲ့ Online ပေါ်မှာကိုယ့်ကိုကိုလူမသိသူမသိနေထိုင်ခြင်းကလည်းတစ်ဖက်တစ်လမ်းကလည်းကာကွယ်ရာရောက်ပါတယ်။ ကိုယ်ဝင်ကြည့်နေတဲ့ website တွေကိုယ့်ရဲ့အချက်အလက်တွေကိုမသိအောင်ယူနေလား၊ဒါမှမဟုတ်ကိုယ့်စက်ထဲကို Spyware တွေထည့်ပြီးကိုယ့်တည်နေရာကိုထောက်လှမ်းနေတာလား၊ကိုယ့်ဖုန်းနံပါတ်ကိုခိုးယူပြီးကိုယ့်ဖုန်းထဲကအချက်အလက်တွေကိုခိုးယူနေသလားနဲ့လားပေါင်းများစွာရှိပါတယ်။အဲ့တော့ Online ‌ပေါ်မှာကိုယ့်ကိုကိုဘယ်လိုကာကွယ်မလဲ?လူမသိသူမသိဘယ်လိုနေထိုင်မလဲ?

VPN သုံးပါ။

VPN က Online ပေါ်မှာလူမသိသူမသိနေထိုင်ရာမှာနဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုကာကွယ်ဖို့အထိရောက်ဆုံး Tool တစ်ခုပါ။VPN ဆိုတာကတော့ကိုယ်သုံးနေတဲ့စက်ရဲ့ online IP address ကိုဖုံးပေးတာပါ။ကိုယ့်ရဲ့ Online ပေါ်ကအချက်အလက်တွေကိုလုံခြုံအောင် virtual tunnel တစ်ခုနဲ့ Encrypted လုပ်ပေးထားတာဖြစ်ပြီး website တွေအနေနဲ့ကိုယ့်ရဲ့ Online ပေါ်ကခြေလှမ်းတွေ(ဘယ် Website မှာဘာတွေလုပ်ခဲ့လဲ ဘာတွေရှာခဲ့လဲ)ကိုအာရုံမခံနိုင်သလို ကိုယ်ဘယ်နိုင်ငံကနေအင်တာနက်သုံးနေလဲဆိုတာမသိအောင်ကာကွယ်ပေးနိုင်ပါတယ်။ဖုန်းနဲ့သုံးတာပဲဖြစ်ဖြစ်ကွန်ပြူတာနဲ့သုံးတာပဲဖြစ်ဖြစ်ရွေးချယ်စရာ VPN တွေအများကြီးပါ။ free VPN တွေရှိသလို Paid တွေလည်းရှိပါတယ်။ဒါပေမဲ့ တစ်ချို့ Paid VPN တွေဆိုရင်ကိုယ်သုံးချင်တဲ့နိုင်ငံက server တွေသုံးလို့ရသလို (ဥပမာ ကိုယ်ကမြန်မာနိုင်ငံမှာနေပေမဲ့ ကိုယ့် Location ကိုရှာကြည့်ရင်အမေရိကန်ရောက်သွားသလိုမျိုး) ပိုမိုကောင်းမွန်တဲ့ internet access ကိုလည်းရပါတယ်။ VPN တွေရဲ့အကျိုးကျေးဇူးနောက်တစ်ခုကကိုယ့်နိုင်ငံမှာမရသေးတဲ့ service တွေဖြစ်တဲ့ Spotify တို့လို app တွေသုံးချင်တယ်ဆိုရင် VPN ကျော်လိုက်တာနဲ့ဥပမာ Spotify ရတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ server ကိုရောက်သွားတာနဲ့သုံးလို့ရပါပြီ။

tor-logo.jpeg

Tor browser သုံးပါ။

Tor ကို US ရေတပ်ကအစိုးရရဲ့ဆက်သွယ်‌ရေးတွေလုံခြုံအောင်လို့သုံးခဲ့တာပါ။တစ်ကယ်တော့ Tor ဆိုတာ Virtual tunnel တည်းက Network တစ်ခုပါပဲ။Network ထဲကလူနဲ့အဖွဲ့အစည်းတွေကိုအင်တာနက်ပေါ်မှာလုံခြုံရေးနဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုကာကွယ်ပေးဖို့အတွက်ပါ။ Tor ရဲ့ anonymous network ဆိုရင် deep နဲ့ Hidden network တွေကိုသွားနိုင်ရုံသာမကပဲ website တွေကိုလူမသိသူမသိတည်ဆောက်နိုင်ရုံသာမကလူတစ်ဦးတစ်ယောက်ချင်းဆီကလည်းသူလည်းကိုယ့်ကိုမသိကိုယ်လည်းသူ့ကိုမသိပဲဆက်သွယ်နိုင်ပါတယ်။ Tor browser ကို Torproject.org ကနေ Free download ဆွဲပြီး Tor network ထဲကိုဝင်သုံးနိုင်ပါတယ်။ Tor browser နဲ့ ဆိုရင်သာမန် Google မှာရှာလို့မရတဲ့ website တွေနဲ့အချက်အလက်တွေကိုပါရှာနိုင်ပါတယ်။ Tor network ထဲမှာဆိုသင့်ကိုရှာပြီးသင့်ရဲ့ Online ပေါ်ကခြေလှမ်းတွေကိုထောက်လှမ်းဖို့သာမန်လူတစ်ယောက်အနေနဲ့တော်တော်ခက်ပါတယ်။

Proxy server

Proxy server ကတော့ကိုယ့် internet သုံးနေတဲ့စက်နဲ့ internet ကြားထဲမှာအလုပ်လုပ်ပေးတဲ့ကွန်ပြူတာပါပဲ။ ကိုယ့်ရဲ့ IP address ကို Mask အုပ်ပေးလိုက်တာပါပဲ။တစ်ကယ်လို့ Proxy server ကနိုင်ငံခြားမှာရှိနေမယ်ဆိုရင်ကိုယ့်ကို track လုပ်နေတဲ့ website တွေလူတွေကိုအရူးလုပ်လို့ရပါတယ်။

Cookies တွေပုံမှန်ဖျက်ပါ။

Cookies တွေဟာ Brower တွေကနေကိုယ့်ရဲ့စက်ထဲကို Auto download ဆွဲတဲ့ Code files တွေပါ။ Cookies တွေဟာကိုယ်သွားလည်ဖူးခဲ့တဲ့ Website တွေကိုမြန်မြန်မှတ်မိ‌အောင်လုပ်ပေးတာဖြစ်ပါတယ်။ Online shopping website တွေမှာဆိုရင်ကိုယ်ကဘာကိုဝယ်ခဲ့လဲဘာအရောင်တွေကိုရွေးခဲ့လဲစတဲ့ Information အချက်အလက်တွေကို Cookies တွေထဲမှာသိမ်းထားတာပါ။ဒါပေမဲ့တစ်ချို့ Cookies တွေဟာဒီ website မှာကိုယ် Click ဘယ်နှစ်ချက်နှိပ်လိုက်သလဲဆိုတာကအစသိမ်းထာပြီးတစ်ခြား website တွေနဲ့ပြန် share ဒါမှမဟုတ် ပြန်ရောင်းတာမျိုးတွေပါရှိပါတယ်။ဒါဟာတစ်နည်းအားဖြင့် ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုရောင်းစားတာပါ။ Cookies တွေကိုဖျက်ပစ်လိုက်ခြင်းအားဖြင့်ကိုယ့်ရဲ့ information တွေကိုတစ်နည်းတစ်ဖုံကာကွယ်နိုင်ပါတယ်။Online ပေါ်မှာလူမသိသူမသိနေထိုင်ရာမှာတော့အများကြီးအထောက်အကူမပြုပေမဲ့ website တွေအနေနဲ့ကိုယ့်ရဲ့ online ပေါ်ကလုပ်လေ့လုပ်ထရှိတဲ့ပုံစံတွေကိုလေ့လာဖို့အများကြီးခက်သွားပါပြီ။

Social media မသုံးပါနဲ့

Facebook လို twitter လို social media တွေဟာ user တွေဆီကနေအချက်အလက်စုဆောင်းတဲ့နေရာမှနာမည်အရမ်းကြီးပါတယ်။ကိုယ်နဲ့ဘယ်သူကဘယ်လိုတွေကိုယ့်ရဲ့အလေ့အထတွေကိုပါ social media တွေကစုဆောင်းထားပါတယ်။ ဒါကိုတော့ Data Harvest လုပ်တယ် လို့ခေါပါတယ်။အခုနာမည်ကြီးနေတဲ့ Social dilemma ဆိုတဲ့ Documentary ဇာတ်လမ်းကိုကြည့်ရင် social media တွေကကိုယ့်ရဲ့ data တွေကိုဘယ်လိုစုဆောင်းနေလဲဆိုတာမြင်တွေ့ရမှာပါ။ social media မသုံးခြင်းအားဖြင့် Online ပေါ်မှာ Data တွေပေါက်ကြားမှုကိုကာကွယ်နိုင်ပြီးလျှို့ဝှက်စွာနေထိုင်နိုင်ပါတယ်။

Author : Hein Htet

Ref :theguardian 

Previous
Previous

သင့်ကလေးကိုစမတ်ဖုန်းပေးမသုံးခင်သိထားသင့်တဲ့အချက်များ