The iPhone is dead or completed?

Tech Reviewer တွေတော်တော်များများနဲ့ Tech Enthusiast တွေခန့်မှန််ထားတာကတော့ iPhone လည်းတစ်ဖြည်းဖြည်းနဲ့နေဝင်နေပြီဆိုတာပါ။ တစ်ခါတုန်းက innovation မှာခေတ်ရှေ့ပြေးခဲ့ပါတယ်ဆိုတဲ့ iPhone ရဲ့ Tech Peak တွေကိုလည်း ခဏခဏမြင်လာရတာ၊ တစ်နှစ်ထက် တစ်နှစ်ဈေးကြီးလာပေမယ့် သူ့ထက်ဈေးချို (သို့) ဈေးတန်းညီတဲ့ဖုန်းတွေမှာ ပိုကောင်းတဲ့ Feature တွေကိုရနိုင်လာတာဟာ iOS Fan တွေကို မေးခွန်းထုတ်စရာတွေဖြစ်လာပါတယ်။

ခုနှစ်ပိုင်းမှာ Apple Investment တွေတဖြည်းဖြည်းဈေးတက်လာတာဟာ investor တွေအကြိုက်ဖြစ်ပေမယ့် Analyst တွေကတော့ မကြာခင်မှာ iPhone ဈေးကွက်တွေဈေးကျလာတော့မယ်လို့ ခန့်မှန်ထားကြပါတယ်။ နောက်ထပ် Analysis တစ်ခုကတော့ iPhone ဟာ die လုပ်သွားတာထက် နောက်ထပ် ထပ်ဖြည့်စရာမရှိတော့တဲ့ Complete ဖြစ်သွားတဲ့ Product လို့လည်း သုံးသပ်ထားပါတယ်။

Apple ဟာ smartphone ကိုထွင်ခဲ့တာမဟုတ်ပဲ လူတွေကို TouchScreen ဖုန်းတွေသုံးတတ်လာအောင်၊ Device တစ်ခုတည်းနဲ့ အကုန်လုပ်လို့ရတယ်ဆိုတာမျိုးကို သင်ပေးခဲ့တဲ့ ပစ္စည်းပါ။ iPhone ဟာ Apple အတွက် Fast&Furious ထဲက Family is everything လို့ပြောပြီး ငွေရှာပေးနေတဲ့ Vin Diesel ကြီးပါပဲ။ ဒါပေမယ့် လောလောဆယ်မှာတော့ လူတွေ iPhone ကိုဆက်သုံးနေတဲ့ အကြောင်းအရာတစ်ခုက Ecosystem ကြောင့်ဆိုတာကိုလည်း လက်ခံထားရပါတော့မယ်။

Apple အနေနဲ့ အနာဂါတ်မှာပိုက်ဆံ ဘယ်လိုရှာဖို့ကြိုးစားမလဲဆိုတာကိုလည်း စောင့်ကြည့်ရပါမယ်။

Ref : The Verge

#Akhayartech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Apple Watch ကိုမချွတ်တမ်း ညအိပ်ချိန်မှာပါ ဝတ်သူတွေရှိလား??

Next
Next

LGBTQ+ တွေအတွက်် Dating လုပ်လို့အကောင်းဆုံး App တွေ