LGBTQ+ တွေအတွက်် Dating လုပ်လို့အကောင်းဆုံး App တွေ

Dating လို့ပြောလိုက်ရင် LGBTQ+ တွေအတွက်သပ်သပ် ရှာပေးထားတဲ့ Post ရှားတာမို့ ဒီ Post မှာ LGBTQ+ တွေအတွက် Dating App ကောင်းကောင်းလေးတွေ စုပေးထားပါတယ်။ App အများစုက Free to use ဖြစ်ပြီး Subscription ဝယ်သုံးရတာတွေတော့ရှိမှာပါ။

1. HER

HER ကတော့ queer women, trans, nonbinary နဲ့ gender non-conforming people တွေအတွက် Dating Platform ဖြစ်ပါတယ်။ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေအများကြီး ဖြည့်စရာမလိုတဲ့အပြင် Community Chat လိုမျိုးပါတဲ့အတွက် Date ရင်း သူငယ်ချင်းအသစ်တွေဖြစ်သွားတတ်တဲ့ သူတွေအတွက် ကွက်တိပဲနော် xD

2.SCRUFF

SCRUFF ကတော့ gay, bi, trans နဲ့ queer men တွေကို အဓိကထားတဲ့ dating app ဖြစ်ပါတယ်။ အသုံးပြုသူ ၁၅ သန်းလောက်ရှိတယ်ဆိုပေမယ့် Fake Profile တွေရှိတဲ့အကြောင်း သတိထားဖို့တော့ User Review တွေအရ သိရပါတယ်။ Travel Plan ဆိုတဲ့ Feature လည်းပါလို့ ခရီးသွားရင်းလည်း ခရီးတူရည်းစားလေးလည်း ရှာနိုင်ဦးမှာပါ။

3. Tser

Tser ကို တည်ထောင်ထားသူကိုယ်တိုင်က Trans တစ်ယောက်ဖြစ်ပါတယ်။ trans women တွေနဲ့ men တွေကို အဓိကရည်ရွယ်ထားတဲ့ ဒီ App မှာ User နည်းနေသေးပေမယ့် တစ်ကယ့် Profile အစစ်တွေပဲများတာမို့ လုံခြုံစိတ်ချမှုကို ခံစားရစေမယ်လို့ Tser ကပြောထားပါတယ်။

4. Hornet

ဒီတစ်ခုကတော့ Dating App လည်းဖြစ်သလို Social Media အဖြစ်လည်းသုံးလို့ရပါတယ်။ LGBTQ+ အကုန်ရှိသလို တစ်ယောက်နဲ့ တစ်ယောက် Like, Share, Comment ပေးတာမျိုးတွေလုပ်ပြီး Group တွေလည်းစုထားလို့ရထားပါသေးတယ်။

5. Grindr

Last but Not Least ဆိုတဲ့အတိုင်း ဆရာကြီး Grindr ကိုလည်းမေ့ထားလို့မရပါဘူး။ ဒီတစ်ခုကတော့ လူလည်းစုံတယ်၊ ပွဲလည်းစည်တယ်ဆိုတဲ့အတိုင်းပါပဲ။ LGBTQ+ Community ကြားမှာ လူသုံးများပြီး Tinder alternative hotter version ဖြစ်တယ်လို့ Community ကြားမှာ နာမည်ပြောင်ရှိပါတယ်။

ဒီလောက်ဆိုရင်တော့ App တွေစမ်းသုံးကြည့်လို့ရပါတယ်။ Akhayar ပရိသတ်တွေထဲမှာလည်း သုံးနေတဲ့ Dating App တွေရှိရင် မျှဝေခဲ့ပါဦးနော်

#Akhayartech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

The iPhone is dead or completed?

Next
Next

Online ပေါ်က Link တွေ Scam Link ဟုတ်မဟုတ် ဘယ်လိုစစ်ဆေးမလဲ?