Apple Watch ကိုမချွတ်တမ်း ညအိပ်ချိန်မှာပါ ဝတ်သူတွေရှိလား??

Forum တစ်ခုမှာ စိတ်ဝင်စားစရာကောင်းတဲ့ Post တစ်ခုတွေ့မိပါတယ်။

ပို့စ်တင်တဲ့သူက Apple Watch Series 5 44m ကနေ Watch Ultra ကိုပြောင်းခဲ့ပါတယ်။ သူအနေနဲ့ နေ့ခင်းတွေမှာတော့ Ultra ကအဆင်ပြေပေမယ့် Apple Watch တွေရဲ့ ထုံးစံအတိုင်း ညတိုင်းအားသွင်းရတယ်လို့ ပြောထားပါတယ်။

အဲ့နောက် Sleep Tracking Feature ကိုသုံးကြည့်ချင်လာလို့ နေ့ခင်းဖက် မသုံးဖြစ်ချိန်တွေမှာ အားသွင်းပြီး ညဖက်တွေမှာ စမ်းဝတ်အိပ်ကြည့်တဲ့အခါ ပထမညမှာ မနက်၂ နာရီထိုးထိ အိပ်မပျော်ခဲ့လို့ နောက်ဆုံး နာရီချွတ်အိပ်လိုက်ပါတယ်။ သူသုံးတဲ့ Band ကလည်း Classic sports band မို့ Comfort မဖြစ်လို့ အိပ်မပျော်တာမဟုတ်ပဲ လက်မှာပတ်ထားတဲ့ Apple Watch Ultra ကအတော်လေးနေလို့ ခံစားရလို့ဖြစ်တာပါ လို့လည်း ပြောထားပါတယ်။

နောက်တစ်ခုက ကိုယ်တိုင်အမြင်တစ်ခုကို ထည့်ပြောရရင် အိပ်ရေးကြမ်းသူတွေဆိုရင် မျက်နှာပေါ်လက်ကိုတင်တဲ့အကျင့်ရှိရင် Watch Ultra နဲ့ မျက်နှာကိုခေါက်မိရင် အတော်အီမှာပါ။ x'(

သူပိုစ့်အောက်မှာတော့ အစပိုင်းမို့ဖြစ်တာပါ။ ဝတ်ပါများလို့ အကျင့်ဖြစ်သွားရင် အေးဆေးပဲဆိုသူတွေလည်း ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ညဖက်မှာ Watch နဲ့အိပ်တာကို အားမပေးတဲ့သူဆိုတော့ စဥ်းစားစရာတော့ကောင်းပါတယ်။

အခရာပရိသတ်ထဲမှာရော ညဖက် Smart Watch တွေဝတ်ပြီး အိပ်သူတွေရှိလား?

ဘယ်လို Watch တွေဝတ်ဖြစ်ကြလဲ???

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Productivity အတွက် ဆောင်ထားသင့်တဲ့ Chrome Extension များ

Next
Next

The iPhone is dead or completed?