Sustainable Energy နဲ့ EVs

Sustainable Energy ဆိုတာကို သင့်လျော်အောင်ဘာသာပြန်ရရင် ပတ်ဝန်းကျင်အကျိုးပြု စွမ်းအင်လို့ ဆိုနိုင်ပါတယ်။ Sustainable ဆိုတဲ့စကားလုံးကို အိမ်နီးချင်းထိုင်းမှာဆိုရင် အတော်လေး အကြိုက်သုံးပါတယ်။ Sustainable Economy, Sustainable Agriculture စသည်ဖြင့်ပါ။

ခုနောက်ပိုင်း သဘာဝပတ်ဝန်းကျင်ကို အသားပေးလာတဲ့ ထုတ်ကုန်တွေမှာ ကမ္ဘာ့ပူနွေးမှုကိုအဓိကဖြစ်စေတဲ့ ကားတွေရဲ့ Carbon Emission ကိုလျော့ချရေးဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် အော်လာကြတဲ့အခါ EVs တွေနဲ့ Sustainable Energy ဆိုတာကို သိထားရပါတော့မယ်။ သိသာတဲ့ Sustainable Movement တွေကို ပြပါဆိုရင် ပိုကောင်းတဲ့၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းစေဖို့ Hybrid Car တွေထုတ်လာတာ၊ Apple မှာ Plastic လျော့သုံးတာ( မဆီမဆိုင် Charge မပေးတော့တာတော့ မပြောတော့ပါဘူး :3)

Sustainable Energy ဆိုတာက စွမ်းအင်ကိုထုတ်လုပ်ရာမှာ ပတ်ဝန်းကျင်ကိုထိခိုက်မှုအနည်းဆုံးဖြစ်စေတဲ့အပြင် GreenHouse Gas ထုတ်လွှတ်မှုကို လျော့ချနိုင်တဲ့ စွမ်းအင်ပဲဖြစ်ပါတယ်။ နေရောင်ခြည်သုံးစွမ်းအင်၊ လေစွမ်းအင်၊ ရေကရယူတဲ့စွမ်းအင်တွေနဲ့ Geothermal လို့ခေါ်တဲ့ ကမ္ဘာ့အပူစွမ်းအင်ကနေ ရလာတဲ့စွမ်းအားတွေဟာ Sustainable Energy တွေပဲဖြစ်ပါတယ်။

အဲ့လို Sustainable Energy အကြောင်းပြောလာတဲ့အခါ လောလောဆယ်သိသိသာသာနဲ့ မြင်နေရတာတွေက EVs ကားတွေပဲဖြစ်ပါတယ်။ ယာဥ်တွေဟာနှစ်စဥ် Carbon Dioxide ထုတ်လွှတ်မှုဟာ အဓိကတရားခံတွေဖြစ်တဲ့အပြင် ယာဥ်ဆိုတာလူသားတွေ ရှိနေသရွှေ့ သုံးရမယ့် ပစ္စည်းတွေဖြစ်လို့ Sustainable Energy သုံးမယ့် ယာဥ်တွေကို ကမ္ဘာ့ကားထုတ်လုပ်ရေးလုပ်ငန်းကြီးတွေက အပြိုင်အဆိုင်ထုတ်လုပ်လာကြပါတယ်။

လျှပ်စစ်ရထားတွေက ရှိနေပြီဖြစ်ပေမယ့် အနာဂတ်မှာကားတွေအပြင် လေယာဥ်တွေ၊ ဆိုင်ကယ်တွေ၊ ရှိသမျှယာဥ်တွေ ကုန်ကုန်ပြောရရင် စစ်လက်နက်တွေပါ လျှပ်စစ်စွမ်းအင်သုံးလာနိုင်ပါတယ်။ ခုတော့ နိုင်ငံကြီးတွေအတော်များများကတော့ Sustainable Energy ကိုအလေးထားပြီး Research တွေ၊ Development တွေပြလုပ်နေကြပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း Sustainable Energy ကိုအလေးထားပြီး Solar တွေတပ်နေကြတာမျက်မြင်ပါပဲ။

#Akhayartech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Online ပေါ်က Link တွေ Scam Link ဟုတ်မဟုတ် ဘယ်လိုစစ်ဆေးမလဲ?

Next
Next

EV တွေရဲ့ Battery အနာဂတ်